အရသာရှိတဲ့ အစားအသောက်များကို စိတ်ကြိုက်စားသောက်ပြီးခါမှ ဗိုက်ပူလာလို့ စိတ်ညစ်နေရတဲ့ ယောကျာ်းများအတွက် နေ့စဉ်မှန်မှန်ပြုလုပ်နိုင်တဲ့ လေ့ကျင့်ခန်းအချို့ကို ဝေမျှပေးချင်ပါတယ်။ ဒီလေ့ကျင့်ခန်း (၈) မျိုးကို နေ့စဉ်မှန်မှန် ပြုလုပ်ပေးပါက ဝမ်းဗိုက်ရှိအဆီပိုများ ယူပစ်သလို ပျောက်ကွယ်သွားမှာပါ။

သင့်အနေနဲ့ လက်တွေ့စမ်းသပ်ချင်တယ်ဆိုရင် မိမိအိမ်မှာ လက်တည့်စမ်းပြီး ပြုလုပ်လို့ရအောင် ထိုလေ့ကျင့်ခန်းများကို ဝေမျှပေးချင်ပါတယ်။

လေ့ကျင့်ခန်း (၁)

exercises for men who want to lose belly fat

အရင်ဦးဆုံး လက်နှစ်ဖက်ကို ပုံ (၁) အတိုင်း အသင့်အနေအထားပြင်ပါ။ ထို့နောက် ပုံ (၂) အတိုင်း လက်နှစ်ဖက်နှင့် ခြေထောက်နှစ်ဖက်ကို ကားလိုက်ပါ။ မူလအနေအထားအတိုင်း ပြန်နေပါ။

၁၅ ကြိမ် ၃ ခါ (သို့) ၄ ခါ ခန့် ပြုလုပ်နိုင်ပါတယ်။

လေ့ကျင့်ခန်း (၂)

exercises for men who want to lose belly fat

ပထမပုံအတိုင်း ဒူးအနည်းငယ်ကွေးပြီး အသင့်အနေအထားပြင်ပါ။ ထို့နောက် လက်နောက်ပစ်ကာ အပေါ်သို့ ခုန်လိုက်ပါ။ မူလအနေအထားအတိုင်း ပြန်နေပါ။

လေ့ကျင့်ခန်း (၃)

exercises for men who want to lose belly fat

အလေးတုံးရှိပါက အလေးတုံး အသုံးပြုနိုင်ပြီး မရှိပါက ရေဘူးဖြင့် အစားထိုးပြုလုပ်နိုင်ပါတယ်။ ပထမပုံအတိုင်း အသင့်ပြင်ပါ။ ထို့နောက် ဒုတိယပုံအတိုင်း လက်ကို အပေါ်မြှောက်ကာ ဒူးတစ်ဖက်ကို ၉၀ ဒီဂရီကွေးလိုက်ပါ။

ဘယ် ညာ တစ်လှည့်စီပြုလုပ်ရပါမယ်။

လေ့ကျင့်ခန်း (၄)

exercises for men who want to lose belly fat

ပုံ (၁) အတိုင်း အသင့်ပြင်ပါ။ ထို့နောက် ပုံ (၂) အတိုင်း အပေါ်သို့ ခုန်တက်လိုက်ပါ။

လေ့ကျင့်ခန်း (၅)

exercises for men who want to lose belly fat

ဒီလေ့ကျင့်ခန်းကတော့ Medicine Ball အသုံးပြုကာ ပြုလုပ်ရမှာပဲဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၆)

exercises for men who want to lose belly fat

အလေးတုံး ရှိပါက အလေးတုံး အသုံးပြုကာ ပြုလုပ်ပါ။ အလေးတုံးမရှိပါကလည်း အလွတ် Squat ထိုင်ပေးနိုင်ပါတယ်။

လေ့ကျင့်ခန်း (၇)

exercises for men who want to lose belly fat

တောင်တက်သလိုပဲ ဒူးခေါင်းကို ရင်ဘတ်ဆီသို့ ဆွဲတင်ပေးလိုက်ရုံပါပဲ။

လေ့ကျင့်ခန်း (၈)

exercises for men who want to lose belly fat

အရင်ဦးဆုံး မတ်တပ်ရပ်ပါ။ ထို့နောက် လက်နှစ်ဖက်ကို ထောက်ထားပြီး ကြမ်းပြင်ပေါ်တွင် မှောက်လိုက်ပါ။ ထို့နောက် ဒူးခေါင်းကို ပြန်ကွေးပြီး အပေါ်သို့ ခုန်လိုက်ပါ။

အထက်ဖော်ပြပါ လေ့ကျင့်ခန်းအားလုံးကို ၁၅ ကြိမ် ၄ ခါ (သို့) ၃ ခါ ပြုလုပ်နိုင်ပါတယ်။

Source: Menshealth.com