နှစ်သစ် Goal မှာ body shape အတွက်လဲ ရည်ရွယ်ထားတာတွေ ကိုယ်စီရှိကြမယ်ဆိုတာ သေချာပါတယ်။ အခုဆိုရင် Gym သွားမှ သာမက အိမ်မှာပါ Youtube ကြည့်ရင်း Workout လို့ရနေပြီဆိုပေမဲ့ နေ့တိုင်းသေချာဆော့ဖြစ်ဖို့အတွက်ဆိုရင်တော့ အတူတူဆော့ပေးမယ့် သူငယ်ချင်း / ချစ်သူရှိတာက အကောင်းဆုံးပါပဲ။ နှစ်သစ်မှာ ကိုယ်တစ်ယောက်တည်းမကပဲ ကိုယ်ချစ်ရသူတွေကိုပါ တက်ကြွလှပစေဖို့ ကိုယ့်ချစ်သူဖြစ်ဖြစ်၊ သူငယ်ချင်းနဲ့ဖြစ်ဖြစ် အတူတကွ အပေးယူမျှမျှ ဘယ်လိုဆော့နိုင်မယ်ဆိုတာကို ဖော်ပြပေးလိုက်ရပါတယ်။
(၁) Partner Pistol Squats

Photo : Brightside
Squat ကိုမှ ပိုပြီး Fun လဲဖြစ် ၊ Effective လဲဖြစ်စေမယ့် နည်းကတော့ အချင်းချင်းမျက်နှာချင်းဆိုင်အနေအထားကနေ ဘယ်ဘက်ခြေထောက်ကို မြေပေါ်ကကြွပြီး ဖြောင့်တန်းထားပါ။ ပြီးနောက် တစ်ယောက်လက် တစ်ယောက်ကိုင်ကာ Balance ယူပြီး ညာဘက်ခြေထောက်ကို Squat အနေအထား နိမ့်နိုင်သလောက်နိမ့်ပြီးထိုင်ချကာ ၂မိနစ်လောက်ထိန်းထားပေးပါ။ ပြီးရင်ဒီနည်းအတိုင်း အပြန်အလှန်ဆော့ပေးပါ။
(၂) Chair

Photo : Brightside
ထိုင်ခုံမှာထိုင်သလိုအနေအထားကို ထိုင်ခုံမပါပဲ ထိန်းထားရမယ့်နည်းပါ။ အရင်ဆုံးကျောချင်းကပ်ပြီး ပုခုံးအကျယ်အတိုင်း ခြေထောက်၂ချောင်းခြားပြီး မတ်တပ်ရပ်ပါ။ ပြီးရင်ဒူးခေါင်းနဲ့ ကြမ်းပြင် 90 ဒီဂရီရတဲ့ထိ ထိုင်ချပြီး အဲ့အနေအထားအတိုင်း ထိန်းထားပေးရုံပါပဲ။ ဒီထပ်ပိုပြီးထိရောက်ချင်ရင် ထိုင်နေစဥ်အချိန်မှာ အလေးတစ်ခုခုမထားပေးလိုက်ပါနော်။
(၃) Wheelbarrow Squats & Push-ups

Photo : Brightside
တူညီတဲ့ Exercise တစ်ခုတည်းကို လုပ်ရတာပျင်းလာရင် ဒီနည်းလေးသုံးကြည့်ပါ။ တစ်ယောက်က ဒူးနဲ့မြေပြင် 90 ဒီဂရီအနေအထား Squat ကိုထိန်းထားစဥ် ကျန်တစ်ဦးက High plank ထောက်ရမှာပါ။ High plank ထောက်မယ့် သူအနေနဲ့ ခြေမျက်စိကနေခြေဖဝါးအထိ Squat ထိုင်နေသူရဲ့ ဒူးခေါင်း သို့မဟုတ် ပေါင်ပေါ် တင်ထားပြီး Push up လုပ်ရုံပါပဲ။
(၄) Power Tower

Photo : Brightside
မျက်နှာချင်းဆိုင်မတ်တပ်ရပ်ကာ လက်များကိုတစ်ဖြောင့်တည်း ဆန့်တန်းပြီး အချင်းချင်း ဆုပ်ကိုင်ထားကြပါ။ ပြီးရင်ကိုယ်တွင်းအားကိုသုံးပြီး ကိုယ့်ရဲ့Partne rကို အချင်းချင်း တွန်းကန်အားထည့်ရမှာ ဖြစ်ပါတယ်။ လက်ကတစ်ဆင့် တစ်ကိုယ်လုံးအားတွေစုပြီး တွန်းကန်ရတာဖြစ်လို့ ထင်ထားတာထပ်အားစိုက်ရပြီး Effectiveမဖြစ်မှာလဲမပူရပါဘူး။
Featured Photo : Orbit Fitness
