အိပ်စက်ခြင်းဟာ လူတစ်ယောက်အတွက် အရမ်းကို အရေးကြီးပါတယ်။ ညဘက်တွေမှာ အိပ်ချိန်လုံလုံလောက်လောက် မရဘူးဆိုရင်တော့ ရေရှည်မှာ ဆိုးရွားတဲ့ ကျန်းမာရေး ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ညဘက်တွေ သိပ်မအိပ်ဖြစ်တဲ့ ကွီးတို့ သတိထားရမယ့် ကျန်းမာရေး ဆိုးကျိုး ပြဿနာတွေ ပြောပြပေးချင်ပါတယ်။

(၁) အဝလွန်

Photo : iStock

အဝလွန်တဲ့ နောက်အကြောင်းတစ်ခုကတော့ အိပ်ချိန်ဟန်ချက် မညီမျှခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အိပ်ရေးမဝရင် အစားပိုစားဖြစ်ပြီး ကိုယ်ခန္ဓာ ဟန်ချက်မညီပြီးဝလာဖို့၁၅% ပိုများပါတယ်။

(၂) ကိုယ်ခံအားစနစ် ကမောက်ကမဖြစ်ခြင်း

Photo : iStock

Immune System လို့ခေါ်တဲ့ ကိုယ်ခံအားစနစ် ကမောက်ကမဖြစ်ရင် ပြင်ပရောဂါတွေကူး စက်လာနိုင်ပြီး ဗိုင်းရပ်နဲ့ဘက်တီးရီးယားတွေကို ဖိတ်ခေါ်ရာ ရောက်နေမှာပါ။ အနည်းဆုံးအတွက် အိပ်ရေးမဝလို့အသားအရေနဲ့တစ်သျှုးတွေရဲ့ သွင်ပြင်ကအစ ထိခိုက်နိုင်ပါတယ်။ Cortisol ဟိုမုန်းအထွက်များလာပြီး အသားအရေကို ချောမွေ့နူးညံ့စေတဲ့ Collagen ကို ပြိုကွဲစေပါတယ်။

(၃) အူမကြီး ကင်ဆာ

Photo : iStock

အိပ်ရေးမဝရင် ခေါင်းကိုက်ပြီး မကြည်မလင် ဖြစ်ရုံလောက်လို့ မထင်လိုက်ပါနဲ့။ တစ်ညကို ၆ နာရီတောင် အိပ်ချိန်မပြည့်သူတွေဟာ အိပ်ရေးဝဝအိပ်ရသူတွေထက် အူမကြီးနဲ့ဆက်စပ်တဲ့ ကင်ဆာဖြစ်ဖို့ ၅၀% နီးနီး ပိုမြင့်တယ်လို့ ဆိုပါတယ်။

(၄) စိတ်ရှုပ်ထွေးခြင်း

Photo : iStock

စိတ်တိုလွယ်တာကတော့ အိပ်ရေးပျက်ပြီး နောက်တစ်နေ့မှာကို သိသာမြင်သာတဲ့ လက္ခဏာ ဖြစ်ပါတယ်။ ပိုဆိုးလာရင်တော့ The Machinist ဇာတ်ကားထဲက ခရစ်ရှန်ဘေးလ်လိုမျိုး စိတ်ဂယောင်ချောက်ချားဖြစ်ပြီး ထင်ယောင်ထင်မှားတွေ မြင်ရတဲ့အထိ ဆိုးသွားနိုင်ပါတယ်။ နောက်  တစ်ခုက စိတ်နဲ့ဆက်စပ်ပြီး စိတ်ဓါတ်ကျတာ ၊ ခံစားလွယ်တာ ၊ မှတ်ဉာဏ်တွေ မေ့လျော့ပျောက်ဆုံးလာတာ ဖြစ်နိုင်ပါတယ်။

(၅) သွေးတိုး

Photo : iStock

အိပ်ရေးပျက် သူတွေဟာ သွေးတိုးရောဂါဖြစ်ဖို့ ပိုများပါတယ်။ တစ်ညကို ၅ နာရီတောင် မအိပ်ဖြစ်ရင် သာမန်လူတွေထက် သွေးတိုးရောဂါဖြစ်ဖို့နှစ်ဆကျော် ဖြစ်နိုင်ခြေရှိပါတယ်။ ဒါနဲ့ဆက်စပ်ပြီး ဆီးချို ၊ သွေးချိုနဲ့နှလုံးအားနည်းတာပါ ဖြစ်နိုင်ပါတယ်။

Featured Photo : GQ México