Jagermeister ကို အရသာ ပြင်းရှရှ ချိုချိုမွှေး Old Fashioned စတိုင် သောက်နည်းလေး မျှဝေပေးချင်ပါတယ်။ ပုံမှန်အားဖြင့် ဂျာမန်ဆေး ဖက်ဝင်အရက်လို့ လူသိများတဲ့ Jagermeister ကို Red Bull ၊ ရေခဲတို့နဲ့ ရောစပ်သောက်လေ့ရှိကြပါတယ်။

အချိုနည်းနည်းပိုကဲပြီး အဆုံးသတ်မှာ ခါးသက်သက် အရသာရှိတဲ့ Jagermeister ကို ကော့လ်တေးတွေထဲမှာလည်း ထည့်ဖျော်လေ့ရှိပါတယ်။ Jagermeister Old Fashioned ကော့လ်တေးက သောက်နေကြ Jager နဲ့ Red Bull အရောအစပ်  Jagerbomb ထက် အရသာပိုမိုဆန်းသစ်ပြီး ပြင်းရှရှ ထိမိတဲ့အရသာကို ပေးစွမ်းပါတယ်။

Photo : A Couple Cooks

Jagermeister Old Fashioned တစ်ခွက်မှာ Rye ဝီစကီ Whiskey ၊ Jagermeister ၊ Angostura Bitters ၊ သကြား တို့အဓိက ပါဝင်ပါတယ်။ ကော့လ်တေး ဖျော်စပ်ဖို့ Lowball Glass တစ်လုံး လိုပါတယ်။

ပထမ အဆင့်အနေနဲ့ အရင်ဆုံးနှစ်သက်ရာ ဖန်ခွက်ထဲမှာ သကြားခဲ ၁ တုံး ( စားပွဲတင်ဇွန်း ၁ ဇွန်း) ၊ Angostura Bitters ၄ စက် တို့ကို ရောထည့်ပြီး သကြားပျော်သွားတဲ့အထိ ကော့လ်တေး Muddler သို့မဟုတ် သစ်သားဇွန်းနဲ့ မွှေပေးပါ။ ပြီးရင် Rye ဝီစကီ Whiskey ၂ အောင်စ ၊ Jagermeister အောင်စဝက်နဲ့ ရေခဲ လက်တစ်ဆုပ်စာတို့ကို ရောထည့်ပြီး အေးခဲလာတဲ့အထိ မွှေပေးရပါမယ်။

Photo : A Couple Cooks

နောက်ဆုံးအဆင့်အနေနဲ့ကတော့ ရေခဲအကြီး ၁ တုံး ထည့်ထားတဲ့ Lowball ဖန်ခွက်ထဲကို မွှေထားတဲ့ ကော့လ်တေးဖျော်ရည် လောင်းထည့်ပါ။ ပြီးရင် အလှဆင်ဖို့ လိမ္မော်ခွံကို ၁ လက်မခန့် ဓားနဲ့လှီးဖြတ်ရပါမယ်။ ဖန်ခွက်ရဲ့အပေါ်ကနေ လိမ္မော်ခွံရဲ့အဆီ နည်းနည်းညှစ်ထည့်ပြီး အနံ့ပိုမွှေးအောင် ခွက်ရဲ့ နှုတ်ခမ်းဝကို လိမ္မော်ခွံနဲ့ ပွတ်ပေးပါ။ ပြီးရင်တော့ လိမ္မော်ခွံကို ဖန်ခွက်ထဲရောထည့်ပြီး ပြင်းရှချိုမွှေး Jagermeister Old Fashioned စတိုင် ကော့လ်တေးတစ်ခွက် အသင့်သုံးဆောင်လို့ ရပြီဖြစ်ပါတယ်။

Featured Photo : Epicurious