တစ်နေ့တာလုံး လန်းဆန်းတက်ကြွပြီး ကိစ္စအဝဝကို အင်အားအပြည့်နဲ့ လုပ်ဆောင်နိုင်ဖို့ရန်အတွက် အိပ်ရေးဝဝ အိပ်စက်အနားယူဖို့ လိုအပ်ပါတယ်။ အိပ်ရေးမဝပါက ဦးနှောက်စွမ်းဆောင်ရည် လျော့ကျပြီး တစ်နေကုန်လုံး ပင်ပန်းနုန်းချိနေပါလိမ့်မယ်။
စာဖတ်သူအနေနဲ့ ညဘက်မှာ တော်တော်အိပ်မပျော်ဘဲ အိပ်စက်ဖို့ခက်ခဲနေပါသလား။ ဒါဆိုရင်တော့ ညဘက်မှာ နှစ်ခြိုက်စွာ အိပ်မောကျနိုင်ဖို့အတွက် ကူညီပေးမယ့် လေ့ကျင့်ခန်းတချို့ရှိပါတယ်။ ဒီယောဂလေ့ကျင့်ခန်းများက အကြောအချဉ်ပြေစေပြီး အာရုံကြောစနစ်ကိုလည်း ပြေလျော့စေတာကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေမှာပါ။
လေ့ကျင့်ခန်း (၁)
ယောဂဖျာပေါ်တွင် လေးဘက်ထောက်ထားပြီး မျက်နှာကို ငုံ့ထားပါ။ စက္ကန့် ၃၀ ကြာတဲ့အခါ မျက်နှာကို အပေါ်သို့ မော့လိုက်ပါ။ ထိုအနေအထားအတိုင်း စက္ကန့် ၃၀ ခန့် တောင့်ထားပါ။
လေ့ကျင့်ခန်း (၂)

ပုံပါပို့စ်အတိုင်း စက္ကန့် ၃၀၊ ၁ မိနစ်ခန့် တောင့်ထားပါ။ အသက်ကိုလည်း ရှူသွင်း ရှူထုတ် မှန်မှန်ပြုလုပ်ပါ။
လေ့ကျင့်ခန်း (၃)

ဒီလေ့ကျင့်ခန်းကတော့ စောစောက ပို့စ်ကိုမှ လက်နှစ်ဖက်ကို ခန္ဓာကိုယ်ရဲ့ဘယ်ဘက်သို့ စောင်းလိုက်ရမှာဖြစ်ပါတယ်။ စက္ကန့် ၃၀ ပြည့်တဲ့အခါ ခန္ဓာကိုယ်အပေါ်ပိုင်းကို အခြားတစ်ဖက်သို့ စောင်းပေးလိုက်ပါ။
လေ့ကျင့်ခန်း (၄)

အရင်ဦးဆုံး ဒူးထောက်ထားပါ။ ထို့နောက် ခါးကို စောင်းထားလိုက်ပါ။ လက်ဖဝါးနှစ်ဖက်ကို ကြမ်းပြင်ဖြင့် ထိကပ်ထားပါ။ ထိုအနေအထားအတိုင်း စက္ကန့် ၃၀ ခန့် တောင့်ထားပါ။
လေ့ကျင့်ခန်း (၅)

ဒီပို့စ်ကတော့ စောစောက လေ့ကျင့်ခန်းကိုမှ ခန္ဓာကိုယ်အပေါ်ပိုင်းကို တစ်ဖက်ခြမ်းသို့ စောင်းလိုက်ရမှာဖြစ်ပါတယ်။ စက္ကန့် ၃၀ ပြည့်တဲ့နောက်မှာ ခန္ဓာကိုယ်ကို အခြားတစ်ဘက်သို့လှည့်ကာ နောက်ထပ် စက္ကန့် ၃၀ ထပ်လုပ်ရပါမယ်။
လေ့ကျင့်ခန်း (၆)

ခန္ဓာကိုယ်အပေါ်ပိုင်းကို ခေါင်းအုံး (သို့) ဖက်လုံးပေါ် တင်ထားပါ။ ဒူးနှစ်ဖက်ကို ပုံပါအတိုင်း ကွေးညွှတ်ထားပါ။ လက်နှစ်ဖက်ကိုလည်း ခန္ဓာကိုယ်ဘေးဘက်တွင် ချထားပါ။ စက္ကန့် ၃၀ ပြည့်ပါက ခန္ဓာကိုယ်ကို အခြားတစ်ဖက်သို့ လှည့်ပါ။
လေ့ကျင့်ခန်း (၇)

ခေါင်းအောက်တွင် စောင်တစ်ထည် ခုထားပါ။ ဒူးခေါင်းအောက်တွင် ဖက်လုံး ခံထားပါ။ ခြေထောက်အောက်တွင် စောင်တစ်ထည် ထပ်ခံထားပါ။ မျက်လုံးကိုလည်း ဖုံးအုပ်ထားပါ။ လက်ဖဝါးနှစ်ဖက်ကို လှန်ထားပါ။ ခန္ဓာကိုယ်ကို တတ်နိုင်သမျှ သက်သောင့်သက်သာဖြစ်အောင်နေပါ။ အသက်ကိုလည်း ဖြည်းဖြည်းမှန်မှန်ဖြင့် ရှူသွင်းရှူထုတ်ပြုလုပ်ပါ။ တစ်မိနစ်ခန့် ပြုလုပ်ပေးရပါမယ်။
ဒီလေ့ကျင့်ခန်းများကို ညအိပ်ရာဝင်ခါနီးတွင် ပြုလုပ်ပေးပါက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပါလိမ့်မယ်။
Source: Yogajournal.com

