ကွီးတို့ ရေစိုခံပြီး အရည်အသွေးကောင်းတဲ့ Bluetooth Speaker ကောင်းကောင်းတစ်လုံး ရှာနေပါသလား။ ရေစိုခံ Bluetooth Speaker တွေက တော့ မော်ဒယ် ၊ အမျိုးအစားနဲ့ ဈေးနှုန်းပေါ်မူတည်ပြီး ရွေးချယ်စရာ အများကြီးရှိပါတယ်။ ဒီထဲကမှ အသံကွာလတီကောင်းပြီး အကြမ်းခံတဲ့ ၂၀၂၂ ခုနှစ်ထဲက ရွေးချယ်စရာ အကောင်းဆုံး ရေစိုခံ Bluetooth Speaker ၅ လုံး အကြောင်း ပြောပြပေးချင်ပါတယ်။

(၁) Tribit Stormbox Micro


Photo : Siachen Studios

Tribit ကထုတ်တဲ့ Tribit Storm box Micro ကတော့ IP67 အဆင့် သတ်မှတ်ထားတဲ့ အကောင်းဆုံး ရေစိုခံ Bluetooth Speaker တစ်လုံး ဖြစ်ပါတယ်။ ဒီ Speaker မှာ အရမ်းမိုက်တဲ့ ဘေ့စ်နဲ့ အသံထွက်ကိုပေးနိုင်တဲ့ Xbass စနစ်ပါရှိပါတယ်။ Speaker ရဲ့ အရွယ်အစားက ခပ်သေးသေးဆိုပေမယ့် ကြည်လင်ပြတ်သားတဲ့ အကောင်းဆုံး အသံထွက်ကွာလတီကို ထုတ်ပေးနိုင်ပါတယ်။ ကျစ်လစ်ပေါ့ပါးပြီး အကြမ်းခံတဲ့ Speaker တစ်လုံးဖြစ်တဲ့အပြင် Battery သက်တမ်းကလည်း ၁၂ နာရီ အထိ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Tribit Storm box Micro Speaker ရဲ့ ဈေးနှုန်းကတော့ ၆၁ ဒေါ်လာ ကျသင့်မှာ ဖြစ်ပါတယ်။

(၂) JBL Xtreme 3


Photo : Siachen Studios

JBL အမှတ်တံဆိပ်က ထုတ်တဲ့ JBL Xtreme 3 ကလည်း ရေစိမ်ခံပြီး ဖုန်ဒဏ်လေဒဏ် ကောင်းကောင်းခံနိုင်တဲ့ အမိုက်စား Bluetooth Speaker တစ်လုံး ဖြစ်ပါတယ်။ Battery သက်တမ်း ၁၅ နာရီ အထိ အသုံးပြုနိုင်တဲ့အတွက် အားပြန်သွင်းစရာမလိုဘဲ တစ်နေ့တာလုံး သီချင်းနားထောင်ဖို့ ဘက်ထရီ လုံလုံလောက်လောက်ရှိနေမှာ ဖြစ်ပါတယ်။ Xtreme 3 မှာ Drivers ၄ လုံး နဲ့ ဘေ့စ် Radiators ၂ လုံး တပ်ဆင်ပေးထားတာကြောင့် Powerful ဖြစ်တဲ့ အသံထွက်ကို ခံစားရစေမှာ ဖြစ်ပါတယ်။ အလေးချိန် ၄.၃၄ ပေါင်ရှိပြီး ပခုံးသိုင်းကြိုးနဲ့ အလွယ်တကူ သယ်ယူသွားနိုင်မှာ ဖြစ်ပါတယ်။ JBL Xtreme 3 Speaker ရဲ့ ဈေးနှုန်းကတော့ ဒေါ်လာ ၃၀၀ နီးပါး ကျသင့်မှာ ဖြစ်ပါတယ်။

