ပြီးခဲ့တဲ့ အပတ်က သတင်းပေါက်ကြားခဲ့တဲ့ Oppo ရဲ့ A97 5G ဖုန်း ကို လက်ရှိမှာ တရားဝင်မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ Oppo A97 ဖုန်းမှာ Dimensity 810 SoC မောင်းနှင်ထားပြီး Android 12 အခြေပြု ColorOS 12 ကို အသုံးပြုထားပါတယ်။

Photo : DigitNews

12GB RAM နဲ့ 256GB Storage ပါဝင်ပြီး ဖုန်းရဲ့ Internal Storage ကို 19GB RAM အထိ တိုးချဲ့ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ Oppo A97 ဖုန်းမှာ ၆.၆ လက်မ FullHD+ 90Hz LCD မျက်နှာပြင် တပ်ဆင်ထားပြီး 12MP ဆယ်လ်ဖီ ကင်မရာ ထည့်သွင်းထားတဲ့ Notch တစ်ခု ပါရှိပါတယ်။

ကျောဘက်မှာ 48MP ပင်မကင်မရာကို 2MP Depth ယူနစ်ကင်မရာနဲ့ တွဲဖက်တပ်ဆင် ပေးထားပါတယ်။ 5G Support ပေးထားတဲ့ Oppo A97 ဖုန်းမှာ 33W Charging စနစ်နဲ့ 5,000 mAh ဘက်ထရီ ပါလာပြီး 3.5 mm နားကြပ်ပေါက် ၊ USB Type-C အားသွင်း Port နဲ့ ဘေးဘက်မှာ Fingerprint ၊ စတီရီယို စပီကာတွေ တပ်ဆင်ပေးထားပါတယ်။

Photo : GSMArena.com

Oppo A97 5G ဖုန်း ကို အပြာနဲ့ အနက်ရောင် ၂ မျိုး ထုတ်လုပ်ထားပြီး လက်ရှိ တရုတ်မှာ ယွမ် ၂,၀၉၉  (ဒေါ်လာ ၃၁၂/ ယူရို ၃၁၁/ မြန်မာငွေ ၅ သိန်း ၈ သောင်းခန့်) ဈေးပေါက်နေပါတယ်။

Oppo ရဲ့ တရားဝင် တရုတ်ဝက်ဘ်ဆိုဒ် သို့မဟုတ် JD.com ကနေတဆင့် ကြိုတင်အော်ဒါ လုပ်ထားနိုင်ပြီး နောက်ပိုင်းမှာ Oppo A97 5G ဖုန်းကို ယွမ် ၂,၂၉၉ (ဒေါ်လာ ၃၄၁/ ယူရို ၃၄၀ / မြန်မာငွေ ၆ သိန်း ၄ သောင်းခန့်) နဲ့ ရောင်းချပေးသွားမယ်လို့ သိရပါတယ်။ Pre-order တင်ထားတဲ့ ဖုန်းတွေကို ဇူလိုင် ၁၅ ရက်နေ့မှာ စတင်ပို့ဆောင်မှာ ဖြစ်ပြီး တခြားဈေးကွက်တွေမှာ ဝယ်လို့ ရမရဆိုတာကိုတော့ မသိရသေးပါဘူး။

Featured Photo : NoypiGeeks