ကမ္ဘာပေါ်မှာ အချမ်းသာဆုံး Celebrity တွေထဲမှာ ရုပ်ရှင်မင်းသား ၊ မင်းသမီးတွေက ထိပ်ဆုံးတန်းက ဖော်ပြရပါတယ်။ အမေရိကန်ရုပ်ရှင် Industry ကြီးဖြစ်တဲ့ Hollywood ပြီးရင် Bollywood ဟာ ကမ္ဘာ့ဒုတိယအကြီးဆုံး ရုပ်ရှင်လောက ဖြစ်ပါတယ်။ ဒီလို ရုပ်ရှင်လောကထဲက ရုပ်ရှင်လောကသားတွေကလည်း ဝင်ငွေ သောက်သောက်လဲ ရပြီး အောင်မြင်နေကြတာပါပဲ။ ရုပ်ရှင်သရုပ်ဆောင်ကြေး ၊ ပွဲတက်ကြေး ၊ Brand အလိုက် သီးသန့် ကြော်ငြာရိုက်တာ ၊ ကိုယ်ပိုင်စီးပွားရေးလုပ်တာတွေကိုပါ ထည့်တွက်မယ်ဆိုရင် Bollywood ရုပ်ရှင်လောကသားတွေ ရတဲ့ ဝင်ငွေဟာ အားကျစရာကောင်းလောက်အောင် များပါတယ်။ ဒီတစ်ခေါက်တော့ Forbes India ကနေ ဖော်ပြထားတဲ့ အိန္ဒိယ ရဲ့ အချမ်းသာဆုံး ရုပ်ရှင်မင်းသား ကြီးတွေအကြောင်း မျှဝေတင်ဆက်ပေးချင်ပါတယ်။
(၅) Akshay Kumar
Photo : indiatimes
အိန္ဒိယရုပ်ရှင်မင်းသားတွေထဲမှာ ကမ္ဘာသိ လူကြိုက်အများဆုံး နဲ့ အတော်ဆုံး ရုပ်ရှင်မင်းသားကြီးတစ်လက်ကတော့ မင်းသားကြီး Akshay Kumar ပဲ ဖြစ်ပါတယ်။ Akshay Kumar ဟာ ရုပ်ရှင်ကားပေါင်း ၁၀၀ ကျော်မှာ သရုပ်ဆောင်ခဲ့ပြီး သူပါဝင်ခဲ့တဲ့ ရုပ်ရှင်ကားတွေဟာလည်း သောက်သောက်လဲ အမြတ်ပေါ်တာ များပါတယ်။ နာမည်ကျော် ရုပ်ရှင်မင်းသားမဖြစ်ခင်က စားဖိုမှူးဖြစ်ခဲ့တဲ့ သူဟာ Bollywood သရုပ်ဆောင်တွေထဲမှာ သရုပ်ဆောင်ကြေး အမြင့်ဆုံး မင်းသားတွေထဲက တစ်ဦးဖြစ်ပြီး ရုပ်ရှင်ကားတစ်ကားကို ရူပီး ၁၃၅ ကုဋေ ( မြန်မာငွေ သန်းပေါင်း ၃ သောင်းခွဲခန့်) ရပါတယ်။
ရုပ်ရှင်ဇာတ်ကားတွေကနေ အပြင် နာမည်ကျော် ကုမ္ပဏီကြီးတွေ ဖြစ်တဲ့ Honda Motorcycles ၊ LG Electronics ၊ Manappuram Gold Loan ၊ Thums Up ၊ Pepsi ၊ Micromax Mobile ၊ Red Lable Tea နဲ့ Relaxo ဖိနပ်ကုမ္ပဏီတွေအတွက်လည်း အလုပ်လုပ်ပေးပါတယ်။ လက်ရှိ အိန္ဒိယရဲ့ အချမ်းသာဆုံး သရုပ်ဆောင်တွေထဲမှာ Akshay Kumar က နံပါတ် ၅ အချမ်းသာဆုံး ဖြစ်ပြီး အသားတင် ပိုင်ဆိုင်မှု ဒေါ်လာ ၂၇၃ သန်း ( ရူပီး ကုဋေ ၁၉၁၁ ကုဋေ) ပိုင်ဆိုင်တယ်လို့ ဆိုပါတယ်။
(၄) Salman Khan
