အားကစားလိုက်စားတဲ့ ကွီး တို့အနေနဲ့ ကမ္ဘာ ပေါ်တွင် အားကစား အမျိုးအစား ဘယ်နှမျိုးခန့်ရှိတယ်လို့ ထင်ပါသလဲ။ အားကစားကို အဓိကအားဖြင့် တစ်ယောက်ချင်းစီ ယှဉ်ပြိုင်ကစားရတဲ့ အားကစားနှင့် အဖွဲ့လိုက်ယှဉ်ပြိုင်ရတဲ့ အားကစားဆိုပြီး အမျိုးအစား (၂) မျိုး ခွဲခြားထားပါတယ်။ ထိုအမျိုးအစား (၂) ကိုမှ ပေါင်းစပ်လိုက်တဲ့အခါ ကွီး တို့အတွက် ကမ္ဘာ ပေါ်ရှိ ဆော့ကစားစရာ အားကစား (၅၄) မျိုးဆိုပြီး ထပ်မံထွက်ပေါ်လာပြန်ပါတယ်။

အချို့အားကစားများသည် အန္တရာယ်ရှိပြီး အချို့အားကစားများသည် ပရော်ဖက်ရှင်နယ်ကစားသမားများအတွက် ဝင်ငွေများများရအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ ကမ္ဘာ့အချမ်းသာဆုံး သူဌေးများထဲတွင် ဒိတ်ဒိတ်ကြဲအားကစားသမားများ ပါဝင်နေတာကိုတော့ မေ့မထားသင့်ပါဘူး။

ဘယ်အားကစားမဆို ယှဉ်ပြိုင်ဆော့ကစားတဲ့အခါ ကိုယ်က တစ်ဖက်အသင်းထက် နည်းဗျူဟာအရရော သန်မာမှုပိုင်းပါ ပိုမိုအားကောင်းနေမှ အနိုင်ရမှာဖြစ်ပါတယ်။

ကွီး တို့အတွက် ကမ္ဘာ ပေါ်တွင် အားကစား မျိုးကွဲပေါင်း (၅၄) မျိုးရှိတဲ့အနက် ရေပန်းအစားဆုံး အားကစားအချို့ကို ဖော်ပြပေးလိုက်ရပါတယ်။

အဖွဲ့လိုက် လှေလှော်ခြင်း

world sports for kwee

ကနူးလှေကဲ့သို့ လှေသေးသေးလေးပေါ်တွင် လှေလှော်ကာ သတ်မှတ်ထားတဲ့ ရေပြင်အကွာအဝေးကို အရင်ဆုံးရောက်အောင် မြန်မြန်ဆန်ဆန် ကူးခတ်ရမှာဖြစ်ပါတယ်။ အဖွဲ့လိုက်ဆော့ကစားရတဲ့ အားကစားတစ်ခုပါ။

စကိတ်စီးခြင်း

world sports for kwee

ဒီအားကစားကတော့ မြန်မာနိုင်ငံမှာ ရေပန်းမစားပေမယ့် ဆီးနှင်းထူထပ်တဲ့နေရာတွေမှာတော့ ဆောင်းရာသီရောက်တိုင်းဆော့ကစားလေ့ရှိတဲ့ ပြိုင်ပွဲတစ်ခုပဲဖြစ်ပါတယ်။ အိုလံပစ်ပြိုင်ပွဲတစ်ခုဖြစ်ပြီး လှလှပပနဲ့ စကိတ်စီးပြီး ခုန်ပြနိုင်သူသည် အမှတ်ပိုရမှာဖြစ်ပါတယ်။

ရေလွှာလျှောစီးခြင်း

world sports for kwee

တစ်ဦးချင်း အားကစားတစ်ခုဖြစ်ပြီး ရေလှိုင်းတွေပေါ်မှာ ရေလွှာလျှောစီးရမှာဖြစ်ပါတယ်။ ဒီနေရာသည် ပင်လယ်ပြင်တွေမှာသာ ဆော့ကစားရတဲ့အပြင် ခန့်မှန်းရခက်တဲ့ လှိုင်းလုံးတွေအကြား ဆော့ကစားရတဲ့အတွက် အနည်းငယ်တော့ အန္တရာယ်များပါတယ်။

Snorkeling

world sports for kwee

ဒီအားကစားကိုတော့ ကမ်းခြေသို့ အလည်အပတ်လာကြတဲ့သူတွေတော်တော်များများ ပြုလုပ်ကြတဲ့ ရေအောက်အားကစားတစ်ခုဖြစ်ပါတယ်။

