သင်သည် လေ့ကျင့်ခန်းပြုလုပ်ရခြင်းကို မုန်းတီးနေတာမဟုတ်ပါဘူး။ တကယ်တော့ သင်သည် လေ့ကျင့်ခန်းပြုလုပ်ရတာကို နှစ်သက်ပေမယ့် သင့်ရဲ့အလုပ်၊ လူမှုရေးကိစ္စအဝဝ၊ သင့်ရဲ့မိသားစုဘဝ၊ ကလေးများကို ထိန်းကျောင်းရခြင်း အစရှိတဲ့ အကြောင်းအရင်းတွေကြောင့် လေ့ကျင့်ခန်း ပြုလုပ်ဖို့ အချိန်မပေးနိုင်တာပါ။ ကွီး တို့အနေနဲ့ ဒီလိုမျိုး မအားမလပ်နဲ့ အလုပ်များ နေတဲ့ ကြားထဲကတောင်မှ လေ့ကျင့်ခန်း များကို ပုံမှန်ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်းပြုလုပ်ခြင်းသည် ကိုယ့်အတွက် ကောင်းကျိုးတွေ ပေးစွမ်းနိုင်တယ်ဆိုတာကို သိတယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် လေ့ကျင့်ခန်းဘက်ကို ပြန်လည်ဦးလှည့်ဖို့လွယ်ကူပါလိမ့်မယ်။

အချို့ ကွီး တို့ကတော့ အလုပ်များ နေတဲ့ အတွက်ကြောင့် လေ့ကျင့်ခန်း မလုပ်ဖြစ်ဘဲ အထိုင်များကာ တဖြည်းဖြည်းဝိတ်တက်လာပြီး ကိုယ့်ရဲ့ကျန်းမာရေးကို တဖြည်းဖြည်း ထိခိုက်လာတာကို သတိမမူမိကြပါဘူး။

တစ်ရက်တစ်ရက်ကို အချိန်အများကြီး ပေးစရာမလိုပါဘူး

ကွီး အလုပ်များ လေ့ကျင့်ခန်း 

တစ်ရက်လျှင် နာရီဝက်ခန့် လမ်းပုံမှန်လျှောက်ပေးခြင်းသည် ဆီးချိုရောဂါနှင့် ကင်ဆာရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးပါတယ်။ ဒီ့ထက်ပိုပြီး ကျန်းမာရေးကောင်းကျိုးတွေ ခံစားချင်တယ်ဆိုရင်တော့ တစ်ပတ်လျှင် ၂ ရက် (သို့) ၃ ရက်ခန့်ကို Strength Training လေ့ကျင့်ခန်းများ နာရီဝက်ခန့် ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

ကွီး တို့အနေနဲ့ အလုပ်များ နေတဲ့ကြားထဲက အခုလိုမျိုး လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပေးတဲ့အခါ အခုဖော်ပြပေးမယ့် အကျိုးကျေးဇူးများကို ခံစားရရှိမှာပါ။

ကျန်းမာပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်စေခြင်း

ကွီး အလုပ်များ လေ့ကျင့်ခန်း 

စိတ်ကျရောဂါ၊ မကြာခဏ ဒေါသထွက်လွယ်ခြင်း အစရှိသည်တို့သည် စိတ်ကျန်းမာရေး မကြံ့ခိုင်သောသူတွေ ကြုံတွေ့ရလေ့ရှိတာဖြစ်ပါတယ်။ သင့်အနေနဲ့ တစ်ရက်ကို မိနစ် ၃၀ ခန့်ပဲ အချိန်ပေးခြင်းအားဖြင့် တစ်နေ့တာလုံး ဖျတ်လတ်လန်းဆန်းတက်ကြွနေမှာဖြစ်ပြီး စိတ်ကျရောဂါ ခံစားရခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။ ညဘက်မှာလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေမှာဖြစ်ပါတယ်။

သင်သည် အသက် ၂၅ နှစ်ပဲဖြစ်ဖြစ် အသက် ၅၅ နှစ်ပဲဖြစ်ဖြစ် ဘယ်အသက်အရွယ်မှာပဲရှိနေပါစေ လေ့ကျင့်ခန်း ပြုလုပ်ခြင်းသည် အရေးကြီးပါတယ်။ လေ့ကျင့်ခန်း ပြုလုပ်ပေးမှသာလျှင် ကျန်းမာပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်မှာမဟုတ်လား။

အဝလွန်ရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးခြင်း

man busy life and workout

မြန်မာလူမျိုးများရဲ့ နေထိုင်စားသောက်မှုပုံစံအရ အသက် ၃၀ ကျော်လာပြီဆိုတာနဲ့ ဗိုက်တဖြည်းဖြည်း ပူလာတတ်ပြီး ဆယ်စုနှစ်တစ်ခုစာခန့် ကျော်သွားတဲ့အခါ အဝလွန်ရောဂါကို ခံစားရလာပါလိမ့်မယ်။ ဒီလိုမျိုး အဝလွန်ရောဂါ ခံစားရခြင်းမှ ကာကွယ်ချင်တယ်ဆိုရင်တော့ ငယ်ရွယ်စဉ်ကတည်းက လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။

အရိုးအဆစ်များကို သန်မာစေခြင်း

man busy life and workout

Photo: Remedysportsmed

အသက် (၃၀) ကျော်လာပြီဆိုတာနဲ့ အရိုးတည်ဆောက်ပုံတွေသည် တဖြည်းဖြည်းအားနည်းသွားမှာဖြစ်ပါတယ်။ ဒီလိုနဲ့ အသက် ၄၀၊ ၅၀ ကျော်လာတဲ့နောက်မှာတော့ ဒူးနာခြင်း၊ ခါးနာခြင်း အစရှိတဲ့ အရိုးအဆစ်များ နာကျင်ကိုက်ခဲမှုဝေဒနာကို တဖြည်းဖြည်း ခံစားလာရတတ်ပါတယ်။ ကွီး တို့အနေနဲ့ အလုပ်များ တဲ့ကြားထဲကနေမှ လေ့ကျင့်ခန်း အတွက် မိနစ် ၃၀ ခန့် အချိန်ပေးမယ်ဆိုရင် ဒူးနာရောဂါနှင့် အခြားသော အဆစ်အမြစ်များ နာကျင်ရောင်ရမ်းခြင်းမှ ကာကွယ်ပြီးသားဖြစ်သွားပါလိမ့်မယ်။

အထက်ဖော်ပြပါ အကျိုးကျေးဇူးများအပြင် ဆီးချိုရောဂါ၊ အူမကြီးကင်ဆာရောဂါတို့မှ ကာကွယ်ပေးပြီး လိင်မှုကိစ္စဆောင်ရွက်တဲ့အခါမှာလည်း ပိုမိုအမောခံနိုင်လာမှာဖြစ်ကာ ကိုယ့်ရဲ့အိမ်ထောင်ဖက်ကို သာယာပျော်ရွှင်မှု အပြည့်အဝပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးတိုးရောဂါ အစရှိတဲ့ နာတာရှည်ရောဂါများမှ ကာကွယ်ပေးပြီး ခန္ဓာကိုယ် သွေးလှည့်ပတ်စီးဆင်းမှုကို ကောင်းမွန်စေပါတယ်။

ဒီလိုအကြောင်းအရင်းများကြောင့်ပဲ ကွီးတို့အနေနဲ့ လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်သင့်တာဖြစ်ပါတယ်။

Source: Intermountainhealthcare.org

Featured Image: St Xavier’s School