လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်းသည် ခန္ဓာကိုယ်ကျန်းမာရေးအတွက်သာမက စိတ်ကျန်းမာရေးကိုလည်း မြှင့်တင်ပေးနိုင်ကြောင်း သက်သေအထောက်အထားများအရ သိရှိပြီးဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး၊ ဦးနှောက်စွမ်းဆောင်ရည်ကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။
ငယ်စဉ်ကတည်းက လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပေးခြင်းသည် အသက်အရွယ်ရလာတဲ့အခါ ရောဂါဝေဒနာများ မခံစားရအောင် ကာကွယ်ပေးထားပါတယ်။
ဒါပေမဲ့ ကွီးတို့ရဲ့ခန္ဓာကိုယ်သည် အသက်အရွယ်အလိုက် ပြောင်းလဲနေတာကို သတိထားဖို့လိုအပ်ပါတယ်။ ဒါ့ကြောင့် လေ့ကျင့်ခန်းပြုလုပ်တဲ့အခါမှာလည်း ကိုယ့်အသက်အရွယ်အပိုင်းအခြားအလိုက် လေ့ကျင့်ခန်းများ ပြုလုပ်ရမှာဖြစ်ပါတယ်။
ဒီဆောင်းပါးလေးထဲမှာတော့ အသက် ၃၀ ကျော်နှင့် ၄၀ ကြား ကွီးတို့အတွက် ဘယ်လိုလေ့ကျင့်ခန်းတွေ ပြုလုပ်ရမလဲဆိုတာကို ဝေမျှပေးသွားမှာဖြစ်ပါတယ်။
လေ့ကျင့်ခန်း (၁)

ဒီလေ့ကျင့်ခန်းကတော့ Standard Plank လေ့ကျင့်ခန်းဖြစ်ပြီး ပုံပါအနေအထားအတိုင်း စက္ကန့် ၃၀ မှ ၁ မိနစ်အထိ တောင့်ခံပေးရမှာဖြစ်ပါတယ်။
လေ့ကျင့်ခန်း (၂)

အလေးတန်းကို ပုခုံးပေါ် တင်ထားပြီးနောက် တင်ပါးကို နောက်ပစ်ကာ Squat ထိုင်ပေးရမှာဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းနာမည်ကတော့ Barbell Squats လို့ အမည်ပေးထားပါတယ်။
လေ့ကျင့်ခန်း (၃)

အရင်ဆုံး လေ့ကျင့်ခန်းပြုလုပ်တဲ့ ဖျာပေါ်မှာ လှဲလျောင်းနေပါ။ လက်နှစ်ဖက်ကို ခန္ဓာကိုယ် ဘေးတစ်ဖက်တစ်ချက်စီတွင် ချထားပြီး ဒူးခေါင်း ထောင်ထားလိုက်ပါ။
ထို့နောက် ပုံပါအတိုင်း တင်ပါးကို အပေါ်ကြွလိုက် ကြမ်းပြင်နဲ့ ပြန်ထိပေးလိုက်ဖြင့် တစ်လှည့်စီပြုလုပ်ရပါမယ်။
လေ့ကျင့်ခန်း (၄)

ဒီလေ့ကျင့်ခန်း ပြုလုပ်တဲ့အခါမှာတော့ စက်အကူအညီနဲ့ လွယ်လွယ်ကူကူပြုလုပ်နိုငမှာပဲဖြစ်ပါတယ်။ စက် ခြေနင်းပေါ် တက်ပြီး ဘယ်တစ်ချက် ညာတစ်ချက်စီ နင်းပေးရမှာပါ။ ၁၀ မိနစ်၊ ၁၅ မိနစ်ခန့် နင်းပေးပါက လုံလောက်ပါတယ်။
လေ့ကျင့်ခန်း (၅)

ဒီလေ့ကျင့်ခန်းကတော့ ကွီးတို့အားလုံးနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ ဒိုက်ထိုးလေ့ကျင့်ခန်းပဲဖြစ်ပါတယ်။ ၁၂ ကြိမ်မှ ၁၅ ကြိမ်၊ ၃ ကျော့ခန့် ပြုလုပ်ပေးရမှာပါ။
လေ့ကျင့်ခန်း (၆)

လေ့ကျင့်ခန်းပြုလုပ်တဲ့ ဖျာပေါ်မှာထိုင်ပြီးနောက် ခြေဖဝါးနှစ်ခုကို ထိကပ်ထားလိုက်ပါ။ ထို့နောက် ပေါင်နှစ်ဖက်ကို ကြမ်းပြင်နဲ့ မကွာစေဘဲ ထိကပ်ထားရပါမယ်။ ခါးမတ်မတ်ထားပါ။ အသက်ကို ပုံမှန်အတိုင်း ရှူသွင်း ရှူထုတ်ပြုလုပ်ပါ။
လေ့ကျင့်ခန်း (၇)

တောင်တက်လေ့ကျင့်ခန်းကတော့ မိမိရဲ့အားလပ်ရက်မှာ အချိန်ပေးပြီး သေသေချာချာပြုလုပ်နိုင်ပါတယ်။ Cardio လေ့ကျင့်ခန်းတစ်ခုဖြစ်တာကြောင့် ခန္ဓာကိုယ်တစ်ခုလုံးရှိ ကြွက်သားများကို သန်မာလာစေမှာဖြစ်ပါတယ်။
လေ့ကျင့်ခန်း (၈)

မနက်ခင်း စောစောအချိန်မှာ အပြေးလေ့ကျင့်ခန်း ပြုလုပ်ခြင်းသည် ဝိတ်ချချင်တဲ့ ကွီးတို့အတွက် အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ ပြေးခြင်းသည် နှလုံးကျန်းမာရေးအတွက်လည်း ကောင်းမွန်တာကြောင့် မမေ့မလျော့ပြုလုပ်ပေးသင့်ပါတယ်။
ကွီးတို့အနေနဲ့ အခုဖော်ပြသွားတဲ့လေ့ကျင့်ခန်းများကို တစ်ပတ်လျှင် ဘယ်နှနာရီလောက် အချိန်ပေးကာ ပြုလုပ်ဖြစ်မယ်လို့ ထင်ပါသလဲ။
Source: Parenting.firstcry.com
Featured Image: Parenting.firstcry.com
