ကိုယ်လက်လှုပ်ရှားမှုမရှိဘဲ အထိုင်များတဲ့အခါ၊ အဆီအဆိမ့်များလွန်းသော အစားအစာများ စားသုံးတဲ့အခါ၊ ထမင်းစားပြီးပြီးချင်း အိပ်ရာပေါ်တွင် ချက်ချင်းလှဲလျောင်းလိုက်တဲ့အခါ သင့်ရဲ့ဝမ်းဗိုက်က တဖြည်းဖြည်းနဲ့ အဆီပိုတွေ စုလာပါလိမ့်မယ်။
တစ်ပတ်၊ နှစ်ပတ်ခန့်မှာတော့ သိသာမှာမဟုတ်ပေမယ့် ၂ လလောက်ကြာတဲ့အခါ သင့် ဗိုက်ခေါက်က တဖြည်းဖြည်း ထူသထက် ထူလာပါလိမ့်မယ်။ ဗိုက်မှာ အဆီပိုတွေစုပြီး ဗိုက်ကြီးပူလာမှ လေ့ကျင့်ခန်းပြုလုပ်တာထက်စာရင် တစ်နေ့လျှင် ၁၀ မိနစ်ခန့် လေ့ကျင့်ခန်းပြုလုပ်ပေးခြင်းက ပိုမကောင်းဘူးလား။
ဘယ်လောက်ပဲ အလုပ်များနေပါစေ ကိုယ့်ရဲ့ကျန်းမာရေးနဲ့ ခန္ဓာကိုယ်ကျစ်လျစ်စေဖို့ရန်အတွက် အချိန်လေး ၁၀ မိနစ်တော့ ပေးတန်ကောင်းပါရဲ့။ တိုတောင်းလှတဲ့ အချိန်လေး ၁၀ မိနစ်အတွင်းမှာ အခုဖော်ပြပေးမယ့် လေ့ကျင့်ခန်းများကို ပြုလုပ်ကာ ဝမ်းဗိုက်ကြွက်သားများ ထွက်လာအောင် ကြိုးစားနိုင်ပါတယ်။
လေ့ကျင့်ခန်း (၁)
Source: Pinterest.com
ပုံပါအနေအထားအတိုင်း တစ်မိနစ်ခန့် Plank ထောက်ရမှာဖြစ်ပါတယ်။ သင်သည် အခုမှ စစချင်း Plank ထောက်မယ်ဆိုရင်တော့ စက္ကန့် ၃၀ လောက်တောင် ထောက်နိုင်မှာမဟုတ်သေးပါဘူး။ ဒါပေမဲ့ ကိစ္စမရှိပါဘူး။ အချိန်ကို တဖြည်းဖြည်းချင်း တိုးသွားလို့ရပါတယ်။
လေ့ကျင့်ခန်း (၂)
Source: Menshealth.com
ဒီလေ့ကျင့်ခန်းကတော့ ခန္ဓာကိုယ်ကို တစောင်းအနေအထားအတိုင်းထားကာ Plank ထောက်ရမှာဖြစ်ပါတယ်။ ဘယ်ဘက်ဖြင့် စက္ကန့် ၃၀၊ ညာဘက်ဖြင့် စက္ကန့် ၃၀ ထောက်ပေးရပါမယ်။
လေ့ကျင့်ခန်း (၃)
Source: Flabfix
လေ့ကျင့်ခန်းပြုလုပ်တဲ့ဖျာပေါ်တွင် လှဲလျောင်းနေပါ။ ထို့နောက် ခြေထောက်နှစ်ဖက်က စက်ဘီးနင်းနေတဲ့ပုံစံအတိုင်း ပြုလုပ်ရပါမယ်။ ညာတံတောင်ဖြင့် ဘယ်ဒူးကို ထိကပ်ပါ။ ဘယ်တံတောင်ဖြင့် ညာဒူးကို ထိကပ်ကာ တစ်လှည့်စီပြုလုပ်ရပါမယ်။ ၁ မိနစ်ခန့် ပြုလုပ်ပါ။
လေ့ကျင့်ခန်း (၄)
Source: Flabfix
လေ့ကျင့်ခန်းပြုလုပ်တဲ့ဖျာပေါ်တွင် လှဲလျောင်းနေပါ။ ထို့နောက် ခြေထောက်နှစ်ချောင်းကို တဖြည်းဖြည်းမတင်ကာ မျက်နှာကျက်ပေါ်သို့ ပင့်တင်ပေးလိုက်ပါ။ ထို့နောက်ခြေထောက်ပြန်ချပါ။ တစ်မိနစ်ခန့် ပြုလုပ်ပါ။
လေ့ကျင့်ခန်း (၅)
Source: Menshealth.com
ဒူးနှစ်ဖက်ကို ပုံပါအတိုင်း ၉၀ ဒီဂရီ ကွေးထားပါ။ လက်နှစ်ဖက်က အပေါ်သို့ ဆန့်တန်းထားပါ။ ထို့နောက် ပုံပါအတိုင်း ညာဘက်လက်ကို အောက်ချလိုက်၊ ဘယ်လက်ကို အောက်ချလိုက်ဖြင့် တလှည့်စီပြုလုပ်ရပါမယ်။
အထက်ဖော်ပြပါ လေ့ကျင့်ခန်းများကို တစ်မိနစ်ခန့် ပြုလုပ်ပေးရမှာဖြစ်ပြီး လေ့ကျင့်ခန်းတစ်ခုနဲ့တစ်ခုကြား မနားဘဲ ဆက်တိုက်ပြုလုပ်ရပါမယ်။ လေ့ကျင့်ခန်း (၁) ကနေ (၅) အထိ ပြီးသွားမှ တစ်မိနစ်ခန့် နားပါ။ ပြီးရင် အစအဆုံး တစ်မိနစ်စီ ဆက်တိုက်ပြန်လည်ပြုလုပ်ရပါမယ်။
ဒါဆိုရင်တော့ ၁၀ မိနစ်အတွင်းနဲ့တင် ကြွက်သားများနဲ့ ကြည့်ကောင်းတဲ့ဝမ်းဗိုက်လေး ပိုင်ဆိုင်နိုင်ပါပြီ။
Source: Tomsguide.com
Featured Image Source: Muscle & Fitness





