အားကစားလိုက်စားတဲ့ ယောကျာ်းများအတွက် အားကစားမပြုလုပ်ခင်မှာ အရေးကြီးဆုံး ပြုလုပ်ရမယ့်အရာကတော့ သွေးပူလေ့ကျင့်ခန်းပဲဖြစ်ပါတယ်။ ဘောလုံးကစားခြင်း၊ ဘော်လီဘောကစားခြင်း၊ Workout ပြုလုပ်ခြင်းစတဲ့ ဘယ်လိုအားကစားမျိုးမဆို လေ့ကျင့်ခန်း မစခင်မှာ သွေးပူလေ့ကျင့်ခန်းဖြင့် အစပြုသင့်ပါတယ်။

အခုမှ လေ့ကျင့်ခန်းစလုပ်မှာဖြစ်ပြီး ဘယ်လိုသွေးပူလေ့ကျင့်ခန်းမျိုး ပြုလုပ်ရမလဲမသိတဲ့ ယောကျာ်းများအတွက် သွေးပူလေ့ကျင့်ခန်း (၈) မျိုးကို ဝေမျှပေးလိုက်ရပါတယ်။

လေ့ကျင့်ခန်း (၁)

flexibility exercise for men

ဒီသွေးပူလေ့ကျင့်ခန်းကတော့ လည်ပင်းနှင့် ပုခုံးအကြောများကို ပြေလျော့စေပါတယ်။ နာရီလက်တံအတိုင်း ၅ ကြိမ်လှည့်ပါ။ ထို့နောက် နာရီလက်တံပြောင်းပြန်အတိုင်း ၅ ကြိမ် လှည့်ပါ။ စုစုပေါင်း ၃ ခါ ပြုလုပ်ရပါမယ်။ မျက်လုံးမှိတ်ထားပြီး ပြုလုပ်ပါ။

လေ့ကျင့်ခန်း (၂)

flexibility exercise for men

ဒီလေ့ကျင့်ခန်းကတော့ ပုခုံးနှင့် လက်မောင်းရှိ အကြောအချဉ်များကို ပြေလျော့စေပါတယ်။ နာရီလက်တံအတိုင်း ၅ ကြိမ်လှည့်ပါ။ ထို့နောက် နာရီလက်တံပြောင်းပြန်အတိုင်း ၅ ကြိမ် လှည့်ပါ။ စုစုပေါင်း ၃ ခါ ပြုလုပ်ရပါမယ်။

လေ့ကျင့်ခန်း (၃)

flexibility exercise for men

ဒီလေ့ကျင့်ခန်းကတော့ ရင်အုပ်ကြွက်သားများကို ပြေလျော့စေပါတယ်။ ထိုကိရိယာများမရှိပါက တံခါးဘောင်ကို အသုံးပြုနိုင်ပါတယ်။ တစ်ခါအကြောဆန့်ပါက စက္ကန့် ၂၀ ကြာ ဆန့်ရပါမယ်။ ဘယ် ညာ တစ်လှည့်စီပြုလုပ်ပါ။ တစ်ဖက်ကို ၂ ခါစီပြုလုပ်ရပါမယ်။

လေ့ကျင့်ခန်း (၄)

flexibility exercise for men

ဒီလေ့ကျင့်ခန်းကတော့ ခါးဘေးဘက်ကြွက်သားနှင့် နောက်ကျောကြွက်သားများကို ပြေလျော့စေပါတယ်။ တစ်ဖက်လျှင် ၅ ကြိမ်မှ ၈ ကြိမ်အထိ ပြုလုပ်နိုင်ပါတယ်။

လေ့ကျင့်ခန်း (၅)

flexibility exercise for men

ဒီလေ့ကျင့်ခန်းကိုတော့ ၅ ကြိမ် ပြုလုပ်ရပါမယ်။

လေ့ကျင့်ခန်း (၆)

flexibility exercise for men

ဘယ် ညာ တစ်လှည့်စီ ပြုလုပ်ပေးပါ။ ခန္ဓာကိုယ် တစ်ဖက်စီကို ၅ ကြိမ် ပြုလုပ်ရပါမယ်။

လေ့ကျင့်ခန်း (၇)

flexibility exercise for men

ဒီလေ့ကျင့်ခန်းကိုတော့ ၆ ကြိမ် ပြုလုပ်ရပါမယ်။

လေ့ကျင့်ခန်း (၈)

flexibility exercise for men

ခြေထောက်တစ်ဖက်စီအတွက် နာရီလက်တံအတိုင်း ၃ ခါ (သို့) ၄ ခါ လှည့်ပေးရပါမယ်။ ထိုကဲ့သို့ လှည့်နေစဉ်မှာ ခြေချောင်းများကို ကြမ်းပြင်နှင့် ထိကပ်ပေးဖို့လိုပါတယ်။

အခုဖော်ပြသွေားတဲ့ သွေးပူလေ့ကျင့်ခန်း (၈) မျိုးကို လေ့ကျင့်ခန်းမစခင်မှာ ၁၀ မိနစ်ခန့် ပြုလုပ်ပေးဖို့လိုအပ်ပါတယ်။

Source: Foodspring.co.uk

Featured Image Source: Mensjournal.com