Hip Hop ဂီတကို ချစ်မြတ်နိုးတဲ့ ကွီးပရိသတ်တွေအတွက် ဒီတစ်ခေါက်မှာတော့ ၉၀ ခုနှစ်တွေမှာ ရေပန်းစား လူကြိုက်များခဲ့တဲ့ ရက်ပ်ပါ ကြီးတွေအကြောင်း တင်ဆက်ပေးချင်ပါတယ်။

(၁) The Notorious B.I.G.

Source : The Notorious B.I.G.

90s ရက်ပ်ပါ တွေထဲက အထင်ရှားဆုံး တစ်ယောက်ကတော့ Biggie လို့လူသိများတဲ့ အမေရိကန်ရက်ပ်ပါ The Notorious B.I.G. ပဲ ဖြစ်ပါတယ်။ Biggie က Hip Hop ဂီတသမိုင်းတစ်ယောက်မှာ အထူးခြားဆုံးနဲ့ အတော်ဆုံး ရက်ပ်ပါတစ်ယောက်ပါ။ Biggie ဟာ Rolling Stone နဲ့ Billboard တို့ကပါ အကောင်းဆုံး ရက်ပ်ပါလို့ တင်စားခေါ်ဝေါ်ခံခဲ့ရတဲ့အထိ အောင်မြင်မှုများစွာ ရရှိခဲ့ပါတယ်။ Juicy(1994) ၊ Hypnotize (1997) ၊ Notorious Thugs” ft. Bone Thugs-n-Harmony (1997) ၊ Mo Money Mo Problems စတဲ့ သီချင်းတွေကတော့ The Notorious B.I.G. ရဲ့ အကျော်ကြားဆုံး သီချင်းတွေပဲ ဖြစ်ပါတယ်။

(၂) 2Pac

Source : Seven Hip-Hop

2Pac ကတော့ 90s ရဲ့ ဩဇာလွှမ်းမိုးမှုအရှိဆုံး ရက်ပ်ပါလို့ တစ်ကမ္ဘာလုံးက လူသိများပါတယ်။ 2Pac ဟာ ထူးခြားတဲ့ ဂီတပုံစံနဲ့အတူ Hip Hop လောကကို တစ်ခေတ်ဆန်းစေခဲ့သူလည်း ဖြစ်ပါတယ်။ Hail Mary ၊ Ambitionz Az A Ridah ၊ Life goes on ၊ Changes ၊ California love ၊ I Ain’t Mad At Cha စတဲ့ သီချင်းတွေနဲ့ ပရိသတ်အားပေးမှု အခိုင်အမာရရှိခဲ့ပြီး ၉၀ ခုနှစ်ရဲ့ အကောင်းဆုံး ရက်ပ်ပါ စာရင်းမှာ ပါဝင်နေသူပဲ ဖြစ်ပါတယ်။

(၃) Nas

Source : Nas

၉၀ ခုနှစ်တွေက အရည်အချင်းအရှိဆုံး ရက်ပ်ပါကို ပြောပါဆိုရင် Nas က ထိပ်ဆုံးက ပါပါတယ်။ ထူးခြားတဲ့ ဂီတပုံစံတွေ ၊ လမ်းမကို ကိုယ်စားပြုတဲ့ သီချင်းတွေနဲ့ အမိုက်စား သံစဉ်စာသားတွေနဲ့ ပရိသတ်တွေရဲ့ နှလုံးသားကို သိမ်းပိုက်နိုင်ခဲ့သူ ဖြစ်ပါတယ်။ Illmatic ၊ I can ၊
If I ruled the world ၊ Nas is like ၊ N.Y.State of mind စတဲ့ သီချင်းတွေကတော့ Nas ရဲ့ အကျော်ကြားဆုံးနဲ့ အကောင်းဆုံး သီချင်းတွေဖြစ်ပြီး MC မျိုးဆက်တစ်ခုလုံးကို လွှမ်းမိုးမှုရှိခဲ့တဲ့ ၉၀ ခုနှစ် ရဲ့အကောင်းဆုံး ရက်ပ်ပါတွေထဲက တစ်ဦးဖြစ်ပါတယ်။

(၄) Scarface

Source : UPROXX Video

90s သာမက ထာဝရအကောင်းဆုံး ရက်ပ်ပါ စာရင်းမှာ ပါဝင်နေသူကတော့ အမေရိကန်ရက်ပ်ပါ Scarface ပဲ ဖြစ်ပါတယ်။ နာမည်အရင်းကတော့ Bradley Terrance Jordan ပါ။ Geto Boys အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးအဖြစ် လူသိများပြီး “Mr. Scarface is Back” ဆိုတဲ့တစ်ကိုယ် တော် အယ်လ်ဘမ်နဲ့ စံချိန်တင်အောင်မြင်မှုများစွာ ရခဲ့သူဖြစ်ပါတယ်။ The Diary ၊ The Last of a Dying Breed စတဲ့ အယ်လ်ဘမ်တွေနဲ့လည်း အောင်မြင်မှုများစွာ ရခဲ့ပါတယ်။ Smile ၊ No Tears ၊ Guess who’s Back ၊ On my Block ၊ F*** Faces နဲ့ I Seen a Man Die သီချင်းတွေကတော့ Scarface အောင်မြင်ဆုံး သီချင်းကောင်းတွေပဲ ဖြစ်ပါတယ်။

(၅) Jay-Z

Source : JAY-Z

90s ရက်ပ်ပါတွေ အကြောင်းပြောမယ်ဆိုရင် Jay-Z က မပါမဖြစ်ပါပဲ။ Jay-Z ဟာ Hip Hop အဆိုတော် တေးရေးဆရာ တစ်ဦးဖြစ်ရုံမက Record Executive နဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင် တစ်ဦးလည်း ဖြစ်ပါတယ်။ မီဒီယာလုပ်ငန်းတွေနဲ့ Def Jam Recordings ရဲ့ CEO တစ်ယောက်အဖြစ်လည်း လုပ်ကိုင်ပါတယ်။ Hip Hop ဂီတသမိုင်းတစ်လျှောက်မှာ အအောင်မြင်ဆုံးနဲ့ အချမ်းသာဆုံး ရက်ပ်ပါ စာရင်းမှာ ပါဝင်ထားသူဖြစ်ပြီး Ain’t no nigga ၊ The city is mine ၊ Can I get A… ၊ Hard knock life ၊ Jigga my Nigga စတဲ့သီချင်းတွေနဲ့ ကျော်ကြားတဲ့ ၉၀ ခုနှစ်ရဲ့ အကောင်းဆုံး ရက်ပ်ပါ တစ်ယောက်ဖြစ်ပါတယ်။

Featured Photo : Siachen Studios