Boots ဖိနပ် များ ဝတ်ဆင်ရတာကို ကြိုက်နှစ်သက်တဲ့ ကွီးတို့အတွက် ထိုဖိနပ်နဲ့ လိုက်ဖက်တဲ့ ဖက်ရှင် စတိုင်လ် အမျိုးမျိုးရှိပါတယ်။ များ သောအားဖြင့် Boots ဖိနပ် များကို မိုးရာသီနှင့် ဆောင်းရာသီများတွင် စတိုင်လ် ကျအောင် ဝတ်စားလေ့ရှိကြပါတယ်။ ဒါပေမဲ့ ကွီးတို့အနေနဲ့ ဖက်ရှင်စတိုင်လ်ကို သေချာရွေးချယ်တတ်မယ်ဆိုရင်တော့ နွေရာသီမှာလည်း ဖက်ရှင်ကျအောင် ရွေးချယ်နိုင်ပါသေးတယ်။
သို့သော် အပြင်မှာ အလွန်အမင်း ပူပြင်းခြောက်သွေ့တဲ့အချိန်မှာတော့ ဘွတ်ဖိနပ်တွေကိုမ ရွေးချယ်တာအကောင်းဆုံးပါပဲ။ ဘွတ်ဖိနပ်တွေကို ဘောင်းဘီတိုနဲ့ တွဲဝတ်ဖို့လည်း မစဉ်းစားလိုက်ပါနဲ့။ ဘယ်လိုမှ လိုက်ဖက်မှာမဟုတ်ပါဘူး။
ဒါ့အပြင် ဘွတ်ဖိနပ်များကို Formal အခမ်းအနားများ၊ ပွဲတက်အခမ်းအနားများအတွက် မဆင်မြန်းလိုက်ပါနဲ့။ ပွဲတက်အခမ်းအနားများအတွက်ဆိုရင်တော့ ရှူးဖိနပ်တွေက အသင့်တော်ဆုံးပါပဲ။
ဒီလိုဆောင်ရန် ရှောင်ရန်အချက်လေးတွေကို သိပြီဆိုရင်တော့ ကွီးတို့အတွက် Boots ဖိနပ် နဲ့ ဘယ်လို စတိုင်လ် ကျအောင် ဆင်မြန်းနိုင်မလဲဆိုတာ ဝေမျှပေးချင်ပါတယ်။
အနက်ရောင်၊ မီးခိုးရောင်တို့နှင့် တွဲဖက်ဝတ်ဆင်ပါ
အရောင်တွေ ရွေးချယ်ဝတ်ဆင်တဲ့အခါ သုံးရောင်ထက်ပိုပြီး မဝတ်ဆင်မိဖို့အရေးကြီးပါတယ်။ ဘောင်းဘီက တစ်ရောင်၊ အင်္ကျီက တစ်ရောင်၊ ဖိနပ်က တစ်ရောင် စသည်ဖြင့် ရွေးချယ်ဝတ်ဆင်နိုင်ပါတယ်။ သုံးရောင်ထက်ပိုပြီး ဝတ်ဆင်တဲ့အခါ သင့်ရဲ့ ဖက်ရှင်က လျှံထွက်သွားသလို ခံစားရမှာဖြစ်ပြီး အိုဗာဖက်ရှင်ဖြစ်သွားနိုင်ပါတယ်။
ဆောင်းရာသီ ဖက်ရှင်
ဆောင်းရာသီရောက်တဲ့အချိန်ကျရင်တော့ ဘွတ်ဖိနပ်နဲ့ ဒီလိုလေး ရှိုးထုတ်နိုင်ပါတယ်။ တကယ်လို့ နွေရာသီမှာ ဖက်ရှင်ကျချင်တယ်ဆိုရင်တော့ အပေါ်က ဂျက်ကတ်ကို ချွတ်ကာ တီရှပ်ကိုတော့ ဘောင်းဘီနဲ့ အရောင်မတူတာမျိုး ရွေးချယ်ဝတ်ဆင်နိုင်ပါတယ်။
ဂျင်းဘောင်းဘီနှင့် တွဲဖက်ဝတ်ဆင်ပါ
ဂျင်းအပြာလေးကတော့ ဘယ်တော့မှ ရိုးမသွားတဲ့ ဖက်ရှင်တစ်ခုဖြစ်ပြီး ကွီးတို့ကို ဆွဲဆောင်မှုရှိနေစေမှာအမှန်ပါပဲ။
သဘာဝဆန်တဲ့ အရောင်များနှင့် တွဲဖက်ဝတ်ဆင်ပါ
သဘာဝဆန်တဲ့ အရောင်များကတော့ အညိုရောင်၊ အသားရောင်များဖြစ်ပြီး ထိုအရောင်များကို ဘွတ်ဖိနပ်နဲ့ ဝတ်ဆင်နိုင်ပါတယ်။
စမတ်ကျကျဝတ်ဆင်ချင်တယ်ဆိုရင်တော ဒီလိုဝတ်ပါ
စမတ်ကျကျ ဝတ်ဆင်ချင်တဲ့ ကွီးတို့အနေနဲ့ ဘွတ်ဖိနပ်ကို အခုလိုမျိုး ဝတ်ဆင်နိုင်ပါတယ်။ ချီနိုဘောင်းဘီများ (သို့) စတိုင်လ်ဘောင်းဘီများကို ဦးစားပေးကာ ဝတ်ဆင်လိုက်ပါ။
ခရီးသွားဖက်ရှင်
အေးတဲ့ နေရာဒေသများဆီသို့ ခရီးသွားတဲ့အခါ ဒီလိုဖက်ရှင်မျိုးနဲ့ ရှိုးထုတ်လိုက်ပါ။
အရပ်ပုတဲ့ ကွီးတို့အတွက် ရှိုးထုတ်နိုင်မယ့်စတိုင်လ်
အရပ်ပုတဲ့ ကွီးတို့ကတော့ ဘောင်းဘီကို ဘွတ်ဖိနပ်ထဲ ထည့်ကာ ဝတ်ဆင်တာပဲဖြစ်ဖြစ် (သို့မဟုတ်) ဘောင်းဘီအောက်အနားသားလေးကို အပေါ်သို့ဆွဲဆင်တာမျိုးပဲဖြစ်ဖြစ် ပြုလုပ်နိုင်ပါတယ်။
ဂျင်းအပြဲနဲ့လည်း ဖက်ရှင်ကျနိုင်ပါသေးတယ်
ဂျင်းအပြဲ ဝတ်ဆင်ရတာ ကြိုက်နှစ်သက်တဲ့ ကွီးတို့ကတော့ ဘွတ်ဖိနပ်ကို ဂျင်းအပြဲနဲ့ တွဲဖက်ဝတ်ဆင်လိုက်ပါ။
လွတ်လပ်ပေါ့ပါးတဲ့ ဖက်ရှင်
တီရှပ်နဲ့ ဂျင်းဘောင်းဘီကတော့ ဘယ်တော့မှ ရိုးမသွားတဲ့ စတိုင်လ်တစ်ခုဖြစ်ပြီး လွတ်လပ်ပေါ့ပါးတဲ့အသွင်ကို ရရှိစေပါတယ်။
ပိန်ပါးတဲ့ ကွီးတို့အတွက် ဖက်ရှင်စတိုင်လ်
ပိန်ပါးတဲ့ ကွီးတို့အနေနဲ့ ဆွဲသားဘောင်းဘီနှင့် ဘွတ်ဖိနပ်တို့ကို တွဲဖက်ဝတ်ဆင်ကာ ရှိုးထုတ်နိုင်ပါတယ်။
အခုဖော်ပြသွားတဲ့ ဖက်ရှင်စတိုင်လ်အမျိုးအစား အမျိုးမျိုးကို ကွီးတို့အားလုံး သဘောကျလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
Source: Outfittrends
Featured Image Source: Toptrendguide