အသောက်တလိုင်း ကွီး တို့အတွက် Budget နည်းနည်းနဲ့ အိမ်မှာကိုယ်တိုင် ဖျော်စပ်သောက်နိုင်မယ့် အရသာရှိတဲ့ ကော့လ်တေး Drink လေးတွေ ပြောပြပေးချင်ပါတယ်။ ပါဝင်ပစ္စည်း ၂ မျိုး သို့မဟုတ် ၃ မျိုးလောက်နဲ့ လွယ်လွယ်ကူကူ ဖျော်စပ်သောက်နိုင်မှာ ဖြစ်ပါတယ်။ ကဲဒါဆို ကွီးတို့ မြည်းစမ်းကြည့်သင့်တဲ့ စျေးသက်သာတဲ့ Drink ၅ မျိုးက ဘာတွေဖြစ်မလဲ ကြည့်လိုက်ရအောင်ပါ။

(၁) Cuba Libre

Photo : A Couple Cooks

Cuba Libre က ရမ် ၊ ကိုလာ ၊ သံပုရာသီး ၃ မျိုးတည်းနဲ့ အလွယ်အကူဆုံး ဖျော်စပ်သောက်နိုင်မယ့် အရသာရှိတဲ့ ကော့လ်တေးတစ်မျိုး ဖြစ်ပါတယ်။ သိမ့်မွေ့ပြေပြစ်တဲ့အရသာနဲ့ လန်းဆန်းစေတဲ့ ခံစားမှုကို ပေးစွမ်းပါတယ်။ Cuba Libre ကော့လ်တေးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်ကနေ ဒီနေ့အထိ လူကြိုက်များနေဆဲ Drink တစ်မျိုးပဲ ဖြစ်ပါတယ်။

(၂) Vodka Cranberry

Photo : A Couple Cooks

Vodka Cranberry ကော့လ်တေးကို Cape Codder လို့လည်း လူသိများပါတယ်။ ပါဝင်ပစ္စည်း ၂ မျိုးတည်းနဲ့ အလွယ်ကူဆုံး ပြင်ဆင်ဖျော်စပ်လို့ ရပါတယ်။ Vodka Cranberry ကော့လ်တေး ဖျော်စပ်ဖို့ နှစ်သက်ရာ Vodka နဲ့ Cranberry Juice တို့ပဲလိုပါတယ်။ လတ်ဆတ်ချိုမြိန်တဲ့အရသာနဲ့ ပေါ့ပေါ့ပါးပါး သောက်လို့ကောင်းတဲ့ ကော့လ်တေးတစ်မျိုးဖြစ်ပါတယ်။

(၃) Dark And Stormy

Photo : A Couple Cooks

Budget နည်းနည်းနဲ့ သောက်လို့ကောင်းတဲ့ Drink တွေလို့ ပြောရင် Dark And Stormy ကော့လ်တေးက မပါမဖြစ်ထည့်ပြောရမှာပါ။ Dark Rum ၊ Ginger Beer ၊ သံပုရာသီး စတဲ့ ပါဝင်ပစ္စည်းများ ၃ မျိုးတည်းနဲ့ ပြင်ဆင်ဖျော်စပ်နိုင်မယ့် အရသာရှိတဲ့ ကော့လ်တေးတစ်ခွက် ဖြစ်ပါတယ်။ Ginger Beer ၂ ဆ ၊ Dark Rum ၁ ဆ ရောစပ်ပြီး သံပုရာသီးလေးနဲ့ တွဲဖက်ပြီး သုံးဆောင်ရမှာ ဖြစ်ပါတယ်။

(၄) Gin Gimlet

Photo : A Couple Cooks

Gin Gimlet က လူကြိုက်များတဲ့ ဂန္ထဝင်ကော့လ်တေးတစ်မျိုး ဖြစ်ပါတယ်။ Gin Gimlet ဖျော်စပ်ဖို့ ပါဝင်ပစ္စည်းများ ၃ မျိုးသာလိုပါတယ်။ အချိန် ၅ မိနစ်လောက်ပေးရုံနဲ့ အရသာရှိပြီး လတ်ဆတ်တဲ့ Gin Gimlet ကော့လ်တေးတစ်ခွက် ဖျော်စပ်သောက်လို့ရမှာ ဖြစ်ပါတယ်။ Gin ၊ သံပုရာသီးနဲ့ Simple Syrup တို့နဲ့ အချိုးကျကျ ပေါင်းစပ်ဖျော်ပြီး Refreshing ဖြစ်စေတဲ့ ကော့လ်တေးရဲ့ အရသာကို ခံစားနိုင်ပါတယ်။

(၅) Kalimotxo (Red Wine & Coke)


Photo : A Couple Cooks

Kalimotxo က ဝိုင်နီနဲ့ Coke ကိုရောစပ်ဖျော်ထားတဲ့ စပိန်ကော့လ်တေး တစ်မျိုးဖြစ်ပါတယ်။ ပါဝင်ပစ္စည်း ၂ မျိုးတည်းနဲ့ အလွယ်တကူဖျော်စပ်နိုင်ပြီး ဝိုင်နီရဲ့စူးရှတဲ့ အရသာနဲ့ Coke ရဲ့ချိုမြိန်မှုတို့ ပေါင်းစပ်ထားတဲ့ ဟန်ချက်ညီတဲ့ ကော့လ်တေးရဲ့ အရသာကို ပေးစွမ်းပါတယ်။ ဝိုင်နီနဲ့ Coke ကို ဆတူရောစပ်ပြီး သံပုယိုသီးတစ်စိပ်နဲ့ အရသာရှိရှိတွဲဖက် သုံးဆောင်နိုင်ပြီ ဖြစ်ပါတယ်။

Featured Photo : Cocktails – LoveToKnow