Lunges လေ့ကျင့်ခန်းများသည် ခွန်းအားအသုံးပြုကာ ပြုလုပ်ရတဲ့ လေ့ကျင့်ခန်းတစ်မျိုးဖြစ်ပြီး Workout ပြုလုပ်သူများအကြားရေပန်းစားတဲ့ လေ့ကျင့်ခန်းတစ်ခုပဲဖြစ်ပါတယ်။ ထိုလေ့ကျင့်ခန်းသည် ခါး၊ တင်ပါး၊ ခြေသလုံးတို့ရှိ ကြွက်သားများကို သန်မာကျစ်လျစ်စေပြီး ဟန်ချက်ညီမှု၊ တည်ငြိမ်မှုတို့ ရရှိအောင်လည်း ကူညီပေးပါတယ်။
Lunges လေ့ကျင့်ခန်းများသည် ရှိရင်းစွဲခွန်အားထက် ပိုမိုသန်မာချင်သူများအပြင် အပြေးအားကစားသမားများ၊ စက်ဘီးစီး အားကစားသမားများအတွက်လည်း အထောက်အကူအဖြစ်ဆုံးလေ့ကျင့်ခန်းအမျိုးအစားတစ်ခုပဲဖြစ်ပါတယ်။
Lunges လေ့ကျင့်ခန်းပြုလုပ်ခြင်းကြောင့် ခံစားရရှိမယ့်အကျိုးကျေးဇူးများကတော့ ဝိတ်ကျခြင်း၊ အရိုးအရွက်များ သန်မာစေခြင်း၊ ခါးနာခြင်းကို သက်သာစေပြီး ခန္ဓာကိုယ်အနေအထားမှန်စေခြင်းတို့ပဲဖြစ်ပါတယ်။
Lunges လေ့ကျင့်ခန်းအမျိုးအစားအများအပြားရှိတဲ့အနက် ဘယ်လေ့ကျင့်ခန်းက ခန္ဓာကိုယ်ရဲ့ဘယ်အစိတ်အပိုင်းအတွက် ကောင်းမွန်သလဲဆိုတာ ဝေမျှပေးချင်ပါတယ်။
လေ့ကျင့်ခန်း (၁)
Source: Gifer.com
ဒီလေ့ကျင့်ခန်းကတော့ သင့်ရဲ့ ပေါင်ကြွက်သား၊ ခြေသလုံးကြွက်သားများကို အဓိကထားပေးတာဖြစ်ပြီး Lunges များအားလုံးထဲတါင် အခြေခံအကျဆုံးပဲဖြစ်ပါတယ်။
လေ့ကျင့်ခန်း (၂)
Source: Flabfix.com
ဘေးဘက်ရွေ့ကာ ပြုလုပ်ရတဲ့ Lunges ကတော့ ပေါင်အတွင်းသားနှင့် ပေါင်အပြင်ဘက်ရှိကြွက်သာများကို သန်မာစေပါတယ်။ ခန္ဓာကိုယ်ဟန်ချက်ညီစေခြင်း၊ ခွန်အားသန်မာစေခြင်း စတဲ့အကျိုးကျေးဇူးကိုလည်း ပေးစွမ်းပါတယ်။
လေ့ကျင့်ခန်း (၃)
Source: 24life.com
လမ်းလျှောက်ကာ Lunges ပြုလုပ်ခြင်းကတော့ လှုပ်ရှားရာကနေ ချက်ချင်း Lunges ပြုလုပ်လိုက်ရတဲ့အတွက်ကြောင့် မတူညီတဲ့လှုပ်ရှားမှုနှစ်ခုအကြား မြန်မြန်ဆန်ဆန်ပြောင်းလဲကာ တည်ငြိမ်မှုပြန်လည်ရရှိအောင် ကူညီဗပးပါတယ်။ ဒါသည်လည်း သင့်နေ့စဉ်ဘဝအတွက် အထောက်အကူဖြစ်စေမှာပါ။
လေ့ကျင့်ခန်း (၄)
Source: Gfycat.com
ဒီ Lunges ကတော့ အနောက်သို့ ပြောင်းပြန်ပြုလုပ်ရတဲ့ Lunges ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းသည် ဒူးနာသူများ၊ အထိုင်များသူများ၊ ခန္ဓာကိုယ်ဟန်ချက်မညီသူများအတွက် အထူးကောင်းမွန်ပါတယ်။
လေ့ကျင့်ခန်း (၅)
Source: Flabfix.com
ဒူးခေါင်းကို ငြိမ်အောင် ထားရတဲ့အချိန်မှာ ခန္ဓာကိုယ်အပေါ်ပိုင်းကို တစ်ဖက်သို့လှည့်လိုက်ရတဲ့လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။ သူကတော့ သင့်ရဲ့ခန္ဓာကိုယ်အပေါ်ပိုင်းကြွက်သားများကိုလည်း သန်မာစေပြီး ဒူးခေါင်းအရွတ်အတွက်လည်း အကျိုးရှိစေပါတယ်။ ှ
လေ့ကျင့်ခန်း (၆)
Source: Flabfix.com
ဒီလေ့ကျင့်ခန်းကတော့ ခါးနာတတ်သူများ၊ ဒူးခေါင်းနာတတ်သူများအနေနဲ့ ဦးစားပေးလုပ်ဆာင်သင့်တဲ့ Lunges အမျိုးအစားတစ်ခုဖြစ်ပြီး အလေးတုံးများအသုံးပြုကာ လေ့ကျင့်ခန်းပြုလုပ်ရာမှာ ပိုမိုထိရောက်မှုရှိအောင် ဖန်တီးနိုင်ပါတယ်။
Source: Healthline.com
Featured Image Source: Shutterstock.com






