Resistance Band အသုံးပြု၍ သင် နေ့စဉ်ပြုလုပ်နေကြဖြစ်တဲ့ လေ့ကျင့်ခန်းများကို ပိုမိုထိရောက်မှုရှိအောင် ပြုလုပ်နိုင်ပါတယ်။ ဘယ်လိုလေ့ကျင့်ခန်းတွေကို Resistance Band နဲ့ တွဲဖက်လုပ်ကိုင်နိုင်မလဲဆိုတာကို လေ့လာကြည့်လိုက်ရအောင်။

လေ့ကျင့်ခန်း (၁)

Workout for men to do with resistance bands

ဒိုက်ထိုးလေ့ကျင့်ခန်းပြုလုပ်တဲ့အခါမှာ Resistance Band ကို အသုံးပြုနိုင်ပါတယ်။ ကြိုးနှစ်ခုရဲ့ အစွန်းတစ်ဖက်တစ်ချက်စိကို လက်ဖဝါးနဲ့ ဖိထားပါ။ ကြိုးက ကျောပေါ်မှာ တင်နေရပါမယ်။ ထို့နောက် ခန္ဓာကိုယ်ကို နိမ့်ချည် မြင့်ချည်ပြုလုပ်ပေးရုံပါပဲ။ Resistance Band က သင့်ကို အရှိန်ကို ထိန်းပေးဖို့ရန်အတွက် ကူညီပေးပါတယ်။ ၁၂ ကြိမ်၊ ၃ ကျော့ခန့် ပြုလုပ်နိုင်ပါတယ်။

လေ့ကျင့်ခန်း (၂)

Workout for men to do with resistance bands

ပုံပါအတိုင်း ကြိုးကို ခြေဖဝါးအောက်တွင် ဖိထားပါ။ ကျန်တစ်ဖက်ကိုတော့ လည်ပင်းပေါ်မှာ တင်ထားရပါမယ်။ ထို့နောက် မတ်တပ်ရပ်လိုက်ပါ။ တစ်ဖန် ပေါင်တံက ကြမ်းပြင်နဲ့ မျဉ်းပြိုင်ဖြစ်သွားသည်အထိ ထိုင်ချပေးလိုက်ပါ။ ၁၂ ကြိမ်၊ ၃ ကျော့ခန့် ပြုလုပ်နိုင်ပါတယ်။

လေ့ကျင့်ခန်း (၃)

Workout for men to do with resistance bands

ခြေဖဝါးနှစ်ဖက်ကို ပုခုံးအကျယ်အတိုင်း ချဲထားပါ။ ထို့နောက် လက်နှစ်ဖက်ကို ခန္ဓာကိုယ်အရှေ့ဘက်တွင် ဆန့်တန်းထားကာ ကြိုးကို ကိုင်ထားပါ။ ထို့နောက် လက်နှစ်ဖက်ကို ဘေးသို့ ကားထုတ်လိုက်ပါ။

အရှေ့ထုတ်လိုက် ဘေးကားလိုက်ဖြင့် တစ်လှည့်စီပြုလုပ်ပေးရပါမယ်။ ၁၂ ကြိမ်၊ ၃ ကျော့ခန့် ပြုလုပ်နိုင်ပါတယ်။

လေ့ကျင့်ခန်း (၄)

Workout for men to do with resistance bands

ပထမပုံအတိုင်း ကြိုးကို ခြေထောက်အောက်တွင် ထိထားပါ။ လက်နှစ်ဖက်က ကြိုးကို ကိုင်ထားပါ။ ထို့နောက် တံတောင်ကို ကွေးကာ ကြိုးကို ဆွဲယူလိုက်ပါ။ ထို့နောက် လက်နှစ်ဖက်ကို ပြန်ဆန့်တန်းပါ။ ဒီလိုမျိုး တစ်လှည့်စီကို ၁၂ ကြိမ်၊ ၃ ကျော့ခန့် ပြုလုပ်ရပါမယ်။

Source: Mensjournal.com

Featured Image Source: Menshealth.com