ကိုယ်တွင်းထဲက အဆိပ်အတောက်တွေ ဖယ်ရှင်းတာကို Detox လုပ်တယ်လို့ ပြောကြပါတယ်။ Detox ဆိုတာ Detoxification ဒါမှမဟုတ် Detoxication ကို အလွယ်ခေါ်တာ ဖြစ်ပါတယ်။ ကိုယ်တွင်းအင်္ဂါတွေထဲ အဆိပ်တွေ စုဝေးမနေအောင် ဖယ်ရှားတာပါ။ များသောအားဖြင့် Detox လုပ်တယ်ဆိုတာ Diet Plan ချပြီး သီးသန့် Portion ထား စားတာကို ပြောလေ့ရှိပါတယ်။
Detox လုပ်တယ်ဆိုတာ အစားအသောက် ဂရုတစိုက်စီမံစားသောက်တာ အပြင် အရေပြား ၊ အသည်း ၊ ကျောက်ကပ် ၊ အစာချေစနစ် ၊ အဆုတ် စတဲ့ အစိတ်အပိုင်းတွေထဲက အဆိပ်အတောက်တွေ ကင်းစင်သွားစေဖို့ လူရဲ့ နေမှုထိုင်မှုတွေကိုပါ ပြောင်းပေးရတာ ဖြစ်ပါတယ်။ ဒီတစ်ခေါက်တော့ အမျိုးသား တွေအတွက် သဘာဝအတိုင်း Detoxing လုပ်နိုင်ဖို့ အကြံတချို့ မျှဝေပေးသွားမှာပါ။
(၁) အရက်လျှော့သောက်ပါ
Photo : Pexels
အရက်ရဲ့ ၉၀% ကျော်ဟာ အသည်းမှာ သွားပြီး စုဝေးနေတတ်ပါတယ်။ အသည်းအင်ဇိုင်းတွေဟာ အယ်လ်ကိုဟောကို Acetaldehyde လို့ ခေါ်တဲ့ ကင်ဆာဖြစ်စေတဲ့ ဓါတုပစ္စည်းတစ်မျိုးကို ပေါက်ပွားစေပါတယ်။ ဒီဓါတုပစ္စည်းကို ရှင်းဖို့အတွက် အရက်လျှော့သောက်ဖို့ ၊ လုံးဝရှောင်ကြဉ်ဖို့ လိုပါတယ်။ အသည်းရဲ့ လုပ်ဆောင်ချက်ကိုက Acetaldehyde ကို Acetate လို့ ခေါ်တဲ့ အန္တရာယ်ကင်းတဲ့ အရာဝတ္ထုတစ်မျိုးထုတ်ပါတယ်။ ဒါကြောင့် ဆရာဝန်တွေက အသည်းရဲ့ လုပ်ဆောင်ချက်ကို ပိုမြှင့်တင်နိုင်ဖို့ အရက်ကို လျှော့သောက်ဖို့ ပြောကြတာ ဖြစ်ပါတယ်။
(၂) အိပ်ပျော်အောင် အိပ်ပါ
Photo : Pexels
နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ဖို့နဲ့ အိပ်ရေးဝဖို့ဆိုတာ ခန္ဓာကိုယ် ကျန်းမာရေးနဲ့ သဘာဝအတိုင်း အဆိပ်အတောက် ဖယ်ရှင်းရေးစနစ်ကို အထောက်အကူပြုရေးမှာ မရှိမဖြစ် အရေးပါပါတယ်။ အိပ်စက်ခြင်းဟာ လူရဲ့ ဦးနှောက်ကို သူ့အလိုလို ပြန်စုစည်းပြီး အားသွင်းရာ ရောက်သလို တစ်နေ့လုံး စုစည်းနေတဲ့ အဆိပ်အတောက် ဘေးထွက်စွန့်ပစ်ပစ္စည်းတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။
(၃) ရေများများသောက်ပါ
Photo : Pexels
