မန်ချက်စတာယူနိုက်တက် အပယ်ခံ ဂျက်ဆီ လင်ဂတ် ဟာ မကြာမီအချိန်အတွင်း အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာတော့မှာဖြစ်တာကြောင့် အသင်း ၄ သင်းနဲ့ ပြောဆိုဆွေးနွေးနေတယ်လို့ သတင်းတွေအရ သိရပါတယ်။

Jesse Lingard

Photo: Express

ပီအက်စ်ဂျီအသင်းဟာ ဂျက်ဆီ လင်ဂတ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ အသင်းတွေထဲက တစ်သင်းဖြစ်ပြီး နယူးကာဆယ်လ်အသင်းဟာ ပြီးခဲ့တဲ့ဇန်နဝါရီလမှာ ခေါ်ယူနိုင်ခဲ့ခြင်းမရှိပေမယ့်လည်း စိတ်ဝင်စားနေဆဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း လင်ဂတ်ရဲ့ မန်ချက်စတာယူနိုက်တက်အသင်းကနေ ထွက်ခွာရမယ့်အချိန်ဟာ တဖြည်းဖြည်း နီးကပ်လာတာကြောင့် ဘယ်အသင်းကို ပြောင်းရွှေ့သွားမလဲဆိုတာ အာမခံချက် မရှိတာဖြစ်ပါတယ်။

လင်ဂတ်ဟာ နည်းပြ အိုလေ ဂန်နာ ဆိုးလ်ရှားလက်ထက်မှာရော ရန်းနစ်ခ် လက်ထက်မှာပါ စိတ်ပျက်စရာရာသီတွေကို ရင်ဆိုင်ခဲ့ရပြီးနောက် မန်ချက်စတာယူနိုက်တက်အသင်းမှာ ဒီအတိုင်း ဆက်နေချင်စိတ်မရှိတော့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ လင်ဂတ်ဟာ ပီအက်စ်ဂျီနဲ့ နယူးကာဆယ်လ်တို့ အပါအဝင် အသင်း ၄ သင်းနဲ့ ပြောဆိုဆွေးနွေးနေပေမယ့်လည်း အဲဒီ ၄ သင်းထဲမှာ အငှားနဲ့ သွားရောက်ကစားဖူးတဲ့ ဝက်စ်ဟမ်းယူနိုက်တက်တော့ မပါဘူးလို့ Daily Mail က ဖော်ပြခဲ့ပါတယ်။

Lingard's action against Newcastle United

Photo: Express

ပီအက်စ်ဂျီအသင်းဟာ ပြီးခဲ့တဲ့နှစ်တွေမှာ အပြောင်းအရွှေ့စျေးကွက်အတွင်း စာချုပ်သက်တမ်းကုန်ဆုံးလို့ အလွတ်နဲ့ ထွက်ခွာမယ့် ကစားသမားတွေကို အခွင့်ကောင်းယူပြီး ခေါ်ယူခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့နွေရာသီမှာ ရာမို့စ်၊ မက်ဆီနဲ့ ဒွန်နာရမ်းမားတို့လိုမျိုး ကမ္ဘာ့အဆင့်ကစားသမားတွေကို ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။

Featured Photo: