တကယ် Fit Body လိုချင်ရင် ကိုယ်တိုင်က Fitness Type ဖြစ်နေတဲ့ Gym Man တွေဆီက အကြံယူတာ ကောင်းပါတယ်။ ဟောလီးဝုဒ်ရုပ်ရှင်လောကထဲမှာဆို ဘော်ဒီကြံ့ခိုင်တောင့်တင်းမှုနဲ့ နာမည်ကြီးတဲ့ မင်းသားတွေ အများကြီး ရှိပါတယ်။ Superman မင်းသားကြီး ဟင်နရီကာဗေးလည်း ဒီလို နာမည်ကြီးအမိုက်စားဘော်ဒီပိုင်ရှင် ရုပ်ရှင်မင်းသားတွေထဲကတစ်ဦးပဲ ဖြစ်ပါတယ်။

ဟင်နရီကာဗေးဟာ ဇာတ်ရုပ်ပေါ်လိုက်ပြီး Body Transformation လုပ်ရာမှာလည်း အပင်ပန်းခံသူ ဖြစ်ပါတယ်။ Superman ဇာတ်ရုပ်အပြင် The Witcher စီးရီးမှာလည်း သူ့ကို ကျစ်လျစ်ကြံ့ခိုင်တဲ့ အမိုက်စားဘော်ဒီနဲ့ မွန်းစတားမုဆိုးအဖြစ် မြင်ရမှာပါ။ သူလို မင်းသားတစ်လက်ဆီက Fitness နဲ့ ပတ်သက်ပြီး အကြံပေးချက်တွေက အခုမှ Gym စပြီး ကစားမယ့်သူတွေအတွက် အများကြီး အသုံးဝင်ပါတယ်။

henry-cavill

Photo: Men’s Health

BodyBuilding ဝက်ဘ်ဆိုက်မှာ တက်လာတဲ့ ဗွီဒီယိုဖိုင်ထဲမှာ ဟင်နရီကာဗေးဟာ သူ့ရဲ့ Fitness ကစားမှုဆိုင်ရာ အကြံပြုချက် ပါဝင်လာပါတယ်။သူ့ရဲ့ အကြံပေးချက်က အခုကစပြီး Gym ကစားမယ့်သူတွေအတွက် အကျိုးများပါလိမ့်မယ်။  BodyBuilding ဝက်ဘ်ဆိုက်ဟာ ကာဗေးကို အားကစားလုပ်မယ့်သူတွေအတွက် အကောင်းဆုံးအကြံပြုချက်ပေးဖို့ မေးခွန်းထုတ်ခဲ့ပြီး ကာဗေးက ကိုယ်လုပ်ဆောင်မယ့် Fitness ပုံစံပေါ် မကြောက်ဖို့ အကြံပေးထားပါတယ်။

“ကိုယ့်နည်းလမ်းနဲ့ကိုယ် လုပ်ပါ။ သတင်းအချက်အလက် အမှန်ယူပါ။ အမှန်အကန်သိတဲ့ လူတစ်ယောက်ယောက်ဆီက မှန်ကန်တဲ့ ဗဟုသုတရယူပါ။ ဒါတင်မဟုတ်ဘဲ ကိုယ်ကြိုက်တဲ့ Workout ကို ကိုယ်ကြိုက်သလို ကိုယ့်နည်းလမ်းနဲ့ကိုယ် လုပ်ပါ။ ဒါဆို အထိရောက်ဆုံးဖြစ်ပါလိမ့်မယ်။” လို့ ကာဗေးက ဆိုပါတယ်။

Photo : FITBOOK

Fitness လုပ်မှုနဲ့ ပတ်သက်ပြီးလည်း ကာဗေးက “လွယ်တာတော့ မဟုတ်ဘူးပေါ့နော်။ ဒါပေမယ့်လည်း Workout နဲ့ Training တွေမှာ ဒီလိုစိတ်ခံယူချက်ထားတာက ကျွန်တော့်အတွက်တော့ အင်မတန်ကို အကျိုးများခဲ့တယ်လို့ ထင်ပါတယ်။ လူကတော့ တစ်ယောက်နဲ့ တစ်ယောက် တူမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော့်ကိုယ်ကျွန်တော် လူငယ်တစ်ယောက်မှန်း သိနေတော့ ဒီစိတ်ဓါတ်နဲ့ လုပ်နိုင်ခဲ့ပါတယ်။ ” လို့ ပြောပါတယ်။

အားကစားလုပ်ရာမှာ မှန်ကန်တဲ့ အနားယူမှု ပေးဖို့လည်း အရေးကြီးတယ်လို့ ကာဗေးက ထောက်ပြပါတယ်။ နောက်တစ်ချက်က ကိတ်မုန့် ၊ ပိုင်မုန့်လို အချိုမုန့်တွေကိုလည်း လုံးဝ ရှောင်ကြဉ်ပါလို့ အကြံပေးထားပါတယ်။

Featured Photo: Men’s Health