ဘဝမှာ တစ်ခါတစ်ခေါက်လောက် ကံကောင်းပြီး ထီပေါက်မယ်ဆိုရင် ဘာလုပ်မလဲဆိုတဲ့ မေးခွန်းကို လူတော်တော်များများက ကမ္ဘာပတ်ပြီး ခရီးသွားမယ်လို့ ဖြေကြပါတယ်။ တကယ်တော့ ထီပေါက်သည်ဖြစ်စေ၊ မပေါက်သည်ဖြစ်စေ ကွီး တို့ ဘဝမှာ တစ်ခါတစ်ခေါက်လောက်တော့ ပြည်ပသို့ ခရီးသွား သင့်ပြီး ဘာ့ကြောင့် သွားသင့်သလဲဆိုတဲ့ အကြောင်းအရင်းများစွာရှိပါတယ်။
ပြည်ပခရီးဆိုတိုင်းလည်း ဈေးကြီးပေးစရာမလိုပါဘူး
ပြည်ပခရီးဆိုတာ ကြွယ်ဝချမ်းသာတဲ့ သူဌေးတွေအတွက်ပဲဆိုတဲ့ အယူအဆကြီးက ခေတ်ဟောင်းမှာ ကျန်နေခဲ့ပါပြီ။ အခုဆိုရင် ကွီး တို့အနေနဲ့ ပြည်ပ ခရီးသွား ဖို့အတွက် ပိုက်ဆံတွေ သိန်းသောင်း ချီ ပေးစရာမလိုအပ်တော့ပါဘူး။ လေယာဉ်စရိတ် သက်သက်သာသာနဲ့ သွားလာနိုင်ပြီး Travel Package တွေသည်လည်း သက်သက်သာသာနဲ့ ဝယ်ယူရရှိနိုင်ပြီပဲ ဖြစ်ပါတယ်။
အလိုအလျောက် သင်ယူပြီးသားဖြစ်သွား
လူသားတွေသည် ကိစ္စတစ်ခုကို နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်ရတဲ့အခါ ထိုအရာကို တစ်ခါတည်း သင်ယူပြီးသားဖြစ်သွားပါတယ်။ ထိုအရာကို အတွေ့အကြုံက သင်ပေးတယ်လို့ ဆိုကြပါတယ်။ နိုင်ငံခြားသို့ ခရီးသွားတဲ့အခါမှာတော့ ထိုကဲ့သို့သော အသစ်အဆန်းများကို အလိုအလျောက် သင်ယူပြီးသား ဖြစ်သွားပါတယ်။
မတူညီသော လူအမျိုးမျိုးဖြင့် ဆက်သွယ်စကားပြောနိုင်ခြင်း
Photo: Millennialships
ကမ္ဘာပေါ်မှာ နိုင်ငံအများအပြားရှိပြီး မတူညီတဲ့ ယဉ်ကျေးမှု၊ ဓလေ့ရိုးရာများ တည်ရှိကြပါတယ်။ မတူညီတဲ့ ဘာသာစကားအမျိုးမျိုးကို ပြောဆိုကြတဲ့ လူသားများနှင့် ဆက်သွယ်ပြောဆိုနိုင်ခြင်းသည်လည်း ပြည်ပခရီးသွားခြင်းရဲ့ အားသာချက်တစ်ခုပဲ ဖြစ်ပါတယ်။ သူတို့ဘာသာစကားကို အလုံးစုံ နားမလည်ရင်တောင်မှ လက်ဟန် ခြေဟန်ဖြင့် ဆက်သွယ်နိုင်ခြင်းသည်လည်း အတွေ့အကြုံသစ်တစ်ခုပဲဖြစ်ပါတယ်။
ဘာသာစကားအသစ်နှင့် ထိတွေ့နိုင်ခြင်း
Photo: Searchenginejournal
ဘာသာစကားသစ်တစ်ခုကို သင်ယူမှု မြန်ဆန်ချင်တယ်ဆိုရင် ထိုဘာသာစကားကို အသုံးပြုတဲ့ Native Speaker များနှင့် ပြောဆိုဆက်ဆံခြင်းပဲဖြစ်ပါတယ်။ သင့်အနေနဲ့ ထိုနိုင်ငံသို့ သွားရောက်လည်ပတ်တဲ့အခါ သူတို့ရဲ့ဘာသာစကားကိုလည်း သင်ယူလေ့လာနိုင်ပါတယ်။
ပတ်ဝန်းကျင်အသစ်နှင့် ပြောင်းလဲထိတွေ့ရခြင်း
သဘာဝပတ်ဝန်းကျင်အသစ်နှင့် ပြောင်းလဲထိတွေ့ရတဲ့ ခံစားချက်သည် ထူးခြားကောင်းမွန်လွန်းလှပါတယ်။ ပထမ စ,စချင်းမှာတော့ Cultural Shocks လို့ခေါ်တဲ့ အဆင်မပြေမှုတွေ ကြုံတွေ့ရနိုင်ပါတယ်။ ယဉ်ကျေးမှုချင်း မတူညီတဲ့အတွက်ကြောင့် သင့်အနေနဲ့ အထူးအဆန်းလို ဖြစ်သွားတာဖြစ်ပါတယ်။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ အသားကျပြီး ကွီး တို့အနေနဲ့ ပြည်ပ ခရီးသွား ရတာ ပိုမိုပျော်ရွှင်လာပါလိမ့်မယ်။
နေ့စဉ်ဘဝမှာ ပြုလုပ်နေကျမဟုတ်တဲ့ အသစ်အဆန်းများနှင့် ကြုံတွေ့ရခြင်း
နေ့စဉ်ဘဝမှာ မနက်မိုးလင်း၊ အလုပ်သွား၊ ရုံးတက်၊ ရုံးဆင်း၊ အိမ်ပြန် စတဲ့ နေ့စဉ်လုပ်ငန်းဆောင်တာများနှင့် လုံးပမ်းနေရပြီး ဘဝကြီးက ပင်ပန်းငြီးငွေ့စရာ ကောင်းလွန်းလှပါတယ်။ ဒါပေမဲ့ ထိုနေ့စဉ်ဘဝက ခဏတာလောက် ရုန်းထွက်ပြီး ခရီးသွားလိုက်မယ်ဆိုရင်တော့ ဘဝကြီးက စိတ်ဖိစီးစရာများ ယူပစ်သလို ပျောက်သွားမှာဖြစ်ပြီး ပျော်ရွှင်မှုကို ခံစားရမှာဖြစ်ပါတယ်။
ပိုမိုရင့်ကျက်ပြီး အတွေ့အကြုံသစ်များရရှိခြင်း
ခရီး တစ်ခါထွက်ရင် သင့်ဆီမှာ အတွေ့အကြုံသစ်တစ်ခု ရရှိစမြဲပါပဲ။ ပြည်ပခရီးသွားတဲ့အခါမှာလည်း ထိုနည်းအတိုင်းပါပဲ။ မတူညီတဲ့ယဉ်ကျေးမှု၊ ဓလေ့ရိုးရာများ၊ ဒေသခံတွေရဲ့ အပြုအမူများကို လေ့လာနိုင်ပြီး သင့်ဘဝအတွက် အတွေ့အကြုံသစ်များကို ယူဆောင်ပေးနိုင်ပါတယ်။
ဒီလိုအကြောင်းအရင်းများကြောင့် ကွီးတို့ဘဝမှာ တစ်ခေါက်တစ်ခါလောက် ပြည်ပ ခရီးသွားသင့်တာပဲဖြစ်ပါတယ်။
Source: Topuniversities
Featured Image: Roadaffair