လက်ဝှေ့ထိုးခြင်းသည် သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပြီး ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်လာအောင် ကူညီပေးပါတယ်။ စိတ်ဖိစီးမှုများကို ပြေလျော့စေတဲ့အပြင် အရိုးအဆစ်များကိုလည်း သန်မာစေပါတယ်။ ဒါတင်မကသေးပါဘူး။ သက်လုံကောင်းကာ အမောခံနိုင်ခြင်း၊ မိမိဒေါသကို ထိန်းချုပ်နိုင်ခြင်း၊ မိမိကိုယ်ကိုယ် ယုံကြည်မှုတိုးမြှင့်လာခြင်း အစရှိသည်တို့သည် လက်ဝှေ့ထိုးခြင်းက ပေးစွမ်းတဲ့ ကောင်းကျိုးတွေပဲဖြစ်ပါတယ်။
ကွီးတို့အနေနဲ့ အထက်ဖော်ပြပါ အကျိုးကျေးဇူးများကို ရရှိပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ တစ်ပတ်လျှင် နှစ်ကြိမ်ခန့် လက်ဝှေ့ထိုးပေးနိုင်ပါတယ်။
လက်ဝှေ့ထိုးဖို့ စဉ်းစားတဲ့အခါ ဘယ်လိုအချက်တွေကို ထည့်သွင်းစဉ်းစားသင့်သလဲဆိုတော့ …
ဈေးနှုန်း
ဘယ် Gym မှာ ဆော့မှာလဲ။ ထရိန်နာကြေးနဲ့ မန်ဘာကြေးက ကိုယ် လစဉ် ပေးချေနိုင်တဲ့ ပမာဏဖြစ်မလား စတာတွေကို ထည့်သွင်းစဉ်းစားသင့်ပါတယ်။
တစ်လလောက်ပဲ ဆော့ပြီး နောက်လတွေ ဆက်မဆော့တဲ့အခါ တစ်လစာ ပင်ပန်းတာပဲ အဖတ်တင်ပါလိမ့်မယ်။
Gym ခန်းမရဲ့ တည်နေရာ
Photo: Corporatefitnesscentre
ကိုယ့်ဆော့မယ့် Gym သည် ကိုယ့်အိမ်နဲ့ နီးနီးနားနားမှာ ရှိရမှာဖြစ်ပါတယ်။ ဒါမှသာ တကူးတကကြီး Gym ခန်းမဆီ သွားစရာမလိုဘဲ ကိုယ့်ရဲ့တစ်နေ့တာဆောင်ရွက်နေစရာများထဲတွင် အလိုက်သင့်လေး ထည့်လိုက်ရုံပါပဲ။ အချိန်ကုန် လူပင်ပန်းသက်သာပါတယ်။
လက်ဝှေ့ မထိုးခင်မှာ
ကာဘိုဟိုက်ဒြိုက်ဓာတ်တို့ ပါဝင်တဲ့အစားအစာများ၊ သစ်သီးများ အစရှိတဲ့ ပေါ့ပေါ့ပါးပါးအစာများ စားသွားပါ။ လက်ဝှေ့မထိုးခင် ၂ နာရီခန့်အလိုက်တညးက ရေ ဝ.၅ လီတာခန့် သောက်သုံးပေးရမှာဖြစ်ပါတယ်။
လက်ဝှေ့ထိုးပြီးတဲ့နောက်မှာ
ပရိုတင်းဓာတ် ကြွယ်ဝတဲ့အစားအစာများ များများစားသုံးပေးရမှာဖြစ်ပါတယ်။ ပရိုတင်းဓာတ်သည် နာကျင်ကိုက်ခဲနေသော ကြွက်သားများကို ပြန်လည်သက်သာပြီး အားပြန်ပြည့်လာအောင် ကူညီပေးပါတယ်။
ကွီးတို့သည် ဘယ်လိုရည်ရွယ်ချက်ကြောင့် လက်ဝှေ့ထိုးသင်မှာလဲ။
ပရော်ဖက်ရှင်နယ် လက်ဝှေ့သမားတစ်ယောက်ဖြစ်ဖို့အတွက်လား (သို့) ဝိတ်ကျပြီး ခန္ဓာကိုယ်အလေးချိန် ကျစ်လျစ်ချင်လို့လား။
Fight Club
ပရော်ဖက်ရှင်နယ် လက်ဝှေ့သမားတစ်ယောက်ဖြစ်ချင်တယ်ဆိုရင်တော့ Fight Club မှာ လက်ဝှေ့ထိုးသင် သင့်ပါတယ်။ သူတို့က လက်ဝှေ့ထိုးခြင်းရဲ့ အခြေခံအချက်တွေကအစ နည်းစနစ်မှန်စွာ ထိုးတတ်အောင် သင်ကြားပေးမှာဖြစ်ပါတယ်။
Fitness Center
တကယ်လို့ သင်သည် ကိုယ်အလေးချိန် ထိန်းချင်ရုံသက်သက်၊ ကယ်လိုရီလောင်ကျွမ်းချင်ရုံသက်သက် လက်ဝှေ့ထိုးချင်တာဆိုရင်တော့ Fitness Center လိုနေရာမှာ လေ့ကျင့်သင့်ပါတယ်။
Source: Morgansports.com.au
Featured Image: Mensjournal