ခရီးတစ်ခုသွားဖို့ ပြင်ဆင်နေပေမယ့် ကိုယ့်ရဲ့ ခရီးဆောင်အိတ် ကို ဘယ်လို ရွေးချယ် ရမလဲဆိုတာ ဝေခွဲမရဖြစ်နေပါသလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက ကွီးတို့ ကြုံတွေ့နေရတဲ့ အခက်အခဲများကို ဖြေရှင်းပေးပါလိမ့်မယ်။
ခရီးဆောင်အိတ် တစ်လုံး ရွေးချယ် တဲ့အခါ ထည့်သွင်းစဉ်းစားရမယ့် အချက်များနှင့် ဘယ်လိုရွေးချယ်ဝယ်ယူရမလဲဆိုတာကို အတူတူဆက်လေ့လာကြည့်လိုက်ရအောင်။
အရွယ်အစား
Photo: Insider
သင့်အနေနဲ့ Luggage ရဲ့ အရွယ်အစားကို ဘယ်လောက်အရွယ်အစားလောက် လိုချင်တာလဲ။ ခရီးဆောင်အိတ်များကို အရွယ်အစား (၅) မျိုး ခွဲခြားထားပါတယ်။ ပထမတစ်ခုကတော့ ၁၈ လက်မကနေ ၂၀ လက်မဆိုဒ်၊ ဒုတိယတစ်မျိုးကတော့ ၂၁ ကနေ ၂၂ လက်မ၊ အလယ်အလတ်အရွယ်အစားအနေနဲ့ ၂၃ နှင့် ၂၄ လက်မကြား၊ ဆိုဒ်အကြီးကတော့ ၂၅ နှင့် ၂၇ လက်မကြားဖြစ်ပြီး Extra Large ကတော့ ၂၈ နှင့် ၃၂ လက်မကြားဖြစ်ပါတယ်။ ကိုယ် ခရီးသွားရမယ့်ကြာချိန်၊ သတ်မှတ်ထားတဲ့ အလေးချိန်တို့ပေါ် မူတည်ပြီး ခရီးဆောင်အိတ် အရွယ်အစား အမျိုးမျိုးကို ရွေးချယ် ဝယ်ယူနိုင်ပါတယ်။
အရောင်
Photo: Neverendingvoyage
နောက်ထပ် ထည့်စဉ်းစားသင့်တာကတော့ Luggage ရဲ့ အရောင်ပဲဖြစ်ပါတယ်။ အဖြူရောင်နှင့် ခရင်မ်အရောင်ကဲ့သို့ ဖြူဖျော့တဲ့အရောင်များသည် ညစ်ပေးလွယ်တာကြောင့် ရှောင်သင့်ပါတယ်။ အပေအတေခံတဲ့ အရောင်ရင့်ရင့် Luggage များကို ဦးစားပေးပါ။
ဘီး
Photo: Roamthegnome
ဘီးနဲ့ ပတ်သက်လာရင် ထည့်သွင်းစဉ်းစားသင့်တဲ့ အချက် (၂) ခုရှိပါတယ်။ ၂ ဘီးတပ် (သို့) ၄ ဘီးတပ် ခရီးဆောင်အိတ်ဆိုပြီး အသီးသီးရှိပါတယ်။ ၂ ဘီးတပ်အိတ်တွေကတော့ ပိုမိုပေါ့ပါးပေမယ့် ဟန်ချက်မညီတဲ့အခါမျိုးမှာ ချော်ထွက်နိုင်ပါတယ်။
၄ ဘီးတပ်အိတ်တွေကတော့ သူ့ကို ဒီအတိုင်း ထောင်ထားမယ်ဆိုလည်း ထောင်မတ်နေမှာဖြစ်ပါတယ်။ ပြီးရင် ဆွဲရတာလည်း ပိုမိုလွယ်ကူပါတယ်။
အကန့်ဘယ်နှကန့် ပါသလဲ
Photo: Parisiangentleman
အကန့်များများပါတဲ့ ခရီးဆောင်အိတ်တွေသည် သင့်ရဲ့ပစ္စည်းများကို သူ့နေရာနဲ့သူ တစ်စုတစ်စည်းတည်းဖြစ်သွားစေတာကြောင့် ထုပ်ပိုးရတာလည်း သပ်သပ်ရပ်ရပ်လေးဖြစ်နေမှာပါ။
လုံခြုံစိတ်ချရမှု
Photo: Unitedlocksmith
ကိုယ့်ရဲ့ခရီးဆောင်အိတ်ကို သေသေချာချာ သော့ခတ်လို့ရတဲ့ ခရီးဆောင်အိတ်မျိုးဖြစ်အောင် ပြုလုပ်သင့်ပါတယ်။ ဒါမှသာ လေယာဉ်စီးနေချိန်မှာ စိတ်ချလက်ချနဲ့ စီးနင်းနိုင်မှာမဟုတ်လား။
ရေစိုခံ
Photo: Kriega
သင့်ရဲ့ခရီးဆောင်အိတ်သည် ရေစိုခံတဲ့ အိတ်တစ်လုံးဖြစ်ဖို့အရေးကြီးပါတယ်။ ဒါမှသာလျှင် ကိုယ် အထဲမှာ ထည့်ထားတဲ့ အဝတ်အစားများက မိုးရွာအတဲ့အချိန်၊ တစ်စုံတစ်ရာကြောင့် စိုစွတ်သွားတဲ့အချိန်မှာ ဘာမှမဖြစ်မှာပါ။
ကြာရှည်ခံမှု
Photo: Vox
ကွာလတီးကောင်းတဲ့ ခရီးဆောင်အိတ်စတ်လုံးဝယ်ဖို့အတွက် ဒေါ်လာရာချီပြီး သုံးစရာမလိုပါဘူး။ သေသေချာချာ ရှာဝယ်တတ်မယ်ဆိုရင် ဈေးနှုန်းအသင့်အတင့်နဲ့ အရည်အသွေးကောင်းတဲ့ ခရီးဆောင်အိတ် တစ်လုံးကို ရွေးချယ် ဝယ်ယူနိုင်ပါတယ်။ Luggage တစ်လုံးသည် ကွာလတီကောင်းတယ်ဆိုရင် တစ်သက်စာ အသုံးခံပါတယ်။ ဒါဆိုရင်တော့ နောက်ထပ်ခရီးတွေ ထွက်တဲ့အခါ ဘယ် Luggage ဝယ်ရမလဲဆိုတာ အာရုံစားစရာမလိုတော့ဘူးပေါ့။
ဒီအချက်လေးတွေကို သိထားမယ်ဆိုရင်တော့ ကွီးတို့ခရီးသွားတဲ့အခါ ခရီးဆောင်အိတ်ကောင်းကောင်းတစ်လုံးနဲ့ စိတ်ချလက်ချခရီးသွားလာနိုင်ပြီပဲဖြစ်ပါတယ်။
Source: Travelfashiongirl
Featured Image: Travelandleisure