Photo : republicworld
Bhai Of Bollywood လို့ ခေါ်တဲ့ Salman Khan မပါရင် အိန္ဒိယရဲ့ အချမ်းသာဆုံး သရုပ်ဆောင်စာရင်းက ပြည့်စုံမှာ မဟုတ်ပါဘူး။ ဗလကြီး အယ်နေတဲ့ Hollywood မင်းသားတွေထဲမှာ Salman Khan လည်း ကျော်ကြားပါတယ်။ ရုပ်ရှင်သရုပ်ဆောင်အလုပ်အပြင် ရုပ်ရှင်ထုတ်လုပ်ရေး လုပ်ငန်းရှင် ၊ TV အစီအစဉ်တင်ဆက်သူအဖြစ်လည်း လုပ်ခဲ့ပြီး National Film Awards နှစ်ဆု နဲ့ Filmfare Awards နှစ်ဆု အပါအဝင် ဆုပေါင်းများစွာ ရရှိခဲ့တဲ့ မင်းသားလည်း ဖြစ်ပါတယ်။
Forbes မဂ္ဂဇင်းက ၂၀၁၅ ခုနှစ်ရဲ့ ကမ္ဘာ့တလွှား သရုပ်ဆောင်ကြေးအမြင့်ဆုံး Toip – Paid 100 Celebrity Entertainers စာရင်းမှာ ဒေါ်လာ ၃၃.၅ သန်း ရ သရုပ်ဆောင်အဖြစ် နံပါတ်စဉ် ၇၁ မှာ မင်းသားကြီး Amitabh Bachchan နဲ့အတူ ရပ်တည်နေပါတယ်။ Forbes ရဲ့ ၂၀၁၈ ခုနှစ် Top – Paid 100 Celebrity Entertainers စာရင်းမှာလည်း Salman Khan ဟာ ဝင်ငွေ ဒေါ်လာ ၃၇.၇ သန်း နဲ့ အဆင့် ၈၂ နေရာမှာ ရှိခဲ့ပါတယ်။ လက်ရှိ သူ့ရဲ့ ချမ်းသာမှုဟာ အသားတင် ဒေါ်လာသန်း ၃၁၀ (ရူပီး ကုဋေ ၂၁၇၀ ) ရှိတယ်လို့ ဆိုပါတယ်။
(၃) Hritik Roshan
Photo : bollywikia
လက်ပွားမင်းသားလို့ မြန်မာတွေ လူသိများတဲ့ Bollywood မင်းသား Hritik Roshan ဟာ အိန္ဒိယ ရုပ်ရှင်အသိုင်းအဝိုင်းမှာ နံပါတ် ၃ အချမ်းသာဆုံးအဖြစ် ဖော်ပြခံရပါတယ်။ ကမ္ဘာ့ရုပ်အဖြောင့်ဆုံး အမျိုးသားတွေထဲက တစ်ဦး ဖြစ်တဲ့ Hritik Roshan ဟာ ကိုယ်တိုင်ကလည်း ချမ်းသာ ကျော်ကြားတဲ့ မိသားစုအသိုင်းအဝိုင်းကနေ ကြီးပြင်းလာခဲ့သူ ဖြစ်ပါတယ်။
ရုပ်ရှင်သရုပ်ဆောင်အနေနဲ့ အသက်မွေးမှုအပြင် Coca-Cola ကုမ္ပဏီ ၊ Mountain Dew ၊ Donear ၊ Nirma ၊ OPPO Mobiles ၊ TATA Tigor ၊ MacroMan စတဲ့ Brands တွေနဲ့လည်း အလုပ်လုပ်ပါတယ်။ သူ့ရဲ့ ကိုယ်ပိုင် Casual Wear ဖက်ရှင် အမှတ်တံဆိပ် HRX ဟာလည်း လက်ရှိ ဈေးကွက်တန်ဖိုး ဒေါ်လာသန်း ၂၀၀ အထိ တန်ပါတယ်။ Hritik Roshan ဟာ အသားတင် ဒေါ်လာ ၃၇၁ သန်း ( ရူပီး ကုဋေ ၂၆၀၀) ချမ်းသာကြွယ်ဝပါတယ်။
(၂) Amitabh Bachchan
