Dumbbell အလေးတုံးတွေ မဝယ်ခင်မှာ သင်သည် ဘာ့ကြောင့် ထိုအလေးတုံးတွေ ဝယ်ချင်ရသလဲဆိုတာကို အရင်ဆုံး ပြန်ဆန်းစစ်ကြည့်ပါ။ ကိုယ့်အိမ်မှာ ဝယ်ထားပြီး လေ့ကျင့်ခန်းမလုပ်ဘဲ ဒီအတိုင်း အလှကြည့်ထားမယ်ဆိုရင်တော့ မဝယ်ပါနဲ့။ ဒီလိုမှမဟုတ်ဘဲ ကြွက်သားတွေ ကြီးထွားသန်မာလာအောင် ကြိုးစားချင်တယ်ဆိုရင်တော့ အနည်းဆုံး အလေးတုံးတစ်စုံလောက်တော့ ဝယ်ထားသင့်ပါတယ်။

အလေးတုံး ဝယ်မယ်ဆိုရင်တော့ ဘယ်အချက်တွေကို ထည့်သွင်းစဉ်းစားသင့်သလဲ

Best Dumbbell Brands for Men

အမျိုးအစား၊ အလေးတုံးက အသေလား ဒါမှမဟုတ် အလေးတုံး အလေးချိန်များကို မိမိလိုသလို ချိန်ညှိလို့ရသလားဆိုတာပါ။ နောက်တစ်ချက်ကတော့ အရောင်၊ ပုံသဏ္ဍာန်နဲ့ အရွယ်အစားပဲဖြစ်ပါတယ်။ အလေးတုံး လက်ကိုင်ကရော လက်မှာ မြဲနေရဲ့လား။ မမြဲဘူးဆိုရင်တော့ သင့်အတွက် အန္တရာယ်များပါတယ်။ ထိုအလေးတုံးမျိုး မဝယ်ပါနဲ့။

အသုံးပြုတဲ့ အမျိုးအစားကိုလည်း ထည့်စဉ်းစားသင့်ပါတယ်။ အချို့ကတော့ ရာဘာအလေးတုံးမျိုးကို နှစ်သက်ကြပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အသံလည်း သိပ်မထွက်ဘဲ ထိခိုက်အနာတရဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်လို့ပါ။ အချို့ကတော့ Chrome အလေးတုံးများက ပိုမိုအကြမ်းခံတဲ့အတွက်ကြောင့် Chrome နဲ့ ပြုလုပ်ထားတဲ့ အလေးတုံးမျိုးကို ရွေးဝယ်ကြပါတယ်။

အလေးတုံးအမျိုးအစား အများအပြားရှိတဲ့အနက် ဈေးကွက်ထဲမှာ အကောင်းဆုံးလို့ သတ်မှတ်ခံထားရတဲ့ အလေးတုံးအမျိုးအစားများကို ဝေမျှပေးချင်ပါတယ်။

(၁) Bowflex

Best Dumbbell Brands for Men

သူ့ရဲ့အားသာချက်ကတော့ အလေးတုံး ၁၅ စုံခန့်ကို မိမိလိုသလို ပြောင်းလဲအသုံးပြုနိုင်ခြင်းပဲဖြစ်ပါတယ်။ အာမခံကလည်း ၂ နှစ် အာမခံဖြစ်ပါတယ်။ Amazon က ဝယ်မယ်ဆိုရင်တော့ အစုံလိုက်ဝယ်မယ်ဆိုရင် ၄၂၈ ဒေါ်လာ ကျသင့်မှာဖြစ်ပြီး Single ပဲ ဝယ်မယ်ဆိုရင်တော့ ၁၈၉ ဒေါ်လာ ကုန်ကျမှာဖြစ်ပါတယ်။

(၂) Trademark Innovations Aquatic

Best Dumbbell Brands for Men

ဒီအလေးတုံးများကတော့ အေရိုးဗစ်ကစားသူများအတွက် သင့်တော်ပြီး အသက် ၁၄ နှစ် လူငယ်များအတွက်ပါ ဆော့ကစားနိုင်ပါတယ်။ သူ့ရဲ့အရောင်ကတော့ ၆ ရောင်ရှိပြီး အရောင်တွေပေါ် မူတည်ပြီး ဈေးနှုန်းကွာခြားသွားနိုင်ပါတယ်။ အနိမ့်ဆုံးကတော့ ၁၁ ဒေါ်လာဖြစ်ပြီး အများဆုံးကတော့ ၃၄ ဒေါ်လာဖြစ်ပါတယ်။

(၃) PowerBlock Elite Dumbbells

Best Dumbbell Brands for Men

ဒီအလေးတုံးသည်လည်း ဈေးကွက်ထဲမှာ လူကြိုက်များတဲ့အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ထောင့်မှန်စတုဂံပုံဒီဇိုင်းက အလေးတုံး လှိမ့်မသွားအောင် ကူညီပေးတာပဲဖြစ်ပါတယ်။

(၄) CAP Barbell Coated Hex Dumbbell

Best Dumbbell Brands for Men

ဒီအလေးတုံးကတော့ Full-Body Workout ပြုလုပ်ချင်သူတွေအတွက် သင့်တော်ပါတယ်။ သူ့လက်ကိုင်က Chrome နဲ့ ပြုလုပ်ထားတဲ့အတွက်ကြောင့် မိမိလက်ထဲကနေ ချော်မကျအောင် ကူညီပေးပါတယ်။ တန်ဖိုးကတော့ အလေးတုံးပေါ် မူတည်ပြီး အနည်းဆုံး ဒေါ်လာ ၅၀ ကနေ အများဆုံး ဒေါ်လာ ၉၀ အထိရှိပါတယ်။

(၅) Tone Fitness Hourglass Dumbbell Set

Best Dumbbell Brands for Men

ဒီအလေးတုံးတွေကတေော့ အခုမှလေ့ကျင့်ခန်းစလုပ်မယ့် Beginners များအတွက် သင့်တော်ပါတယ်။ ကြွက်သားထုတွေ အများကြီးထွက်လာအောင် ဆော့ကစားမယ့်သူများကတော့ ဒီအလေးတုံးများကို မရွေးချယ်သင့်ပါဘူး။

(၆) Sunny Health

Best Dumbbell Brands for Men

ဒီအလေးတုံးရဲ့ အားသာချက်ကတော့ အကြမ်းခံခြင်းပဲဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့စက်ဝိုင်းပုံသဏ္ဍာန် အလေးဝိုင်းက ကြမ်းပြင်ကနေ လှိမ့်သွားနိုင်တဲ့ အားနည်းချက်တစ်ခုတော့ရှိပါတယ်။

(၇) Yes4All

Best Dumbbell Brands for Men

ဒီအလေးတုံးများကတော့ စတီးလ်၊ Cast-Iron တို့နဲပ ပြုလုပ်ထားတာဖြစ်ပြီး Heavy Weight မ,ချင်သူတွေအတွက် ရွေးချယ်သင့်တဲ့ အမျိုးအစားတစ်ခုပဲဖြစ်ပါတယ်။

Source: Topfitnesshome.com

Featured Image: Vecteezy