အိုလံပစ်ရေကူးခြင်း

world sports for kwee

အိုလံပစ်မှာ ဝင်ပြိုင်ဖို့ဆိုရင် နှစ်နဲ့ချီပြီး လေ့ကျင့်ရတဲ့ အားကစားတစ်ခုဖြစ်ပါတယ်။ ရိုးရိုးအပျော်တမ်းရေကူးတာထက် အိုလံပစ်ရေကူးခြင်းက ပိုမိုတာဝန်ကြီးတဲ့အားကစားတစ်ခုပါ။

လှေလှော်အားကစား

world sports for kwee

ဒီအားကစားကတော့ ကနူးလှေနဲ့ လှော်ခတ်ရတဲ့ ပုံချင်းလည်း မတူသလို အသုံးပြုထားတဲ့ လှေအမျိုးအစားလည်း မတူပါဘူး။ ကနူးလေးဖြင့် လှော်ခတ်ခြင်းထက် ဒီလှေလှော်ခြင်းက ရေပြင်ပိုကျယ်တဲ့နေရာမှာ ယှဉ်ပြိုင်ရတာဖြစ်ပါတယ်။ သူ့ကိုလည်း အိုလံပစ်အားကစားပြိုင်ပွဲတွေထဲမှာ ထည့်ထားပါသေးတယ်။

မြှားပစ်ခြင်း

world sports for kwee

ဒီအားကစားကတော့ တစ်ဦးချင်းစီ ယှဉ်ပြိုင်ရတဲ့ အားကစားတစ်ခုဖြစ်ပြီး ကျွမ်းကျင်ဖို့ရန်အတွက် အချိန်တစ်ခုယူရပါလိမ့်မယ်။ သူသည်လည်း အိုလံပစ်အားကစားတစ်မျိုးပဲဖြစ်ပါတယ်။

လက်ဝှေ့ထိုးခြင်း

world sports for kwee

လက်ဝှေ့အားကစားကတော့ ကမ္ဘာပေါ်မှာ ပေါ်ပြူလာအဖြစ်ဆုံး အားကစားတွေထဲက တစ်ခုအပါအဝင်ပါပဲ။ ဒီအားကစားကိုတော့ သူ့ဝိတ်တန်းအလိုက် ပါဝင်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ဒီအားကစားသည် ယှဉ်ပြိုင်ထိုးကြိတ်ရတဲ့ အားကစားဖြစ်တဲ့အားလျော်စွာ ဦးနှောက်ထိခိုက်နိုင်ခြင်းအပြင် မျက်နှာနှင့် ခန္ဓာကိုယ်တို့တွင်လည်း ပြင်းထန်တဲ့ထိခိုက်ဒဏ်ရာများ ရတတ်ပါတယ်။

ပြေးခြင်း

world sports for kwee

ဒီအားကစားကတော့ အားလုံးနဲ့ ရင်းနှီးပြီးသားအားကစားတစ်ခုဖြစ်မှာပါ။ သူ့မှာ တာတိုပြိုင်ပွဲ၊ တာဝေးပြိုင်ပွဲ၊ မာရသွန်ပြိုင်ပွဲစသည်ဖြင့်လည်း အမျိုးအစား အမျိုးမျိုး ခွဲခြားထားပါသေးတယ်။

စက်ဘီးစီးခြင်း

world sports for kwee

ဒီအားကစားသည်လည်း လူကြိုက်များတဲ့အားကစားတစ်ခုဖြစ်ပါတယ်။ သူ့ကို အသင်းလိုက်ဖြစ်စေ၊ တစ်ယောက်ချင်းဖြစ်စေ ဆော့ကစားနိုင်ပေမယ့် တစ်ယောက်ချင်းစီ ပါဝင်ယှဉ်ပြိုင်တာကတော့ ပိုပြီးရေပန်းစားပါတယ်။

ဓားသိုင်းအားကစား

world sports for kwee

ယှဉ်ပြိုင်သူနှစ်ယောက် ဓားသိုင်းယှဉ်ပြိုင်ရတဲ့ အားကစားတစ်ခုဖြစ်ပြီး ပိုပြီးလျင်မြန်သွက်လက်ကာ နည်းဗျူဟာ ပိုကြွယ်တဲ့သူက အမှတ်ပိုရမှာဖြစ်ပါတယ်။

ရေခဲပြင်စကိတ်အလှစီးခြင်း

world sports for kwee

ရိုးရိုးစကိတ်စီးတဲ့ပုံစံမျိုးမဟုတ်ဘဲ ကိုယ်နေဟန်ထား လှလှပပနဲ့ ကကွက်အနေအထားမျိုးစုံဖြင့် စကိတ်စီးနင်းရမှာဖြစ်ပါတယ်။ ဒီအားကစားသည်လည်း အိုလံပစ်အားကစားထဲတွင် ပေါ်ပြူလာဖြစ်တဲ့အားကစားတစ်ခုပါပဲ။ တစ်ယောက်ချင်းစီဖြစ်စေ၊ စုံတွဲလိုက်ဖြစ်စေ၊ သုံးယောက်တွဲဖြစ်စေ ပါဝင်ယှဉ်ပြိုင်လေ့ရှိကြပါတယ်။

