စကိတ်စီးခြင်းသည် လူငယ်များအကြား ရေပန်းစားတဲ့ အားကစားတစ်ခုပဲဖြစ်ပါတယ်။ စကိတ်စီးခြင်းကြောင့် ကွီးတို့ခံစားရရှိမယ့် အကျိုး ကျေးဇူးတွေကလည်း ရေတွက်မကုန်နိုင်အောင်ပါပဲ။

မကြာသေးမှီကမှ လေ့လာထားတဲ့ လေ့လာချက်များအရ စကိတ်စီးခြင်းသည် စိတ်ကျန်းမာရေးကို မြှင့်တင်ပေးပြီး ပေါင်းသင်းဆက်ဆံရေးကောင်းမွန်အောင် ကူညီပေးပါတယ်။ ဒါ့အပြင် မတူညီကွဲပြားမှုများကိုလည်း လက်ခံနိုင်ပြီး ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေစွာ ပေါင်းသင်းဆက်ဆံတတ်အောင်လည်း ကူညီပေးပါတယ်။

ကွီးတို့အနေနဲ့ စကိတ်စီးသင်လိုက်ပြီဆိုတာနဲ့ အခုဖော်ပြပေးမယ့် အကျိုးကျေးဇူးများကို ရရှိမှာဖြစ်ပါတယ်။

ကိုယ်ခန္ဓာ ကျန်းမာစေခြင်း

Benefits of Skateboarding for Men

ကွီးတို့အနေနဲ့ Full-Body Workout မျိုးကို ရှာဖွေနေပါသလား။ ဒါဆိုရင်တော့ စကိတ်စီးခြင်းကိုလည်း ထည့်သွင်းစဉ်းစားနိုင်ပါတယ်။ စကိတ်စီးတဲ့အခါ လက်၊ ခြေထောက်၊ ဒူးခေါင်းနှင့် ဦးခေါင်းတို့အားလုံးကို လှုပ်ရှားနေရတာဖြစ်တဲ့အတွက်ကြောင့် ခန္ဓာကိုယ်တစ်ခုလုံး လေ့ကျင့်ခန်းလုပ်ဖြစ်စေပါတယ်။

ကယ်လိုရီများကို လောင်ကျွမ်းစေခြင်း

Benefits of Skateboarding for Men

လေ့လာချက်အရ တစ်နာရီခန့် စကိတ်စီးခြင်းသည် ကယ်လိုရီ ၃၅၀ ခန့်ကို လောင်ကျွမ်းစေတယ်လို့ သိရှိရပါတယ်။ ကိုယ့်ရဲ့စကိတ်စီးတဲ့အမြန်နှုန်းပေါ် မူတည်ပြီးတော့လည်း ကယ်လိုရီ ဒီထက်လောင်ကျွမ်းနိုင်ပါသေးတယ်။

စိတ်ဖိစီးမှုများနဲ့ စိတ်ကျရောဂါကို သက်သာစေခြင်း

Benefits of Skateboarding for Men

စကိတ်ဘုတ်ပေါ်မှာ ခန္ဓာကိုယ်လှုပ်ရှားနေတဲ့အချိန်မှာ ကိုယ့်ရဲ့စိတ်သည်လည်း စကိတ်စီးခြင်းအပေါ် နစ်ဝင်နေပြီး ကိုယ် နှစ်သက်တာကို လုပ်နေရတဲ့အတွက်ကြောင့် ပျော်ရွှင်မှုကို ခံစားရပါလိမ့်မယ်။ ထိုအခါ ဦးနှောက်က ကောင်းမွန်တဲ့စိတ်ခံစားချက်များကို ထုတ်လွှတ်ပေးတာကြောင့် စိတ်ဖိစီးမှုများ ပျောက်သွားမှာဖြစ်ပါတယ်။

ခန္ဓာကိုယ်အစိတ်အပိုင်းများ ဟန်ချက်ညီစွာ လုပ်ဆောင်နိုင်ခြင်း

Benefits of Skateboarding for Men

မျက်လုံး၊ လက်နှင့် ခြေထောက်တို့ရဲ့လုပ်ဆောင်မှုသည် အချိန်ကိုက်ဖြစ်နေမှသာ စကိတ်ကောင်းကောင်းစီးနိုင်မှာဖြစ်ပါတယ်။ ဒါမှသာ ဘယ်အချိန်မှာ ဘယ်လိုလှုပ်ရှားရမလဲဆိုတာ ကောင်းကောင်းသိရှိပြီး ထိခိုက်ဒဏ်ရာအနာတရ မရမှာဖြစ်ပါတယ်။

စိတ်ရှည်သည်းခံတတ်အောင် ကူညီပေးခြင်း

Benefits of Skateboarding for Men

မွေးကတည်းက စကိတ်စီးတတ်တဲ့သူဆိုတာ ကမ္ဘာပေါ်မှာ မရှိသေးပါဘူး။ လွယ်လွယ်တတ်မြောက်သွားတဲ့သူနဲ့ အချိန်အနည်းငယ်ကြာတဲ့ သူတွေပဲရှိပါလိမ့်မယ်။ ဘယ်သူပဲဖြစ်ဖြစ်ပါ။ စစချင်းစကိတ်စီးသင်တဲ့အခါ ထိခိုက်ဒဏ်ရာရစမြဲပါပဲ။ စကိတ်ပေါ်ကနေ တဘိုင်းဘိုင်း လဲကျနေမယ်။ လဲကျလိုက် ပြန်ထလိုက်နဲ့ အလုပ်ရှုပ်နေပါလိမ့်မယ်။ တခါတလေကျရင်လည်း စိတ်မရှည်တော့ဘဲ အရှုံးပေးချင်လာပါလိမ့်မယ်။

အရှုံးပေးလိုက်ရင်တော့ သင် စကိတ်စီးတတ်မှာမဟုတ်ပါဘူး။ မတတ်မချင်း သင်ယူမယ်ဆိုတဲ့စိတ်နဲ့ စကိတ်စီးတတ်အောင် သင်ယူတဲ့အခါ အလုပ်တစ်ခုကို ဆုံးခန်းတိုင် လုပ်လိုတဲ့စိတ်လည်း များပြားလာမှာဖြစ်ပြီး စိတ်ရှည်သည်းခံတတ်အောင်လည်း ကူညီပေးနိုင်ပါတယ်။

Source: Sportstotry.com

Featured Image: Paper Magazine