ခန္ဓာကိုယ် တစ်ခုလုံး ကြွက်သားများ တောင့်တင်းဖို့ရန်အတွက် လေ့ကျင့်ခန်းများ ပြုလုပ်ချင်တဲ့ ကွီးတို့အတွက် Wall Sit လေ့ကျင့်ခန်း များ ရှိပါတယ်။

 

Photo : Runtastic

Wall Sit လေ့ကျင့်ခန်းများသည်လည်း ကွီးတို့ရဲ့ ခြေသလုံးကြွက်သားများ၊ ပေါင်ကြွက်သားများကို သန်မာစေပါတယ်။ အလေးတုံးများ ထပ်ပေါင်းထည့်ကာ ဆော့ကစားပေးပါကလည်း လက်မောင်းကြွက်သားများအတွက် အထူးကောင်းမွန်လာပါလိမ့်မယ်။

လေ့ကျင့်ခန်း (၁)

Source: Marcus Filly

အရင်ဦးဆုံး ခြေထောက်နှစ်ဖက်ကို ပုခုံးအကျယ်အတိုင်း ချဲထားပါ။ ထို့နောက် နံရံ့ကိုမှီကာ ဒူးခေါင်းကို ၉၀ ဒီဂရီကွေးသွားသည်အထိ ကွေးညွှတ်လိုက်ပါ။ ထိုအနေအထားအတိုင်း ၃၀ စက္ကန့်ခန့် တောင့်ခံထားလိုက်ပါ။ ၃ ကျော့ ပြုလုပ်ရပါမယ်။

လေ့ကျင့်ခန်း (၂)

Source: Marcus Filly

ဒီတစ်ခါခြေထောက်တစ်ချောင်းတည်းနဲ့ Wall Sit ပြုလုပ်ရမှာဖြစ်ပါတယ်။ ဘယ်ခြေထောက် မပြီးတဲ့နောက်မှာ ညာခြေထောက် ပြောင်းကာ ထပ်မပေးရပါမယ်။ ဘယ်ညာကို တစ်ကြိမ်လို့ သတ်မှတ်ပြီး ၃ ကျော့ပြုလုပ်ရပါမယ်။

လေ့ကျင့်ခန်း (၃)

Source: Brian Donovan Fitness

ဒီတစ်ခါမှာတော့ Medicine ဘောလုံးလေးကိုင်ကာ Wall Sit လေ့ကျင့်ခန်းလေး ပြုလုပ်ရမှာဖြစ်ပါတယ်။ စက္ကန့် ၃၀၊ ၃ ကျော့ ပြုလုပ်ရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၄)

Source: Dan Ferrato

ဒီတစ်ခါမှာတော့ အလေးတုံးနှစ်တုံး လိုအပ်ပါလိမ့်မယ်။ စောစောကလေ့ကျင့်ခန်းတွေအတိုင်း ဒူးကို ၉၀ ဒီဂရီကွေးထားပါ။ ထို့နောက် အလေးတုံးနှစ်တုံးကို ပုခုံးအထိ မြှောက်ပေးလိုက်ပါ။ ထို့နောက် ဖြည်းဖြည်းချင်း ပြန်ချလိုက်ပါ။

အထက်ပါနည်းအတိုင်း တစ်လှည့်စီပြုလုပ်ရပါမယ်။

လေ့ကျင့်ခန်း (၅)

Source: Dan Ferrato

ဒူးကို ၉၀ ဒီဂရီ ကွေးညွှတ်ထားပါ။ လက်နှစ်ဖက်က အလေးတုံးကို ကိုင်မြှောက်ထားပါ။ ထို့နောက် တံတောင်ကို အပေါ်သို့ ဆန့်တန်းကာ အလေးတုံးနှစ်တုံးကို ထိကပ်ပေးလိုက်ပါ။ ထို့နောက် မူလအနေအထားအတိုင်း ပြန်နေပါ။

စက္ကန့် ၃၀၊ ၃ ကျော့စီ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

Source: Menshealth.com

Featured Image: Fitness Volt