ယောကျ်ားလေးတိုင်း ဒိုက်ထိုး Push-Ups လုပ်ဖူးကြမှာပါ။ ဒိုက်ထိုးတာက အားကစားနည်းတွေထဲမှာ အလွယ်ဆုံးနဲ့ အရိုးရှင်းဆုံး လုပ်နိုင်တဲ့ လေ့ကျင့်ခန်းတစ်ခုပါပဲ။ ပုံမှန်အားဖြင့် ပေါ့ပေါ့ပါးပါး ဒိုက်ထိုးလေ့ရှိသူတွေဟာ အကြိမ် ၂၀ – ၃၀ လောက်ပဲ ထိုးလေ့ရှိပါတယ်။

တကယ်လို့ ဒိုက်ထိုးဖြစ်တယ်ဆိုရင် တစ်ရက်ကို အကြိမ် ၁၀၀ အထိ ဒိုက်ထိုးဖို့ ပြောချင်ပါတယ်။ တစ်ရက် အကြိမ် ၂၀-၃၀ လောက် Push-Ups လုပ်တာလည်း ကောင်းပါတယ်။ ဒါပေမယ့်လည်း ဒိုက်အကြိမ် ၁၀၀ ထိုးတာလောက်တော့ မထိရောက်ဘူးလို့ ပြောချင်ပါတယ်။ အကြိမ် ၁၀၀ အထိ ဒိုက်ထိုးတာဟာ ကျောရိုးမကြီး ဟန်ချက်ညီ တည်ငြိမ်စေသလို လက်မောင်း ၊ ရင်အုံနဲ့ပခုံးတွေလည်း သန်စွမ်းမှု တက်လာစေပါတယ်။

Man Push-Ups

Photo: Mens Journal

ကြံ့ခိုင်သန်စွမ်းချင်တယ်ဆိုရင် ဘာပစ္စည်းကိရိယာမှ မလိုဘဲ လုပ်ဆောင်နိုင်တဲ့ Push-Up လေ့ကျင့်ခန်း လုပ်ဖို့ Personal Trainer တွေက အကြံပြုပါတယ်။ ဒိုက်ထိုးတာကို ထိထိရောက်ရောက် လုပ်ဆောင်သူဟာ ကြွက်သားတွေ သန်စွမ်းစေသလို သက်လုံနဲ့ Cardio ပိုင်းလည်း အားကောင်းလာနိုင်ပါတယ်။ Body Posture ပိုင်းမှာ လက်ပြင်ကုန်းတာ ၊ ခါးကိုင်းတာတွေ ရှိရင်လည်း Posture မှန်ပြီး ကြည့်ကောင်းစေနိုင်ပါတယ်။

ကိုယ့်ဘာသာ အိမ်မှာ ပုံမှန် ဒိုက်ထိုးတာကလည်း ကိုယ်လိုချင်တဲ့ Body Type ထွက်စေနိုင်ပြီး Fitness Level တိုင်းနဲ့ အဆင်ပြေစေပါတယ်။ Push-Ups လုပ်နေရုံနဲ့ ကိုယ်လိုချင်တဲ့ ကိုယ်လုံးကိုယ်ပေါက် ထွက်လာနိုင်ပါတယ်။ ခန္ဓာကိုယ်က အရိုးအဆစ်တွေလည်း သန်မာစေတဲ့အပြင် ဝိတ်ကျစေဖို့အတွက်လည်း ကယ်လိုရီတွေ မြန်မြန်နဲ့ များများ လောင်ကျွမ်းစေနိုင်ပါတယ်။ ပုံမှန်အားဖြင့် ဒိုက်ထိုးရင်းနဲ့ တစ်မိနစ်တိုင်းမှာ အနည်းဆုံး ၇ ကယ်လိုရီအထိ ကျစေနိုင်တယ်လို့ ဆိုပါတယ်။

Strong black man doing pushups

Photo: T3

တခြားကိုယ်လက်လှုပ်ရှားမှုတွေလိုပဲ Push-Ups လုပ်ခြင်းအားဖြင့် စိတ်ရောကိုယ်ပါ ကျန်းမာရေးအကျိုးများပါတယ်။ တစ်ရက်ကို အကြိမ် ၁၀၀ ဒိုက်ထိုးတာမျိုး ချက်ချင်း မလုပ်နိုင်ရင် ဖြည်းဖြည်းချင်းကနေ စပြီး လုပ်ကြည့်ပါ။ ဥပမာ- ပထမတစ်ပတ်မှာ အကြိမ် ၃၀ နှုန်းနဲ့ ပုံမှန် ဒိုက်ထိုးဖြစ်ရင် နောက်တစ်ပတ်မှာ အချိန်ခွဲပြီး တစ်ရက်အကြိမ် ၅၀ ရအောင် ထိုးတာမျိုး ဖြည်းဖြည်းချင်း တိုးပြီး တစ်ရက်မှာ အကြိမ် ၁၀၀ အထိ ရအောင် လေ့ကျင့်ဖို့ ပြောချင်ပါတယ်။

Push-Ups လုပ်တာက နေရာမရွေး ၊ အချိန်မရွေး လုပ်နိုင်တဲ့ ကာယလေ့ကျင့်ခန်းတစ်ခုဖြစ်ပြီး Equipment မလိုတာကြောင့် အလွန်ပဲ လွယ်ကူရိုးရှင်းပြီး စရိတ်စကသက်သာပါတယ်။ ဒီလေ့ကျင့်ခန်းက အချိန်လည်း သိပ်ပေးစရာမလိုဘဲနဲ့ တော်ရုံ Workout တွေနဲ့ တန်းတူ ကျန်းမာရေးအကျိုးများပါတယ်။ ပုံမှန်လေး လုပ်ပေးခြင်းအားဖြင့် သိသာတဲ့ရလဒ်တွေ ထွက်လာတာ ကိုယ်တွေ့ကြုံရမှာ ဖြစ်ပါတယ်။

Featured Photo: Muscle & Fitness