ကျွန်တော်တို့ နေ့စဉ်အစားအသောက်တွေမှာ သကြားဓါတ်တွေ တင်းကြမ်းပါပြီးသားပါ။ အသီးအနှံနဲ့ နို့ထွက်ပစ္စည်းတွေဆီက သဘာဝသကြားအပြင် အချိုတုတွေ ၊ ပျားရည်နဲ့ ဆေးဆိုးအချိုတွေကလည်း နေ့တိုင်း စားမိလျက်သား။ ထုတ်ပိုးထားတဲ့ အစားအသောက်အများစုမှာဆို မချိုလည်း သကြားက ပါတတ်ပါတယ်။ သကြား ဓါတ်စားသုံးမှု လွန်ကဲခြင်းဟာ ဒီနေ့ခေတ်မှာ အန္တရာယ်မြင့်တဲ့ ကျန်းမာရေးပြဿနာ ဆောင်လာပါတယ်။ ဒီတော့ သကြားကို ၁ လလောက် မစားဘဲ နေရင် ဘယ်လိုအကျိုးကျေးဇူးတွေ ရလာမလဲဆိုတာ မျှဝေပေးချင်ပါတယ်။

(၁) ကိုယ်တွင်းရောင်ရမ်းမှု လျော့ကျလာမယ်

Pain

Photo : eatthis
လေ့လာမှုတွေအရ သကြားဟာ နာတာရှည်ရောင်ရမ်းမှုနဲ့ တိုက်ရိုက်ဆက်စပ်နိုင်တယ်လို့ ဆိုပါတယ်။ နာတာရှည်ရောင်ရမ်းမှုဟာ အမေရိကန်နိုင်ငံသား ၁၂၅ သန်းနီးပါး ခံစားနေရတဲ့ ပြဿနာပါ။ ဒီကနေ ဆက်စပ်ပြီး ဆီးချိုသွေးချို ဝင်တာ ၊ နှလုံးရောဂါဖြစ်တာ ၊ အယ်လ်ဇိုင်းမားနဲ့ အရိုးအဆစ်ရောင်တာတွေ ဖြစ်နိုင်ပါတယ်။ သကြား တစ်လလောက် လျှော့စားကြည့်တာနဲ့ ကိုယ်တွန်းရောင်ရမ်းမှု သိသိသာသာ ကျလာမယ်လို့ သုတေသီတွေက ထုတ်ဖော်ပြောကြားထားပါတယ်။

(၂) ကင်ဆာဖြစ်နိုင်ခြေ ကျဆင်းလာမယ်

Disease

Photo : eatthis

သကြား စားသောက်မှု ရပ်ဆိုင်းခြင်းဟာ တချို့ ကင်ဆာရောဂါတွေလည်း မဖြစ်အောင် လျှော့ချနိုင်မယ်လို့ လေ့လာမှုတွေက ဖော်ပြပါတယ်။ လေ့လာမှုတချို့အရသကြားစားသုံးခြင်းဟာ ကင်ဆာဖြစ်စေနိုင်တဲ့ ဆဲလ်တွေကို အစာကျွေးသလို ဖြစ်စေတယ်လို့ပါ ပြောထားပါတယ်။

(၃) စွမ်းအင်တက်လာမယ်

Energy

Photo : eatthis

သကြားဟာ စွမ်းအင်အရင်းအမြစ်ဖြစ်ပေမယ့် ပြုပြင်ထားတဲ့ သကြား ဓါတ် (တာရှည်ခံ စီမံထားတဲ့ အစားအသောက်များ ၊ ကွတ်ကီး ၊ အာလူးကြော် နဲ့ ကိတ်) တို့ဟာ လူကို ပိုပြီး နုံးစေ နွမ်းနယ်စေတယ်လို့ ဆိုပါတယ်။ ဒီအစားအသောက်တွေကို ရှောင်ခြင်းအားဖြင့် စွမ်းအင် ပိုတိုးလာပြီး နေလို့ ပိုကောင်းလာမယ်လို့ ဆိုပါတယ်။

(၄) အူကျန်းမာရေး ပိုကောင်းလာမယ်

gut

Photo : eatthis

သကြား နဲ့ ပြုပြင်ထားတဲ့ ကာဗွန်ဟိုက်ဒရိတ်ဟာ အူထဲက မကောင်းတဲ့ ဘက်တီးရီးယားတွေကို အားပေးရာရောက်လို့ အစာချေစနစ်မှာ ပြဿနာရှိနိုင်ပါတယ်။ အစာချေစနစ် ပြဿနာဆိုရာမှာ အစာမကြေတာ ၊ ပျို့အန်တာကနေ ဝမ်းပျက်ဝမ်းလျှောနဲ့ ဝမ်းချုပ်တာအထိ အစုံ ဖြစ်နိုင်ပါတယ်။

(၅) သွားကျန်းမာရေး ပိုကောင်းလာမယ်

dental health

Photo : eatthis

ကလေးတွေမှာ သကြားစားခြင်းနဲ့ သွားကျန်းမာရေးယိုယွင်းမှုက ဆက်စပ်နေပါတယ်။ အရွယ်ရောက်သူတွေမှာလည်း တစ်ရက်ကို သကြားဓါတ်ပါတဲ့ အချိုရည် နှစ်ဗူး ပုံမှန်သောက်သူတွေဟာ သကြားမပါတဲ့ No Sugar Drinks သောက်သူတွေထက် သွားရောဂါ ဖြစ်နိုင်ခြေ ၃၀ ရာခိုင်နှုန်း ပိုများတယ်လို့ ဆိုပါတယ်။

ဒါတွေအပြင် သကြား အစားဖြတ်လိုက်ခြင်းအားဖြင့် စိတ်ဓါတ်ကျခြင်းနဲ့ စိုးရိမ်ကြောင့်ကျဖြစ်ခြင်းတွေကိုလည်း လျော့နည်းစေနိုင်ပါတယ်။ ဆီးချိုသွေးချို ဖြစ်ပွားမှုလည်း ကျဆင်းစေပြီး အရေပြားတွေ တင်းရင်းကြည်လင်လာနိုင်ပါတယ်။
Featured Photo : lovelifebefit