တင်းနစ် ဆော့ကစားရတာ ကြိုက်နှစ်သက်တဲ့ ကွီး တို့အတွက် တင်းနစ်ဆော့ကစားနေချိန်မှာ ဆွဲဆောင်မှုရှိရှိနဲ့ ဖက်ရှင် ကျနေစေဖို့ရန်အတွက် နည်းလမ်းကောင်းတစ်ခု ဝေမျှပေးချင်ပါတယ်။ ထိုနည်းလမ်းကောင်းကတော့ ဖက်ရှင်ကျတဲ့ တင်းနစ်အားကစားဝတ်စုံများ ဝတ်ဆင်ကာ ဆော့ကစားးခြင်းပဲဖြစ်ပါတယ်။

ဘယ်လို တင်းနစ်အားကစားဝတ်စုံတွေက ကွီး တို့ကို ဖက်ရှင်ကျအောင် ကူညီပေးမလဲ။ တင်းနစ် အားကစားချစ်သူ ကွီး တို့အတွက် အလိုအပ်ဆုံး ဖက်ရှင် အသုံးအဆောင်ပစ္စည်း တွေက ဘယ်ပစ္စည်းတွေဖြစ်မလဲ။

အားကစားဦးထုပ်

tennis fashion for kwee

သင့်ရဲ့ မျက်လုံးများကို နေရောင်ခြည်တိုက်ရိုက်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ဖို့အတွက် အားကစားဦးထုပ်က မရှိမဖြစ်လိုအပ်ပါတယ်။ ဦးထုပ် မဆောင်းချင်ဘူးဆိုရင်လည်း ခေါင်းစည်းလေး စည်းထားလိုက်ပါ။ ဒါဆိုရင် တဒီးဒီးကျနေတဲ့ ချွေးတွေ မျက်လုံးထဲ ဝင်ရောက်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ ဒါဆိုရင်တော့ တင်းနစ်ကို သေသေချာချာအာရုံစိုက်ကာ ဆော့ကစားနိုင်ပါပြီ။

ပေါ့ပေါ့ပါးပါးနဲ့ လေဝင်လေထွက်ကောင်းတဲ့ တီရှပ်

tennis fashion for kwee

ချည်သားနဲ့ ရောစပ်ကာ ချုပ်လုပ်ထားတဲ့ အားကစားတီရှပ်ဆိုရင်တော့ အကောင်းဆုံးပဲပေါ့။ ချည်သားသည် အသားအေးတဲ့အတွက်ကြောင့် ချွေးအလွန်အမင်းထွက်လာပြီး ပူအိုက်တဲ့အချိန်မှာ ခန္ဓာကိုယ်ကို အေးမြနေစေမှာဖြစ်ပါတယ်။

တင်းနစ်ဘောင်းဘီတို

tennis fashion for kwee

အရည်အသွေးကောင်းတဲ့ တင်းနစ်ဘောင်းဘီတိုတစ်ထည်လည်း ဝယ်ယူထားဖို့လိုအပ်ပါတယ်။ ဖြစ်နိုင်ရင်တော့ ဘောင်းဘီကို မဝယ်ခင်မှာ အစမ်းဝတ်ကြည့်သင့်ပါတယ်။ ဒါမှ ဆော့ကစားတဲ့အချိန်မှာ ပေါ့ပေါ့ပါးပါးနဲ့ လွတ်လပ်စွာ လှုပ်ရှားဆော့ကစားနိုင်မလားဆိုတာကို သိရှိမှာဖြစ်ပါတယ်။

လက်ပတ်

တင်းနစ် ကွီး ဖက်ရှင်

တင်းနစ်ဘက်တံ ကိုင်ရတဲ့ လက်ကောက်ဝတ်မှာ လက်ပတ်လေး ပတ်ထားလိုက်ပါ။ ခြေကျင်းဝတ်မှာ ပတ်ပေးထားတဲ့အခါမှာလည်း ခြေကျင်းဝတ် လိမ်သွားခြင်းမှ ကာကွယ်ပေးမှာဖြစ်ပါတယ်။

အားကစားဖိနပ်

တင်းနစ် ကွီး ဖက်ရှင်

တင်းနစ် ဆော့ကစားတဲ့ ကွီး တို့အနေနဲ့ ဖက်ရှင်ကျတဲ့ ခြေညှပ်ဖိနပ်များ၊ ကွင်းထိုးဖိနပ်များနဲ့ တင်းနစ်မဆော့နိုင်တာကတော့ အသိသာကြီးပါပဲ။ သက်သောင့်သက်သာနဲ့ စတိုင်လ်အပြည့် ဆော့စားနိုင်ဖို့ဆိုရင် တင်းနစ်အားကစားဖိနပ်တွေ ရွေးချယ်စရာအများကြီးရှိပါတယ်။

ခြေအိတ်ရှည်

တင်းနစ် ကွီး ဖက်ရှင်

ခြေအိတ်အတိုများထက် ခြေအိတ်ရှည်များကို ဦးစားပေးသင့်ပါတယ်။ ဘောင်းဘီတိုဝတ်ဆင်ထားချိန်မှာ ခြေအိတ်ရှည် ဝတ်ဆင်ထားတဲ့အတွက်ကြောင့် အသားအရေကို တစ်စိတ်တစ်ပိုင်းကာကွယ်ထားရာရောက်ပါတယ်။

တင်းနစ် အားကစားချစ်သူ ကွီးတို့အနေနဲ့ အခုဖော်ပြသွားတဲ့ အားကစား ဖက်ရှင်အသုံးအဆောင်ပစ္စည်းများကို နှစ်ခြိုက်သဘောကျကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

Source: Outfittrends

Featured Image Source: Integrity-online88.top