ကွီး တို့ရဲ့ အစာအိမ် ကျန်းမာ စေဖို့အတွက်ဆိုပြီး ဆေးဝါးများ၊ ဖြည့်စွက်စာများ၊ အားဆေးများအပေါ်မှာပဲ မှီဝဲနေလို့မရပါဘူး။
ကွီး တို့ရဲ့ အစာအိမ် ကျန်းမာ စေဖို့အတွက်ဆိုရင် ကိုယ့်ရဲ့လူနေမှုဘဝပုံစံတစ်ခုလုံးကို ပြောင်းလဲပစ်မှသာလျှင် ပိုမိုရောက်မှုရှိမှာပါ။
အစာခြေစနစ် ပိုမိုကောင်းမွန်ပြီး အစာအိမ်ရောင်ရမ်းခြင်းကို လျော့ချချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် အချက်များကို သိထားသင့်ပါတယ်။
ဟင်းသီးဟင်းရွက်များနှင့် လတ်ဆတ်သော သစ်သီးဝလံများ များများစားသုံးပါ
ပဲအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်များနှင့် လတ်ဆတ်တဲ့ သစ်သီးဝလံများသည် အစာအိမ်တွင်းရှိ ကောင်းမွန်သော ဘက်တီးရီးယားများကို ပွားများလာစေပါတယ်။ အကျိုးရလဒ်အနေနဲ့ ကွီးတို့ရဲ့ အစာအိမ်ကျန်းမာရေးသည် အရင်ကထက် ပိုမိုကျန်းမာရေးကောင်းလာမှာဖြစ်ပါတယ်။
ကွီး တို့ရဲ့ အစာအိမ် ကျန်းမာ ရေးနှင့် ဆက်စပ်နေတဲ့ သွားကျန်းမာရေး
ဆွီဒင်နိုင်ငံရှိ တက္ကသိုလ်တစ်ခုမှ ဖော်ပြထားတဲ့ သုတေသနလေ့လာချက်အရ သွားကျန်းမာရေးကို ဂရုမစိုက်ဘဲ ပစ်ထားမယ်ဆိုရင် သွားနှင့် ခံတွင်းရှိ ဘက်တီးရီးယားများသည် ဝမ်းဗိုက်ထဲ ဝင်ရောက်သွားပြီး အစာအိမ်ကျန်းမာရေးကို ထိခိုက်စေပါတယ်။ ဒါ့ကြောင့် အစား စားပြီးတိုင်မှာ ပလုတ်ကျင်းပေးဖို့နဲ့ တစ်ရက်လျှင် ၂ ကြိမ်ခန့် သွားတိုက်ဖို့လိုအပ်ပါတယ်။
အချဉ်ဖောက်ထားသော အစားအစာများ စားသုံးပါ
အချဉ်ဖောက်ထားသော အစားအစာများသည် ဝမ်းဗိုက်တွင်းရှိ ကောင်းသောဘက်တီးရီးယားများကို ပွားများလာအောင် ကူညီပေးပါတယ်။
Dark Chocolate များ များများစားသုံးပါ
အမျှင်ဓာတ်များ၊ အပင်မှ ထုတ်လုပ်ထားတဲ့ မောလီကျူးများဖြင့် ကြွယ်ဝတဲ့ Dark Chocolate များသည် ဝမ်းဗိုက်ထဲ ရောက်ရှိသွားတဲ့အခါ Microbes များက ထိုအရာများကို စွမ်းအင်အဖြစ် ပြန်လည်အသုံးချပါတယ်။ ဒါ့ကြောင့် ရောင်ရမ်းခြင်းကိုလည်း လျော့ချပေးပြီး သွေးပေါင်ချိန်ကိုလည်း ထိန်းညှိပေးကာ ကိုလက်စတောကိုလည်း မျှတစေပါတယ်။
Dark Chocolate မကြိုက်ဘူးဆိုရင်တော့ အနီရောင် စပျစ်သီး (သို့) အနီရောင် စပျစ်သီးမှ ထုတ်လုပ်ထားတဲ့ ဝိုင်၊ အယ်လ်မွန်သီး၊ ကြက်သွန်နီ၊ လက်ဖက်စိမ်း၊ ဘလူးဘယ်ရီသီးနှင့် ပန်းဂေါ်ဖီအစိမ်းတို့ပဲဖြစ်ပါတယ်။
ဆေးသကြားများ အလွန်အကျွံ အသုံးပြုထားတဲ့ အစားအစာများ လျော့စားပါ
တိရိစ္ဆာန်များဖြင့် ပြုလုပ်ထားတဲ့ သုတေသနလေ့လာချက်များအရ ဆေးသကြား အလွန်အကျွံ အသုံးပြုထားတဲ့ အစားအစာများ စားသုံးခြင်းသည် အစာအိမ်ကျန်းမာရေးအတွက် ဆိုးကျိုးများ ဖြစ်စေနိုင်တယ်လို့ သိရှိရပါတယ်။ လူသားများအတွက်လည်း သွေးတွင်းသကြားဓာတ် မြင့်မားလာခြင်းသည် ဆီးချိုရောဂါ အစပျိုးစေနိုင်သလို အစာအိမ်ကျန်းမာရေးအတွက်လည်း ဆိုးကျိုးတွေပဲ ဖြစ်စေနိုင်ပါတယ်။
Source: Bluezones
Featured Image: Insidehook