နော်ဝေ တိုက်စစ်မှူး အာလင် ဟာလန်း ဟာ လာမယ့်နှစ်ပတ်အတွင်း ၎င်းရဲ့ အသင်းအသစ်ကို ရွေးချယ်တော့မှာဖြစ်တယ်လို့ Sportsmail မှာဖော်ပြထားပါတယ်။

Photo : Anytime Football

မန်ချက်စတာ စီးတီးအသင်းဟာ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ဥရောပကလပ်အသင်းတွေ ကြားမှာ တိုက်စစ်မှူး ဟာလန်း ကို ခေါ်ယူနိုင်လိမ့်မယ်လို့ အပြည့်အဝ ယုံကြည်နေပေမယ့်လည်း နော်ဝေသားနဲ့ သဘောတူညီမှုတစ်ခုမှ မလုပ်ရသေးဘူးပဲ ဖြစ်ပါတယ်။

မန်စီးတီး အသင်းဟာ အသက်၂၁ နှစ်အရွယ် ဒေါ့မွန်တိုက်စစ်မှူးကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ် ၊ ပီအက်စ်ဂျီ နဲ့ ဘာစီလိုနာအသင်းတို့နဲ့ အပြိုင်အဆိုင် ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

အဆိုပါ နော်ဝေသားဟာ သူရဲ့ နောက်ထပ်ပြောင်းရွေ့ကစားမယ့် အသင်းသစ်ကို လာမယ့်နှစ်ပတ်အတွင်းမှာ ကြေညာဖွယ်ရှိနေတယ်လို့ သတင်းအရင်းအမြစ်အချို့က ဖော်ပြထားပါတယ်။


Photo : Sports Illustrated

သတင်းတွေအရတော့ တိုက်စစ်မှူး ဟာလန်းဟာ မန်စီးတီး အသင်းနဲ့ ပုဂ္ဂိုလ်ရေးအရ ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပြီး ပရီးမီးယားလိဂ် ချန်ပီယံအသင်းအနေနဲ့ ၎င်းအား တစ်ပတ်လုပ်ခ ပေါင် ၅၀၀,၀၀၀ နဲ့အထက် ပေးချေဖို့ ဆန္ဒရှိနေပြီး ဒါဟာ ဟာလန်း ကို နိုင်ငံတွင်း ကစားသမားတွေထဲမှာ ဝင်ငွေအများဆုံး ကစားသမားတစ်ယောက် ဖြစ်လာစေမှာ ဖြစ်ပါတယ်။

ဟာလန်းဟာ ဒေါ့မွန်အသင်းနဲ့ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၆၃ သန်းရှိနေပြီး ၎င်းရဲ့အေးဂျင့်ဖြစ်သူ မီနိုရေယိုလာက ဟာလန်းရဲ့အဖေ မန်စီးတီးအသင်း ကွင်းလယ်ကစားသမားဟောင်းလို အပိုဆုကြေး ကြီးကြီးမားမားရဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

လုပ်ခလစာအပါအဝင် အပိုဆုကြေး စုစုပေါင်းဆိုရင် ဟာလန်းအတွက် သဘောတူညီမှုဟာ ပေါင် သန်း ၁၀၀ နီးပါးဖြစ်နိုင်ခြေ ရှိနေပါတယ်။

လူငယ်ခြေတက် တိုက်စစ်ကြယ်ပွင့် ဟာလန်းဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်က ဆဲလ်ဘတ်အသင်းကနေ ဒေါ့မွန်ကို ပြောင်းရွေ့လာပြီးကတည်းက လိဂ်ပွဲပေါင်း ၅၄ ပွဲမှာ သွင်းဂိုး ၅၆ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။ နိုင်ငံအသင်းအတွက်လည်း ၁၇ ပွဲ ကစားပေးထားပြီး ၁၅ ဂိုးအထိ သွင်းယူပေးထားပါတယ်။

Photo : Ace Football

မန်စီးတီး နည်းပြ ပက်ဂွာဒီယိုလာကတော့ အသင်းအတွက်လိုအပ်နေတဲ့ တိုက်စစ်ကစားသမားကောင်းတစ်ယောက်ကို အချိန်အတော်ကြာ ရှာဖွေနေခဲ့တာဖြစ်ပြီး ယမန်နှစ်ကလည်း တော့တင်ဟမ်ဟော့စပါးအသင်း တိုက်စစ်မှူး ဟာရီကိန်းကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် အောင်မြင်မှုမရခဲ့တာ ဖြစ်ပါတယ်။

Featured Photo : Daily Mail