(၃) Bose Soundlink Flex


Photo : Siachen Studios

Bose က ထုတ်ထားတဲ့ Bose Soundlink Flex Speaker ဟာ ဒီနှစ်ထဲမှာ ရွေးချယ်သင့်တဲ့ အကောင်းဆုံး ရေစိုခံ Bluetooth Speaker တွေထဲက တစ်လုံးဖြစ်ပါတယ်။ IP67 ရေစိမ်ခံနိုင်တာကြောင့် Outdoors မှာအသုံးပြုဖို့အတွက် အသင့်တော်ဆုံး ဖြစ်ပါတယ်။ ဒီ Speaker မှာ မိုက်တပ်ဆင်ပေးထားတာကြောင့် သီချင်းနားထောင်ရုံမက ဖုန်းခေါ်ဆိုမှုတွေအတွက်လည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အလေးချိန် ၁.၃ ပေါင်သာရှိပြီး Speaker ရဲ့ကိုယ်ထည်အပြင်ပိုင်းကို သံချေးမတက်စေတဲ့ Layer တစ်ထပ်အုပ်ပေးတာကြောင့် ရေပေါ်မှာ ပေါ်နိုင်မှာဘဲ ဖြစ်ပါတယ်။ ဒါ့အပြင် Soundlink Flex Speaker ဟာ PositionIQ နည်းပညာအသုံးပြုထားပြီး Battery သက်တမ်း၁၂ နာရီ အထိ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Bose Soundlink Flex Speaker ရဲ့ ဈေးနှုန်းကတော့ ဒေါ်လာ ၁၅၀ ဝန်းကျင် ကျသင့်မှာ ဖြစ်ပါတယ်။

(၄) Ultimate Ears Megaboom 3

Photo : Siachen Studios

Ultimate Ears ကထုတ်တဲ့ Megaboom 3 Speaker ကတော့ 360 ဒီဂရီ အသံစနစ်ပါဝင်တဲ့ အလန်းစား Bluetooth Speaker တစ်လုံးဖြစ်ပါတယ်။ Boom2 ၊ Mega Boom စတဲ့ Device တွေနဲ့ ချိတ်ဆက်အသုံးပြုနိုင်မှာ ဖြစ်ပြီး တစ်ချက်ထိလိုက်ရုံနဲ့ သီချင်းဖွင့်တာ ရပ်တာတွေ လုပ်နိုင်မှာ ဖြစ်ပါတယ်။ Megaboom 3 Speaker ဟာ အလေးချိန် ၁.၃ ကီလိုဂရမ်နဲ့ IP67 အဆင့်ရှိပြီး ရေအောက်ထဲမှာ မိနစ် ၃၀ ကြာ ရေစိမ်ခံနိုင်မှာ ဖြစ်ပါတယ်။ Battery သက်တမ်းကတော့ နာရီ ၂၀ အထိအသုံးပြုနိုင်မှာဆိုတော့ နေ့ရောညပါ တစ်နေ့လုံး ကောင်းကောင်းသုံးလို့ရမှာ ဖြစ်ပါတယ်။ Ultimate Ears Megaboom 3 Speaker ရဲ့ ဈေးနှုန်းကတော့ ဒေါ်လာ ၁၆၀ ဝန်းကျင်ရှိပါတယ်။

(၅) Sonos Move

Photo : Siachen Studios

Sonos Move Speaker ကတော့ IP56 အဆင့်ရှိတဲ့ အကောင်းဆုံး ရေစိုခံ Bluetooth Speaker တစ်လုံးဖြစ်ပါတယ်။ Google Assistant ဒါမှမဟုတ် Alexa တို့နဲ့ ချိတ်ဆက်ပြီး အမိုက်စား Hands-Free လုပ်ဆောင်ချက်ကို လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ Sonos Move Speaker ဟာ အလေးချိန် ၃ ကီလိုဂရမ် ၊ Battery သက်တမ်း ၁၁ နာရီနဲ့ စက်ရုံ Warranty ၁ နှစ် ပါရှိပါတယ်။ အသံထွက်ကောင်းကောင်း ၊ ကျစ်ကျစ်လစ် လစ် ဒီဇီုင်းနဲ့ သယ်ဆောင်ရလွယ်တဲ့ Portable Speaker တစ်လုံးရှာနေတယ်ဆိုရင်တော့ Sonos Move က အသင့်တော်ဆုံး ဖြစ်ပါတယ်။ Sonos Move Speaker ရဲ့ ဈေးနှုန်းကတော့ ဒေါ်လာ ၄၀၀ ကျော် ကျသင့်မှာဖြစ်ပါတယ်။

Featured Photo : Gadget Way