အချိန်စီမံခန့်ခွဲမှုဟာ ကျွန်တော်တို့ ဘဝအတွက် ဘယ်လောက်ထိ အရေးပါတယ်လို့ ထင်ပါသလဲ။ တစ်ခါတစ်လေမှာ အလုပ်တွေပိတာ ၊ အလုပ်ဝန်တွေကြောင့် ဖိအားများတာဟာ အချိန် စီမံခန့်ခွဲမှု ပိုင်းမှာ အားနည်းလို့ ဖြစ်ပါတယ်။ တစ်နေ့တာအတွက် အလုပ် ပိုမိုပြီးမြောက် အောင် လုပ်ဆောင်နိုင်ဖို့ဆိုရင် ကွီးတို့ရဲ့ အချိန်တွေကို ထိရောက်စွာ အသုံးချတက်ဖို့ အရေးကြီးပါတယ်။ အချိန်တွေကို သေချာ စီမံခန့်ခွဲနိုင်ခြင်းက အလုပ်အတွက်ရော ကိုယ်ပိုင်ဘဝအတွက်ပါ အကျိုးများစေပါတယ်။ ဒီတစ်ခေါက်မှာတော့ အချိန် စီမံခန့်ခွဲမှု စွမ်းရည် မြင့်တင်နိုင်ဖို့ ကွီးတို့ လိုက်နာရမယ့် နည်းလမ်းလေးအကြောင်း ပြောပြပေးချင်ပါတယ်။

(၁) ဦးစားပေး လုပ်ရမယ့် အလုပ်တွေ စာရင်းပြုစုထားပါ

Photo : Lifehack

တစ်နေ့တာကို စတင်ပြီဆိုတာနဲ့ ကွီးတို့ အရေးတကြီး အာရုံစိုက်ဖို့ လိုအပ်တဲ့ အလုပ်တွေကို အရင်ဆုံး စာရင်းပြုစုပါ။ ဒီနေ့အတွက် ဘယ်အလုပ်တွေကတော့ နံပါတ် ၁ ဦးစားပေး လုပ်ရမယ် ၊ ဘယ်အလုပ်တွေကတော့ အချိန်ဘယ်လောက်ရသေးတယ်ဆိုတာမျိုး ခွဲခြားသတ်မှတ်ပြီး အရေးကြီးတဲ့ ဦးစာပေးအလုပ်တွေကို အရင်ဆုံး လုပ်ဆောင်ပါ။ ဒါဆိုရင် အချိန်ကုန်သက်သာပြီး အချိန်ကုန်သလောက် အကျိုးရှိရှိ အလုပ်ပြီးနိုင်မှာ ဖြစ်ပါတယ်။

(၂) Deadlines သတ်မှတ်ပြီး အလုပ်လုပ်ပါ

Photo : Filthy Rich Writer

အလုပ်တစ်ခု လုပ်တဲ့အခါ Deadlines သတ်မှတ်ပြီး လုပ်တဲ့အကျင့်ကို မွေးပါ။ Deadlines သတ်မှတ်ထားတဲ့ ရက်ကို ကွီးတို့ရဲ့ အလုပ်စားပွဲ ဒါမှမဟုတ် နံရံမှာ ကပ်ထားပါ။ ဒီလိုလုပ်တာက ကွီးတို့ လုပ်ရမယ့် အလုပ်အပေါ် အာရုံစိုက်မှုပိုရစေပြီး သတ်မှတ်ရက်/ သတ်မှတ်ချိန်အတွင်းမှာ အလုပ်ပြီးမြောက်စေဖို့ ကူညီပေးနိုင်ပါတယ်။ Deadlines မတိုင်ခင် လုပ်ရမယ့် အလုပ်တာဝန်တွေ အားလုံးအပြီးသတ်နိုင်အောင် လုပ်ဆောင်ခြင်းက အချိန်ကိုအကောင်းဆုံး စီမံခန်ခွဲ နိုင်မှာဖြစ်သလို စိတ်ဖိစီးမှုလည်း လျော့စေပါလိမ့်မယ်။

