Gym ပုံမှန်ကစားတာက ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်နေစေဖို့ အထောက်အကူပြုတယ်ဆိုပေမယ့် နည်းစနစ်တကျ မကစားဘူးဆိုရင် လိုချင်တဲ့ Body Goals ကိုရဖို့ အချိန်ကြံ့ကြာနေမှာဖြစ်ပါတယ်။ ဒီတစ်ခေါက်တော့ အမျိုးသားအများစု Gym ကစားတဲ့အခါ လုပ်မိတက်တဲ့ Fitness ဆိုင်ရာ အမှားတွေကို ပြောပြပေးချင်ပါတယ်။
(၁) ရေရှည် Plan မရှိခြင်း

Photo : Freepik
Bodybuilding လုပ်တယ်ဆိုတာ ရေရှည် Plan ဆွဲပြီး တစိုက်မတ်မတ်လုပ်ရတာမျိုးပါ။ ကောက်ရိုးမီးလို ခဏတာ ရက်ပိုင်းလပိုင်းအတွင်း လိုချင်တဲ့ ခန္ဓာကိုယ်ပုံစံကို တည်ဆောက်ယူလို့ မရနိုင်ပါဘူး။ နည်းစနစ်တကျနဲ့ ပုံမှန်လေးတစိုက်မတ်မတ် လုပ်ဆောင်သွားမှသာ လိုချင်တဲ့ ဘော်ဒီကို ရနိုင်မှာဖြစ်ပါတယ်။
(၂) Workout အမှားတွေ လုပ်ခြင်း

Photo : Freepik
Workout လုပ်ရာမှာ လိုချင်တဲ့ Body Goals ပေါ်မူတည်ပြီး ကိုက်ညီမှုရှိတဲ့ လေ့ကျင့်ခန်းတွေကို သေချာဂရုတစိုက်လုပ်ဖို့ လိုပါတယ်။ ချွေးထွက်ရင်ပြီးရောဆိုတာမျိုး ကြုံရာ ကစားနည်းတွေလုပ်လို့ မရပါဘူး။ ဘယ်နေ့မှာ ရင်ဘတ် ၊ ဘယ်နေ့ကတော့ လက်မောင်း ၊ နောက်ကျော ဘယ်နေ့မှာ အောက်ပိုင်း စသည်ဖြင့် သူ့အပိုင်းနဲ့သူ စနစ်တကျနဲ့ လေ့ကျင့်ခန်းနည်းစနစ်တွေကို မှန်မှန်ကန်ကန် ကစားပေးမှလည်းလိုချင်တဲ့ ပန်းတိုင်ကိုရောက်မှာ ဖြစ်ပါတယ်။
(၃) အလွန်အကျွံ အလေးမခြင်း

Photo : Freepik
အလေးတုံးကြီးကြီးမလေ ကြွက်သားတက်မြန်လေဆိုတဲ့ အယူအဆကြီးကို ဖျောက်ဖို့လိုပါတတယ်။ ကြွက်သားထုတက်ဖို့ဆိုတာ အလေးအလွန်အကျွံ မ , ရုံနဲ့ မဖြစ်နိုင်ပါဘူး။ လုံလောက်တဲ့ ကြံ့ခိုင်မှုမရှိသေးပဲ ၊ Training ပါးမဝပဲ အလေးတုံးအကြီးကြီးတွေ ၊ ဝိတ်များတဲ့ကစားနည်းတွေကို လုပ်မယ်ဆိုရင် ပြင်းထန်တဲ့ထိခိုက်ဒဏ်ရာရမှုတွေ ဖြစ်လာနိုင်ပါတယ်။
(၄) အကြော မလျော့ခြင်း

Photo : Freepik
လေ့ကျင့်ခန်းလုပ်ပြီးချိန်မှာ အကြောလျော့ခြင်းအဆင့်ကို လုံးဝကျော်ချသွားလို့မရပါဘူး။ အကြော့လျော့တာက ကြွက်သားနာကျင်မှုတွေကို ပြေလျော့စေပြီး ကြွက်သားများပိုမိုသန်မာလာစေဖို့ အထောက်အကူဖြစ်စေပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းလုပ်ပြီးချိန်မှာ အကြောလျော့ခြင်းကို မပျင်းမရိလုပ်ပေးဖို့ အကြံပြုပါရစေ။
Featured Photo : Men’s Health
