ပုံမှန်ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းလုပ်ခြင်းဟာ ကွီးတို့အတွက် ကောင်းတယ်လို့ မရေရာတဲ့ ခံစားချက်မျိုး ရှိကောင်းရှိနိုင်သလို ဒါဟာ နှလုံးအတွက် ကောင်းမွန်စေတယ်လို့ ကြားဘူးကြမှာပါ။ ဒါပေမယ့် သင်ဟာ ပုံမှန်အတိုင်း ချွေးထွက်လာအောင် တွန်းအားပေးဖို့ လုံလောက်တဲ့ လှုံ့ဆော်မှု မရှိတဲ့ လူအများစု လိုဖြစ်နေရင်တော့ လေ့ကျင့်ခန်း ပြုလုပ်ခြင်းခြင်းကြောင့် ရရှိသော အံ့ဖွယ်အကျိုးကျေးဇူးများကို ခံစားခွင့် ရရှိမှာ မဟုတ်ပါဘူး။ Exercise လုပ်ခြင်းကြောင့် ရရှိလာမဲ့ အံ့သြဖွယ်ရာ အကျိူးကျေးဇူးများကို ပြောပြလိုက်ပါတယ်။

(၁) လေ့ကျင့်ခန်းလုပ်တာက ဦးနှောက်အတွက် အရမ်းကောင်းပါတယ်

ရရှိလာမဲ့ အံသြဖွယ်ရာ

Photo : Thrivous

Exercise လုပ်ခြင်းကြောင့် ရရှိလာမဲ့ အံ့သြဖွယ်ရာ အကျိူးကျေးဇူးကတော့ ဦးနှောက်အတွက် အရမ်းကောင်းပါတယ်။ ဒါက စိတ်ဓါတ်ကျခြင်းကို လျော့နည်းစေခြင်း၊ မှတ်ဉာဏ်ပိုကောင်းခြင်းနဲ့ သင်ယူတတ်မြောက် မှုကို ကောင်းစေတဲ့ အကျိုးတွေနဲ့ ဆက်စပ်နေပါတယ်။ သုတေသနတွေ့ရှိချက်တွေအရ လေ့ကျင့်ခန်း လုပ်ခြင်းသည် အယ်လ်ဇိုင်းမာရောဂါ ကို ကာကွယ်ဖို့နဲ့ နှေးကွေးစေဖို့ နည်းလမ်းကောင်း ဖြစ်တယ်လို့ သိရပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းဟာ ဦးနှောက်ကို သွေးစီးဆင်းမှု ကောင်းစေပါတယ်။ ဦးနှောက် ဆဲလ်တွေကို အာဟာရဖြည့်ဆီးပေးပါတယ်။

(၂) ပို၍ ပျော်ရွှင်လာနိုင်ပါတယ်

ရရှိလာမဲ့ အံသြဖွယ်ရာ

Photo : Noun Project

မရေမတွက်နိုင်သော လေ့လာမှုများက လမ်းလျှောက်ခြင်းကနေ စက်ဘီးစီးခြင်း အလေးမခြင်းအထိ လေ့ကျင့်ခန်းအမျိုးမျိုးဟာ လူတွေကို ပို၍ နေကောင်းစေပြီး စိတ်ကျခြင်းလက္ခဏာတွေကို သက်သာရာ ရစေနိုင်ကြောင်း တွေ့ရှိရပါတယ်။

(၃) အသက်အရွယ် အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေနိုင်ပါတယ်

Exercise

Photo : iStock

Exercise လုပ်ခြင်းကြောင့် ရရှိလာမဲ့ အံ့သြဖွယ်ရာ အကျိူးကျေးဇူးနောက်တစ်ခုကတော့ အိုမင်းရင့်ရော်မှုကို နှေးကွေးစေတာပဲဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းဟာ သက်တမ်း ၅ နှစ်အထိ ရှည်စေနိုင်ပါတယ်။ လေ့လာမှုတစ်ခုရဲ့ အကြံပြုချက်မှာ ပြင်းထန်မှု အလယ်အလတ်ရှိတဲ့ လေ့ကျင့်ခန်းလုပ်ခြင်းဟာ ဆဲလ်များ အိုမင်းမှုကို နှေးစေပါတယ်။

