Vivo ရဲ့ Gaming-Focus စမတ်ဖုန်းအမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ iQOO ကနေ iQOO Newo 6 SE သစ် ကြေညာပါတယ်။ Snapdragon 870 SoC နဲ့ 64MP Triple Lens ပါ ဖုန်းပါ။ ဒီဇိုင်းကိုတော့ ရှေ့ဘက် Center Punch-Hole ကင်မရာပေါက် ၊ ကျောဘက်ဘောင်အခုံး နဲ့ Matte Texture ဒီဇိုင်း သုံးထားပါတယ်။ ကျောဘက်မှာ စတုဂံပုံ ကင်မရာ Module နဲ့လာပြီး အတွင်းမှာ LED Flash နဲ့အတူ Triple Lens စနစ် သုံးပါတယ်။ ၆.၆၂ လက်မ FHD+ AMOLED Display ၊ 1300 nits Peak Brightness နဲ့ 120Hz Refresh Rate ပါပါတယ်။

iQOO

Photo: ixbt

Dispaly ဟာ 10-Bit Colors ၊ HDR10+ နဲ့ ဂိမ်းကစားချိန် 1200Hz Touch Sampling Rate ပံ့ပိုးထားပါတယ်။ Selfie အတွက် 16MP ကင်မရာ သုံးပေးထားပါတယ်။ ကျောဘက် ကင်မရာအိမ်ထဲမှာ OIS ရုပ်ငြိမ်စနစ်ပါ 64MP Main Sensor ၊ 12MP Ultrawide Camera နဲ့ 2MP Depth Sensor တို့ပါလာပြီး AI Multi-Frame Fusion ရုပ်ထွက်ပြင်စနစ် နဲ့ အလင်းအားနည်းချိန် ရုပ်ထွက်သားနားမှုတွေအတွက် ကောင်းကောင်း ထောက်ပံ့နိုင်မှာပါ။

Snapdragon 870 Chipset ၊ RAM 12GB / UFS 3.1 Storage 256GB နဲ့ လာပါတယ်။ ဖုန်းအပူချိန် တက်မလာစေဖို့ Liquid Cooling System နဲ့ စတုရန်း မီလီမီတာ ၃၆၉၀၇ ရှိတဲ့ အပူစုပ်နိုင်မယ့် ၅ ဆင့်ပါ ဂရပ်ဖိုက်အလွှာတို့လည်း ထည့်သွင်းထားပါတယ်။ ဘက်ထရီပါဝါ 4700 mAh ဟာ 87W Flash Charging နဲ့ လာပြီး နာရီဝက်အတွင်း အားအပြည့်သွင်းနိုင်မယ်လို့ ကုမ္ပဏီက ကြေညာပါတယ်။

iQOO Neo

Photo: newsbytesapp

ဆော့ဖ်ဝဲလ်အနေနဲ့ Android 12 အခြေခံ OriginOS Ocean နဲ့ လာပါတယ်။ Orange ၊ Gradient Blue နဲ့ Gradient Green သုံးရောင်နဲ့ လာပြီး 8GB + 128GB Storage ကို ယွမ် ၂၀၀၀ (မြန်မာငွေ ၆ သိန်းကျော်) ကနေ အမြင့်ဆုံး‌ မော်ဒယ် 12GB + 256GB ဗားရှင်းကို ယွမ် ၂၅၀၀ ( မြန်မာငွေ ၇ သိန်းခွဲကျော်) ဈေးတွေ သတ်မှတ်ထားပါတယ်။

Featured Photo : gizmochina