လေ့ကျင့်ခန်း ပြုလုပ်ခြင်းသည် ကျန်းမာပျော်ရွှင်ရတဲ့ လူနေမှုဘဝအတွက် အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ လေ့ကျင့်ခန်းပြုလုပ်ခြင်းသည် နှလုံးကျန်းမာရေး၊ အဆုတ်ကျန်းမာရေးတို့ကို ကောင်းမွန်စေပြီး အရိုးနှင့် ကြွက်သားများကိုလည်း သန်မာစေပါတယ်။

သို့သော်လည်းပဲ လေ့ကျင့်ခန်းများကြောင့် ကြွက်သားများ နာကျင်ကိုက်ခဲခြင်း ဝေဒနာကိုလည်း ခံစားရနိုင်ပါတယ်။ ဒီလိုနာကျင်ရောင်ရမ်းခြင်းသည် ဘယ်လိုအချိန်တွေမှာ ဖြစ်တတ်တဲ့ဆိုရင် လေ့ကျင့်ခန်း စလုပ်တဲ့အချိန် (သို့) ကိုယ့်ရဲ့ ကြွက်သားထုထည်ကို တင်ဖို့ရန်အတွက် လေ့ကျင့်ခန်းအသစ် ထပ်တိုးလုပ်တဲ့အချိန်တွေမှာ ဖြစ်တတ်ပါတယ်။ ဒီလိုနာကျင်ကိုက်ခဲရခြင်းသည် သင့်ရဲ့ကြွက်သားများ ပိုမိုကြီးထွား သန်မာလာစေမယ့် လက္ခဏာတစ်ခုပဲဖြစ်ပါတယ်။

အချိန်ဘယ်လောက်ကြာကြာ နာကျင်မှုကို ခံစားရတတ်သလဲဆိုရင် လေ့ကျင့်ခန်း ပြုလုပ်ပြီးနောက် ၁၂ နာရီအတွင်းဖြစ်ပါတယ်။ တချို့သည်လည်း ၄၈ နာရီ (သို့) ၇၂ နာရီအထိ ကြာမြင့်တတ်ပါတယ်။

ဒီလိုမျိုး ကြွက်သားများ နာကျင်ရောင်ရမ်းခြင်းကို လျော့ချပေးဖို့ရန်အတွက် ဘယ်လိုနည်းလမ်းများကို ပြုလုပ်ပေးသင့်သလဲ။

လေ့ကျင့်ခန်း မစခင် သွေးပူလေ့ကျင့်ခန်း အရင်လုပ်ရပါမယ်

Things to Help Your Relieve Muscle Soreness

လေ့လာတွေ့ရှိချက်များအရ လေ့ကျင့်ခန်းမစခင် သွေးပူလေ့ကျင့်ခန်းပြုလုပ်ခြင်းသည် အကြောလျော့လေ့ကျင့်ခန်းများထက် ပိုမိုအစွမ်းထက်ပါတယ်။ သွေးပူလေ့ကျင့်ခန်းသည် ကြွက်သားများဆီသို့ သွေးလှည့်ပတ်မှုကောင်းအောင် လှုံ့ဆော်လိုက်တာပဲဖြစ်ပါတယ်။

ရေ များများ သောက်ပါ

Things to Help Your Relieve Muscle Soreness

ရေ သောက်ခြင်းသည် ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးနိုင်သလို အရိုးအဆစ်များကိုလည်း တင်းကြပ်မနေစေဘဲ လေ့ကျင့်ခန်းများပေါ်လိုက်ပြီး လှုပ်ရှားမှုလွယ်ကူအောင် ကူညီပေးပါတယ်။ လေ့ကျင့်ခန်း ပြုလုပ်နေစဉ်အတွင်း လုံလောက်တဲ့ရေဓာတ် မရရှိပါက ကြွက်တက်ခြင်း၊ အလွန်အမင်း မောပန်းနွမ်းနယ်ခြင်း၊ ခေါင်းမူးခြင်း အစရှိသည်တို့ကို ခံဏားရနိုင်ပါတယ်။

အနားယူချိန်ကို ကန့်သတ်ပါ

Things to Help Your Relieve Muscle Soreness

ကြွက်သားအုပ်စုတစ်ခုတည်းကိုပဲ နေ့စဉ်ရက်ဆက် မလေ့ကျင့်ရပါဘူး။ ဥပမာ လက်မောင်းကြွက်သာများအတွက် ဆော့ကစားပြီးတဲ့အခါ လက်မောင်းကြွက်သားများကို ၄၈ နာရီပြည့်အောင် အနားပေးရပါမယ်။ ဒါမှသာလျှင် ကြွက်သားအုပ်စုတစ်ခုတည်းကိုပဲ ဖိခိုင်းနေတာမျိုးမဖြစ်မှာပါ။

အသုံးပြုတဲ့ နည်းလမ်း မှန်ကန်ရပါမယ်

Things to Help Your Relieve Muscle Soreness

လေ့ကျင့်ခန်းများကို နည်းမှန်လမ်းမှန် ပြုလုပ်ခြင်းသည်လည်း ကြွက်သားများ ဒဏ်ဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။ တကယ်လို့သင်မှာ ထရိန်နာရှိတယ်ဆိုရင် ထရိန်နာထံမှ အကူအညီရယူသင့်ပြီး မိမိဘာသာ အိမ်မှာပဲ ဆော့ကစားတယ်ဆိုရင်လည်း ကျွမ်းကျင် အားကစားဘလော်ကာများ ဝေမျှထားတဲ့ နည်းလမ်းများအတိုင်း ပြုလုပ်သင့်ပါတယ်။

ကိုယ့်ရဲ့ခံနိုင်ရည်ကိုလည်း ထည့်တွက်ရပါမယ်

Things to Help Your Relieve Muscle Soreness

သင့်အနေနဲ့ စိတ်အားထက်သန်ပြီး ခန္ဓာကိုယ်ကို အနားမပေးဘဲ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေကို တရစပ်ပြုလုပ်ချင်နေပါလိမ့်မယ်။ အလေးတုံးများကိုလည်း အလေးချိန်ထပ်တိုးကာ ဆော့ကစားချင်နေပါလိမ့်မယ်။ ဒါပေမဲ့ သင့်ခန္ဓာကိုယ်ရဲ့ ခံနိုင်ရည်အားကိုလည်း ထည့်တါက်ရပါလိမ့်မယ်။ သင့်ခန္ဓာကိုယ်က မခံနိုင်ဘဲ ဖိအားပေးလွန်းတဲ့အခါ သင့်ကိုယ်သင် ထိခိုက်ဒဏ်ရာရအောင် ပြုလုပ်နေတာနဲ့ အတူတူပါပဲ။ လေ့ကျင့်ခန်းများပြုလုပ်တဲ့အခါ အရေးကြီးဆုံးအချက်က ဖြည်းဖြည်းနဲ့ မှန်မှန်ပြုလုပ်ဖို့ပဲဖြစ်ပါတယ်။

Source: Familydoctor.org

Featured Image: Holmesplace