ရည်မှန်းချက်အတွက် ပန်းတိုင် တွေ ချတာ သိပ်ကောင်းပါတယ်။ ဒါပေမယ့်လည်း တချို့တွေဟာ ရည်မှန်းချက်ချရာမှာ အမှားလုပ်မိလို့ လိုရာပန်းတိုင်ကို မရောက်ဖြစ်တာတွေ ရှိပါတယ်။ ဒီအမှားတွေထဲကနေ ရှောင်ရှားသင့်တဲ့ အမှားတချို့အကြောင်း ပြောပြချင်ပါတယ်။

(၁) ဝေဝါးလွန်းတဲ့ ပန်းတိုင်ချမှတ်ခြင်း

sport-treadmill-tor-route

Photo : Pexels

“ကိုယ့်ဘဝကို ပျင်းနေပြီဆိုရင် – မနက်တိုင်းကို တက်ကြွထက်သန်တဲ့ စိတ်ဆန္ဒအပြည့်နဲ့ လုပ်စရာတွေ ထလုပ်ချင်တဲ့ စိတ်မရှိရင် – ခင်ဗျားမှာ လုံလောက်တဲ့ပန်းတိုင် မရှိဘူး” လို့ Lou Holtz က ပြောဖူးပါတယ်။ လုံလောက်တဲ့ ပန်းတိုင်ဆိုတာ ပြတ်သားရှင်းလင်းတဲ့ ရည်မှန်းချက်တွေ ရှိပြီး မအိပ်မနေ စဉ်ဆက်မပြတ် ဆက်လုပ်ချင်တဲ့ ဆန္ဒကို မီးထိုးပေးရာ ရောက်ဖို့ လိုပါတယ်။

(၂) သိပ်မြင့်လွန်းတဲ့ ပန်းတိုင် ချမှတ်ခြင်း

Arrow Board

Photo : Pexels

ရည်မှန်းချက် သိပ်နိမ့်နိမ့်လေး ထားတာဟာ ပန်းတိုင်လို့တောင် ပြောလို့ ရမှာ မဟုတ်ပါဘူး။ ဒီလိုပါပဲ။ မဖြစ်နိုင်အောင် သိပ်မြင့်လွန်းတဲ့ အကွာအဝေးက ရည်မှန်းချက်ကို ထားတာကလည်း တမင်သက်သက် ကိုယ့်ကိုယ်ကိုယ် ဒုက္ခပေးတာပဲ ဖြစ်ပါတယ်။ ကမ္ဘာကျော် သူဌေးကြီး ဂျွန်ဒီ ရော့ခ်ဖဲလားရဲ့ ရည်မှန်းချက်က ဒေါ်လာ ၁ သိန်း ရဖို့ ဖြစ်ပါတယ်။ နောက်ဆုံးတော့ သူဟာ ဒေါ်လာ ၁ ဘီလျံ ချမ်းသာသူ ဖြစ်လာပါတယ်။ အခုခေတ် ငွေကြေးဈေးနဲ့ဆို ဒေါ်လာ ဘီလျံ ၃၀၀ ဖြစ်ပါတယ်။

(၃) ကိုယ်ပိုင်အဓိပ္ပါယ် ကင်းမဲ့ခြင်း

Running Road

Photo : Pexels

ဘယ်လို ရည်မှန်းချက်ပဲ ဖြစ်ဖြစ် ကိုယ်ပိုင်တန်ဖိုး နဲ့ အဓိပ္ပါယ်တွေ ပါဝင်နေမှသာ ရည်မှန်းချက်နောက် တစ်ကောက်ကောက် လိုက်ချင်အောင် ဆွဲဆောင်နိုင်စွမ်း ရှိမှာပါ။ ရည်မှန်းချက်တစ်ခု ထားတော့မယ်ဆိုရင် ကိုယ်တန်ဖိုးထားတဲ့ တန်ဖိုးတစ်ခုခု ပါဖို့လည်း အရေးကြီးပါတယ်။

Featured Photo : Inc