နပမ်းအားကစား

world sports for kwee

နပမ်းသတ်ခြင်းသည်လည်း ကမ္ဘာနှင့်တစ်ဝှမ်းတွင် ဆော့ကစားလေ့ရှိတဲ့ အားကစားတစ်မျိုးပဲဖြစ်ပါတယ်။ ဆူမိုနပမ်းကတော့ ဂျပန်ရိုးရာအားကစားတစ်ခုဖြစ်ပါတယ်။ သူ့ကိုလည်း လက်ဝှေ့ပွဲလိုပဲ ဝိတ်တန်းအမျိုးအစားအလိုက် ယှဉ်ပြိုင်ဆော့ကစားရမှာဖြစ်ပါတယ်။

ဘေ့စ်ဘောအားကစား

world sports for kwee

ဒီအားကစားသည်လည်း ကွီး တို့အားလုံး နှစ်သက်ကြတဲ့ ကမ္ဘာ ပေါ်ရှိ အားကစား များထဲက တစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။

ဘတ်စကက်ဘော

world sports for kwee

အိုလံပစ်ပွဲများတွင်တော့ ဘက်စကတ်ဘောကို မိုးလုံလေလုံအားကစားကွင်းထဲမှာ ကျင်းပပြုလုပ်လေ့ရှိပါတယ်။ ဘက်စကတ်ဘော လောကတွင်တော့ Michael Jordan နဲ့ Kobe Bryant တို့ကတော့ နာမည်ကြီးပါပဲ။

တင်းနစ်ကစားခြင်း

world sports for kwee

တင်းနစ်ကစားခြင်းသည်လည်း အရည်အချင်းအများအပြားလိုအပ်ပြီး တိကျသေချာမှု၊ လျင်မြန်မှုနှင့် ခွန်အားတို့ လိုအပ်ပါတယ်။ ဒီအားကစားကတော့ တစ်ယောက်ချင်းဖြစ်စေ၊ စုံတွဲလိုက်ဖြစ်စေ ဆော့ကစားနိုင်ပါတယ်။

ကြက်တောင်ရိုက်ခြင်း

ကွီး ကမ္ဘာ အားကစား

ဒီအားကစားကတော့ မြန်မာနိုင်ငံမှာလည်း တော်တော်လေး လူကြိုက်များတဲ့ အားကစားတစ်ခုပဲဖြစ်ပါတယ်။ ရပ်ကွက်တွေထဲမှာပဲဖြစ်ဖြစ် တင်းနစ်ကွင်းတွေထဲမှာပဲဖြစ်ဖြစ် ကလေးငယ်များ ကြက်တောင်ရိုက်နေတာကို တွေ့မြင်နိုင်ပါတယ်။

ဘိုးလင်းပစ်ခြင်း

ကွီး ကမ္ဘာ အားကစား

ဒီအားကစားကတော့ ပြိုင်ဆိုင်မှုထက်စာရင် စိတ်အပန်းဖြေဖို့အတွက် ဆော့ကစားလေ့ရှိကြပါတယ်။

ခရစ်ကတ်အားကစား

ကွီး ကမ္ဘာ အားကစား

ဒီအားကစားကိုတော့ ကမ္ဘာပေါ်ရှိ လူသန်းပေါင်း ထက်ဝက်ကျော်ခန့်က နှစ်သက်ကြပါတယ်။ များသောအားဖြင့်တော့ အင်္ဂလန်၊ ကာရေဘီယန်၊ တောင်အာရှနှင့် တောင်အာဖရိကတိုက်ရှိ အားကစားပရိသတ်များက တစ်ခဲနက်အားပေးကြပါတယ်။

ဘောလုံးအားကစား

ကွီး ကမ္ဘာ အားကစား

ဒီအားကစားကတော့ နံပါတ် (၁) လူကြိုက်အများဆုံး အားကစားလို့တောင် ပြောနိုင်ပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းခန့်က ဘောလုံးအားကစားကို တစ်ခဲနက်အားပေးကြတာဖြစ်ပါတယ်။

ဂေါ့ဖ်ရိုက်ခြင်း

ကွီး ကမ္ဘာ အားကစား

Luxury ဆန်တဲ့ အားကစားတစ်ခုလို့ ပြောရမှာပါပဲ။ ဂေါ့ဖ် လို့ပြောလိုက်တာနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ လုပ်ငန်းသဘောအရ ဆော့ကစားလေ့ရှိတာကို မြင်တွေ့ကြရမှာဖြစ်ပါတယ်။

Source: Penaltyfile

Featured Image: Thegamehaus