(၄) သင့်ရဲ့ အသားအရေကို ပိုကြည့်ကောင်းစေပါလိမ့်မယ်

Exercise

Photo : India TV News

အေရိုဗစ်လေ့ကျင့်ခန်းသည် အရေပြားသို့ သွေးစီးဆင်းမှု ကောင်းစေပါတယ်။ အရေပြားဆဲလ်သို့ အောက်စီဂျင်နှင့် အာဟာရဓါတ်များ ပေးပို့နိုင်စွမ်းရှိပြီး အရေပြားကျန်းမာရေးကို ကောင်းစေပြီး ဒါဏ်ရာများကို သက်သာပျောက်ကင်းစေပါတယ်။

(၅) မိနစ် အနည်းငယ်အတွင်းမှာ အံ့ဩစရာတွေ ဖြစ်လာနိုင်ပါတယ်

Exercise

Photo : DNAfit

သုတေသန တွေ့ရှိချက်အသစ်တွေအရ အံ့သြဖွယ်ရာ အကျိုးကျေးဇူးများရရှိရန် လေ့ကျင့်ခန်းများစွာ မလိုအပ်ကြောင်း သိရှိရပါတယ်။ အမေရိကန် တက္ကသိုလ်တစ်ခုမှ လေ့ကျင့်ခန်းနှင့်ဆက်နွယ်သည့် ဇီဝကမ္မဗေဒပညာရှင် တစ်ဦးက မိနစ် ၅၀ ကြာ လေ့ကျင့်ခန်းနဲ့ ၁၀ မိနစ် လေ့ကျင့်ခန်း ထိရောက်မှုကို သုတေသနပြုလုပ်ခဲ့ပါတယ်။

စက္ကန့်(၂၀)ခြားပြီး လေ့ကျင့်ခန်း (၃)ကြိမ်ကို လုပ်နိုင်စွမ်းသလောက် ပြုလုပ်သည့်အခါ အချိန်တိုအတွင်း ပင်ပန်းနွမ်းနယ်မှုကို လျော့ချ စေနိုင်ကြောင်း တွေ့ရှိရပါတယ်။ (၃) လကြာ လေ့လာမှုအရ ပိုကောင်းသည့် လေ့ကျင့်ခန်းကို ချပြနိုင်ခဲ့ပါတယ်။ အချိန်တိုလေ့ကျင့်ခန်းတစ်ခုသည် နှလုံးလုပ်ဆောင်မှုနှင့် သွေးတွင်းသကြားဓါတ် ထိန်းညှိမှုတွင် အချိန်ကြာ လေ့ကျင့်ခန်းကဲ့သို့ တိုးတက်မှုကို ဖြစ်စေခဲ့ပါတယ်။ လေ့လာ‌တွေ့ရှိချက်အရ စိတ်အားထက်သန်စွာနဲ့ လေ့ကျင်ခန်းများကို လုပ်ဆောင်မယ်ဆိုရင် အံ့ဩစရာကောင်းတဲ့ အကျိုးကျေးဇူးတွေကို ရရှိနိုင်တာကို ပိုသိလာရပါတယ်။

ကွီးတို့ရေ Exercise လုပ်ခြင်းကြောင့် ရရှိလာမဲ့ အံ့သြဖွယ်ရာ အကျိူးကျေးဇူးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ ဒါကြောင့် ကွီးတို့လည်း တစ်နေ့တာမှာ အချိန်အနည်းငယ်ပေးပြီး Exercise လုပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။

Source : TIME
Featured Photo : Bestlifeonline