Detox လုပ်မယ်ဆိုရင် ရေများများ သောက်ဖို့ လိုပါတယ်။ ရေဟာ ခန္ဓာကိုယ် အပူချိန် ထိန်းညှိပေးတဲ့အပြင် အရိုးအဆစ်တွေ ချဉ်ဆီထုတ်ပေးနိုင်သလို အစာချေစနစ် ပိုကောင်းလာပြီး အာဟာရဓါတ် စုပ်ယူမှု ပိုမြင့်လာနိုင်ပါတယ်။ ရေသောက်ခြင်းအားဖြင့် မလိုအပ်တဲ့ စွန့်ပစ်အညစ်အကြေးတွေကိုလည်း ခန္ဓာကိုယ်ကနေ စွန့်ထုတ်သန့်စင်ပေးနိုင်ပါတယ်။
(၄) သကြားဓါတ်နဲ့ ပြုပြင်ထားတဲ့ အစားအသောက်တွေ ရှောင်ပါ
Photo : Pexels
သကြားနဲ့ တာရှည်ခံအောင် ပြင်ထားတဲ့ အစားအသောက်တွေက ကျန်းမာရေးအန္တရာယ်တစ်ခု ဖြစ်လာပါတယ်။ ဒီလို အစားအသောက်တွေ စားသောက်မှု မြင့်မားလာခြင်းဟာ အဝလွန်ခြင်းနဲ့ နှလုံး ၊ ကင်ဆာ ၊ ဆီးချိုသွေးချို နာတာရှည်ရောဂါတွေ အဖြစ်များစေပါတယ်။ လူရဲ့ ကိုယ်တွင်းအဆိပ်အတောက်တွေ သဘာဝအတိုင်းစွန့်ထုတ်မှုကိုလည်း လျော့ကျလာရာကနေ ကိုယ်တွင်းမှာ အဆိပ်တွေ စုဝေးလာနိုင်ပါတယ်။
ဒါကြောင့် Junk Food တွေ ရှောင်ပါ။ ဆားနဲ့ အငန်စား လျှော့ပါ။ ဆေးလိပ်ဖြတ်ပါ။ လတ်ဆတ်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အသီးအရွက်တွေ တိုးပြီး စားပေးဖို့လည်း လိုပါတယ်။ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ နဲ့ ဗိုက်တာမင် အေ ၊ စီ ၊ အီး ၊ Selenium ၊ Lycopene ၊ Lutein တို့ ပါတဲ့ ဘယ်ရီသီး ၊ သစ်သီးဝလံ ၊ အစေ့အဆံ ၊ ဟင်းသီးဟင်းရွက် ၊ ကော်ဖီ ၊ Green Tea တို့ များများ စားပေးဖို့ လိုပါတယ်။
(၅) တက်တက်ကြွကြွ နေထိုင်ပါ
Photo : Pexels
ပုံမှန် ကိုယ်လက်လှုပ်ရှားမှု ရှိခြင်းက လူ့သက်တမ်းရှည်ရှည် နေနိုင်စေသလို ရောဂါဆိုးကြီးတွေကြောင့် သေဆုံးနိုင်ခြေကိုပါ လျှော့ချပေးနိုင်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုကနေ ရတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေက အများသားပါ။ ရောင်ရမ်းမှုကို လျော့ကျစေပြီး ကူးစက်မှုနဲ့ ဒဏ်ရာရမှုကနေ အမြန်သက်သာလာနိုင်ပါတယ်။ တစ်ပတ်ကို အနည်းဆုံး မိနစ် ၁၅၀ ကနေ ၃၀၀ လောက် သိပ်မပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ လုပ်မယ်ဆိုရင် ကိုယ်တွင်းအဆိပ်အတောက်တွေ ရှင်းထုတ်ရာမှာ ပိုပြီး အရှိန်မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။
Featured Photo : fashionbeans