ခရီးသွား ရတာ ပျော်မွေ့တဲ့ ကွီး တို့အနေနဲ့ ကမ္ဘာ့ဈေးအကြီးဆုံး ဟိုတယ် တစ်ခုခုမှာ အားရပါးရအနားယူကာ ဇိမ်ခံချင်ပေမယ့် ထိုဟိုတယ်ရဲ့ တစ်ညတာ တည်းခိုစရိတ်က ဘယ်လောက်ကုန်ကျမှန်းမသိ ဖြစ်နေပါသလား။
အခုဖော်ပြပေးမယ့်အရာကို ဆက်လေ့လာကြည့်မယ်ဆိုရင်တော့ ခရီးသွား ချစ်သူ ကွီး တို့အတွက် ကမ္ဘာ့ဈေးအကြီးဆုံး ဟိုတယ် များနဲ့ သူတို့ရဲ့ တစ်ညတာဈေးနှုန်းကို သိရှိသွားမှာပဲ ဖြစ်ပါတယ်။
ရယ်ဒီဖြစ်ပြီဆိုရင်တော့ အတူတူဆက်လေ့လာကြည့်လိုက်ရအောင်။
Lover’s Deep Luxury Submarine

ဒီဟိုတယ်ကတော့ ကမ္ဘာ့ဈေးအကြီးဆုံး နံပါတ် (၁) ဟိုတယ်ပဲဖြစ်ပါတယ်။ ရေအောက်ဟိုတယ်တစ်ခုဖြစ်ပြီး တစ်ညတည်းခိုစရိတ်ကတော့ ဒေါ်လာ ၁၇၅၀၀၀ ဖြစ်ပါတယ်။
Palms Casino Resort Empathy Suite

လပ်စ်ဗီးကပ်စ်မှာ တည်ရှိတဲ့ ဟိုတယ်တစ်ခုဖြစ်ပြီး ဒုတိယဈေးအကြီးဆုံး ဟိုတယ်တစ်ခုဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၀၀၀၀၀ ဖြစ်ပါတယ်။
Hotel President Wilson Royal Penthouse Suite

ဆွစ်ဇာလန်မြို့ရှိဟိုတယ်တစ်ခုဖြစ်ပြီး တစ်ညတည်းခိုစရိတ် ဒေါ်လာ ၈၀၀၀၀ ဖြစ်ပါတယ်။
The Mark Penthouse

နယူးယော့ခ်မြို့ရှိ ဟိုတယ်တစ်ခုဖြစ်ပြီး တစ်ညတည်းခိုခကတော့ ဒေါ်လာ ၇ သောင်းခွဲပါ။
Laucala Island Resort Hilltop Estate

လှပတဲ့ ကမ်းခြေအလှအပကို ရင်သပ်ရှုမောစွာ ခံစားချင်တယ်ဆိုရင်တော့ Laucala ကျွန်းပေါ်ရှိ ဒီဟိုတယ်လေးမှာ သွားရောက်တည်းခိုနိုင်ပါတယ်။ သူကတော့ ဒေါ်လာ ၆ သောင်းကျော် ကုန်ကျမှာဖြစ်ပါတယ်။
Four Seasons Hotel

ဒီဟိုတယ်ကတော့ Mandalay Bay Resort နဲ့ ကာစီနိုတို့နဲ့ တွဲလျက်တည်ရှိတာဖြစ်ပါတယ်။ Mandalay Bay Resort ကို အမည်ခေါ်တွင်ထားခြင်းကလည်း သမိုင်းကြောင်းရှိပါတယ်။ မြန်မာပြည်ကြီး နယ်ချဲ့ဘဝကျရောက်စဉ် Mandalay ဆိုတဲ့ ကဗျာကို ၁၈၉၀ ခုနှစ်တုန်းက Rudyar Kipling ဆိုသူ ကဗျာဆရာက ရေးဖွဲ့ သီကုံးထားတာဖြစ်ပါတယ်။ ထိုကဗျာကို အစွဲပြုထားကာ နာမည်ပေးထားခြင်းဖြစ်ပါတယ်။
Grand Hyatt Cannes Hotel Martinez

ပြင်သစ်နိုင်ငံရှိ ဟိုတယ်တစ်ခုဖြစ်ပြီး တည်းခိုစရိတ်ကတော့ ဒေါ်လာ ၅ သောင်း ၃ ထောင် ကုန်ကျမှာဖြစ်ပါတယ်။
The Muraka Suite

မော်ဒိုက်ကို သွားလည်ဖြစ်တဲ့အခါ ဒီဟိုတယ်မှာ တည်းခိုသင့်ပါတယ်။ သူကတော့ တစ်ညလျှင် ဒေါ်လာ ၅ သောင်း ကုန်ကျမှာဖြစ်ပါတယ်။
The Hilltop Villa

လုံးချင်းအိမ်ပုံစံဟိုတယ်လေးပဲဖြစ်ပါတယ်။ သူကတော့ Laucala ကျွန်းမှာ တည်ရှိတာဖြစ်ပြီး တစ်ည တည်းခိုခကတော့ ဒေါ်လာ ၄၅၀၀၀ ဖြစ်ပါတယ်။
The Plaza

ဒီဟိုတယ်ကတော့ နယူးယော့ခ်မြို့မှာ တည်ရှိပြီး မြို့တစ်ခုလုံးရဲ့အလှကို အပေါ်စီးကနေ ရင်သပ်ရှုမောစွာ ကြည့်ရှုနိုင်မယ့် နေရာတစ်ခုပဲဖြစ်ပါတယ်။ တစ်ည တည်းခိုခကတော့ ဒေါ်လာ ၄၀၀၀၀ ဖြစ်ပါတယ်။
ခရီးသွား ချစ်သူ ကွီး တို့လည်း ထိုနေရာများသို့ တစ်ခါတစ်ခေါက် ရောက်ဖြစ်တဲ့အခါ ဈေးအကြီးတုံး ဟိုတယ် များတွင် ဇိမ်ယူရင်း အားရပါးရအနားယူလိုက်ပါ။
Source: Manofmany
Featured Image: Lonelyplanet