(၃) အချိန်ဆွဲတဲ့ အကျင့်ကို ရပ်တန့်ပါ

Photo : Wrike

အချိန်ဆွဲ တယ်ဆိုတာ လူတိုင်းလိုလို လုပ်မိတက်တဲ့ အရာတစ်ခုဖြစ်သလို တစ်ခါတစ်လေမှာ ကိုယ့်ကိုယ်ကို သတိမထားမိလိုက်ပါပဲ အချိန်ဆွဲနေမိတဲ့ အခိုက်အတန့်တွေ ရှိပါတယ်။ များသောအားဖြင့် တစ်ရက်တာမှာ ငြီးငွေ့တာ ပျင်းတာတွေဖြစ်တဲ့ အခါမျိုးမှာ အချိန်ဆွဲလေ့ရှိကြပါတယ်။ အချိန်ဆွဲတဲ့အကျင့်ကို ဖျောက်ဖျက်ဖို့ ခက်ခဲတယ်ဆိုပေမယ့် ဒါဟာအလေ့အကျင့်တစ်ခုပါပဲ။ အစပိုင်းမှာ ခက်ခဲကောင်း ခက်ခဲနိုင်ပါတယ်။ ဒါပေမယ့် စိတ်ပူမပါနဲ့ လုပ်စရာရှိတဲ့အလုပ်ကို မရွေ့ဆိုင်းပဲ ချက်ချင်းပြီးမြောက်အောင် လုပ်ပါ။ အလုပ်အားလုံးပြီးတဲ့အချိန်မှ ပြည့်ပြည့်ဝဝ အနားယူတာက စိတ်ရောကိုယ်ပါ အမှန်တကယ် အနားရစေမှာ ဖြစ်ပါတယ်။

(၄) တစ်ပြိုင်နက်တည်း အလုပ်အများကြီးလုပ်တဲ့ အကျင့်ကို ရှောင်ရှားပါ

Photo : Charles Stone

Multitasking လို့ခေါ်တဲ့ တစ်ပြိုင်နက်တည်း အလုပ် ၁ ခုနဲ့ အထက်လုပ်တာက အလုပ်တာဝန်တွေ ပိုမိုပြီးမြောက်စေတယ်လို့ ထင်ရပေမယ့် အမှန်တကယ်မှာတော့ အလုပ်တစ်ခုတည်းကိုပဲ အာရုံစူးစိုက်ပြီး လုပ်တာက အချိန်ကုန်သက်သာစေပြီး အလုပ်ပြီးမြောက်ဖို့ ပိုမြန်ပါတယ်။ တစ်ပြိုင်နက်တည်း အလုပ်အများကြီးလုပ်တာက Productivity ကို ကျစေပြီး ထင်တာထက် ပိုအချိန်ကုန်စေ နိုင်ပါတယ်။

(၅) ငြင်းပယ်တက်ပါစေ

Photo : Xavi Roca

ငြင်းပယ်ဆိုတာ တကယ်တော့ တစ်ကိုယ်ကောင်းဆန်တာ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကို အကောင်းဆုံး ဂရုစိုက်ခြင်းသာ ဖြစ်ပါတယ်။ ကိုယ်မှာလုပ်စရာအလုပ်တွေ အရမ်းများနေတယ်ဆိုရင် နောက်ထပ်အလုပ်တွေ ထပ်လက်ခံဖို့ကို ယဉ်ကျေးစွာ ငြင်းဆိုတက်ရပါမယ်။ အပိုအလုပ်တာ ဝန်တစ်ခု မယူခင် ကိုယ့်ရဲ့ အချိန်တွေနဲ့ တစ်ချက်ပြန်ကိုက်ကြည့်ပါ။ လိုအပ်ရင် ငြင်းပယ်ဖို့ ဝန်မလေးပါနဲ့။ မနိုင်ဝန်ထမ်းခြင်းကသာ ကွီးတို့ရဲ့အချိန်တွေကို ကမောက်ကမဖြစ်စေပြီး ဖိအားများစေမှာ ဖြစ်ပါတယ်။

Featured Photo : Becas Santander