မန်ချက်စတာစီးတီး အသင်းဟာ အမြဲတမ်း တည်ရှိနေမယ့် အမွေအနှစ်တွေကို ချန်ထားခဲ့တဲ့ ဂန္တဝင်တိုက်စစ်မှူး အဂွေရို အတွက် ဂုဏ်ပြုတဲ့အနေနဲ့ ပုံတူရုပ်တုကို အီတီဟတ်ကွင်း အပြင်ဘက်မှာ ထုတ်ဖော်ပြသသွားခဲ့ပါတယ်။
Photo: The Sun
အာဂျင်တီးနားကြယ်ပွင့်တိုက်စစ်မှူးဟာ မန်စီးတီးရဲ့ သမိုင်းအဝင်ဆုံး သွင်းဂိုးကို ကျူပီအာနဲ့ ပွဲစဉ်မှာ သွင်းယူပေးခဲ့တာဖြစ်ပြီး အဲဒီသွင်းဂိုး ၁၀ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် မန်စီးတီးက ဂုဏ်ပြုခဲ့တာဖြစ်ပါတယ်။ ရုပ်တုပုံစံဟာ ၂၀၁၂ ခုနှစ်တုန်းက မန်ချက်စတာစီးတီးအတွက် နောက်ကျ အနိုင်ဂိုးကို သွင်းယူပေးပြီးနောက် အဂွေရိုရဲ့ အောင်ပွဲခံပုံဖြစ်ပြီး မန်စီးတီးဟာ အာဂျင်တီးနားကြယ်ပွင့်ရဲ့ နောက်ကျအနိုင်ဂိုးကြောင့် ပထမဆုံး ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပါတယ်။
“အဲဒီအခိုက်အတန့်က အရာအားလုံး ပြောင်းလဲသွားခဲ့တဲ့အခိုက်အတန့်လို့ ကျွန်တော် ထင်ပါတယ်။ ခင်ဗျား အဲဒီကနေ ၁၀ နှစ်အတွင်းကို ပြန်ကြည့်လိုက်မယ်ဆိုရင် အဲဒီအချိန်က ရှေ့မှာ ဘာတွေရှိနေလဲဆိုတာကို မိတ်ဆက်ပေးလိုက်တဲ့ အခိုက်အတန့်ဖြစ်ခဲ့ပါတယ်”လို့ မန်စီးတီးအသင်းဥက္ကဌ ခါလ်ဒွန်း အယ်လ် မူဘာရတ်က ပြောကြားခဲ့ပါတယ်။
Photo: Goal.com
“လွန်ခဲ့တဲ့ ၁၀ နှစ်က ကိုယ့်ကိုကိုယ် ပြန်မြင်ရမှာ အရမ်းကို စိတ်လှုပ်ရှားစရာပါပဲ။ မန်ချက်စတာက ကျွန်တော့်ရဲ့ ဘောလုံးသမားဘဝကို အသိအမှတ်ပြုတဲ့အနေနဲ့ ဒီလို လုပ်ပေးတဲ့အတွက် အသင်းကို အရမ်း ကျေးဇူးတင်မိပါတယ်။ အဲဒါက အရမ်းကို ထူးခြားတဲ့အရာတစ်ခုပါ”လို့ အဂွေရိုက ပြောကြားခဲ့ပါတယ်။
အဂွေရိုဟာ အင်္ဂလိပ်ဘောလုံးလောကမှာ ကစားခဲ့တဲ့ အမှတ်ရဖွယ် ၁၀ နှစ်တာ ကာလအတွင်း မန်ချက်စတာစီးတီးအသင်းရဲ့ တသက်တာထိပ်တန်းဂိုးသွင်းရှင် ဖြစ်လာခဲ့တာဖြစ်ပြီး အသင်းအတွက် ရယူပေးခဲ့တဲ့ အောင်မြင်မှုတွေကြောင့် ဗင်းဆင့် ကွန်ပနီ၊ ဒေးဗစ် ဆေးလ်ဗားတို့နဲ့အတူ ဂန္တဝင်ကစားသမားအဖြစ် ပရိသတ်တွေရင်ထဲမှာ ထာဝရကိန်းအောင်းနေတော့မှာဖြစ်ပါတယ်။
Featured Photo: Goal.com