Photo : hindustantimes
အိန္ဒိယ ရုပ်ရှင်သမိုင်းရဲ့ ဩဇာအကြီးဆုံး နဲ့ လူအလေးစားခံရဆုံး ရုပ်ရှင်မင်းသား ကြီးတစ်ဦး ဖြစ်တဲ့ မင်းသားကြီး Amitabh Bachchan ဟာ ဒေါ်လာ သန်း ၄၀၀ ( ရူပီး ကုဋေ ၂၈၀၀ ) ခန့် ချမ်းသာပါတယ်။ ၁၉၇၀ ပြည့်လွန်နှစ်တွေကတည်းက သရုပ်ဆောင်လာတဲ့ သူဟာ အကျော်ကြားဆုံး နဲ့ အောင်မြင်ဆုံး ရုပ်ရှင်ကားတွေမှာ သရုပ်ဆောင်ခဲ့ပါတယ်။
Amitabh Bachchan ဟာ ကုမ္ပဏီလုပ်ငန်းတွေမှာလည်း ရင်းနှီးမြှပ်နှံမှုတွေ ဝင်ထည့်သူ ဖြစ်ပါတယ်။ Stampede Capital အင်ဂျင်နီယာကုမ္ပဏီမှာ ရှယ်ယာ ၃.၄% ပိုင်သလို အမေရိကန်ကော်ပိုရေးရှင်းတစ်ခု ဖြစ်တဲ့ Meridian School ကိုလည်း ဝယ်ထားပါတယ်။ ၂၀၁၉ ခုနှစ်မှာ မင်းသားကြီး Amitabh Bachchan ဟာ Dadasaheb Phalke Award အကောင်းဆုံး သရုပ်ဆောင်ဆု ရခဲ့ပါတယ်။
(၁) Shahrukh Khan
Photo : indianexpress
Bollywood’s King အဖြစ် သတ်မှတ်ခံရတဲ့ ရုပ်ရှင်မင်းသား ကြီး Shahrukh Khan ဟာ ၂၀၂၁ ခုနှစ်ရဲ့ အိန္ဒိယ ရဲ့ အချမ်းသာဆုံး သရုပ်ဆောင်ဖြစ်ပြီး စုစုပေါင်း ဒေါ်လာ သန်း ၆၀၀ ( ရူပီး ကုဋေ ၄၂၀၀) ချမ်းသာပါတယ်။ ပြောင်မြောက် အောင်မြင်လှတဲ့ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာ သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Shahrukh Khan ဟာ Red Chillies Entertainment နဲ့ လက်အောက်ခံ ကုမ္ပဏီလုပ်ငန်းတွေကိုလည်း ပိုင်ဆိုင်ထားပါတယ်။
ဒါ့အပြင် Indian Premier League Cricket Team တစ်ခုဖြစ်တဲ့ Kolkata Knight Riders အသင်း နဲ့ Caribbean Premier League Team တစ်ခု ဖြစ်တဲ့ Trinbago Knight Riders တို့ကို ပူးတွဲပိုင်ဆိုင်ထားပါတယ်။ ဒီလုပ်ငန်းတွေအပြင် နာမည်ကျော် Pepsi ၊ Nokia ၊ Hyundai ၊ Dish TV ၊ Decor ၊ Lux ၊ TAG Heuer နဲ့ တခြား Brands ကြီးတွေအတွက်လည်း အလုပ်လုပ်ပေးပါတယ်။
Shahrukh Khan ဟာ ရုပ်ရှင်ဇာတ်ကားတွေနဲ့ Commercials အတွက် တစ်ရက် သရုပ်ဆောင်ခ ရူပီး ၃.၅ ကုဋေ ကနေ ၄ ကုဋေခန့် ရသူလည်း ဖြစ်ပါတယ်။
Featured Photo : indianexpress