အကြီးစား ဘက်ထရီနဲ့ Gaming စွမ်းဆောင်ရည်ပါ Poco ဖုန်း တစ်လုံး ထွက်ရှိလာပါတယ်။ Poco X4 GT ကို Redmi Note 11T Pro ရဲ့ Rebranded Version လို့ ဆိုကြပါတယ်။ MediaTek Chip ၊ Refresh Rate အမြင့်စား Display နဲ့ ထိပ်တန်းအဆင့် အမြန်အားသွင်းစနစ်တွေ ပါတဲ့ ဒီဖုန်းဟာ Mid-Ranger တွေထဲမှာတော့ အထက်တန်းက ပြောရမယ့်ဖုန်းတစ်လုံးပါ။ Poco X4 GT ဟာ Screen Size ၆.၆ လက်မ IPS LCD Panel သုံးထားပြီး FHD+ ရုပ်ထွက် ၊ 650 Brightness Nits ပါရှိပါတယ်။ Display မှာ ကာလာ Options ပေါင်း သန်း ၁ ထောင် ၊ DC Dimming နဲ့ Dolby Vision အထောက်အပံ့တွေ ပေးထားပါတယ်။

poco-x4-gt

Photo : lowyat.net

Gaming ဖုန်း တစ်လုံးအတွက် Poco ဖုန်းတွေထဲမှာ အမြန်ဆုံး Refresh Rate ဖြစ်တဲ့ 144Hz Display ၊ 270Hz Touch Sampling Rate တို့လည်း ပါလာပါတယ်။ ဖုန်းကို မောင်းနှင်နေတဲ့ Chipset ကို အပူသက်သာဖို့အတွက် X3 GT ထက် ၃၂% ပိုကြီးတဲ့ LiquidCool Technology 2.0 အပူစီမံစနစ်ပါ Vapor Chamber စနစ် သုံးလာပါတယ်။ ဒါတင်မကဘဲ အပေါ်မှာ ဂရပ်ဖိုက် ၇ လွှာပါ ထည့်ပေးထားပါတယ်။

MediaTek Dimensity 8100 SoC ဟာ TSMC ရဲ့ 5nm Process နဲ့ ထုတ်ထားတဲ့ Mid-Range Chipset ဖြစ်ပြီး Mali-G610 MC6 GPU တစ်ခုနဲ့ တွဲသုံးထားတာပါ။ ဒီ Chipset ဟာ Snapdragon 870 SoC ထက်တောင် Benchmark Score မှာ ပိုသာတဲ့ ရလဒ်တွေ ပြထားတဲ့ Processor ဖြစ်ပါတယ်။ MediaTek Dimensity 8100 SoC နဲ့အတူ LPDDR5 RAM 8GB ၊ UFS 3.1 128GB Storage ဗားရှင်းနဲ့ 256GB ဗားရှင်းဆိုပြီး ထွက်ထားပါတယ်။

Poco X4 GT မှာ 3.5mm Headphone Jack ပြန်ပါလာတဲ့အပြင် အသံစနစ်ကိုလည်း Dolby Atmos ထောက်ခံချက်ရ စပီကာနှစ်လုံးနဲ့ ထုတ်လုပ်ပေးသွားမှာပါ။ ဘက်ထရီပါဝါ 5080mAh ဟာ 67W Charging စနစ်နဲ့ လာပြီး အားအပြည့်သွင်းဖို့အတွက် ၄၆ မိနစ်ပဲ အချိန်ယူမယ်လို့ ဆိုပါတယ်။

gsmarena

Photo : GSMArena

ကင်မရာအနေနဲ့ ရှေ့ဘက် 20MP Selfie နဲ့ ကျောဘက် 64MP + 8MP ၁၂၀ ဒီဂရီ Ultrawide Lens နဲ့ 2MP Macro Camera တို့ သုံးထားပါတယ်။ ဖုန်း လုံခြုံရေးအတွက် ဘေးဘောင်လက်ဗွေခလုတ်တပ်ဆင်ထားပြီး X-Axis Linear Motor လည်း ပါရှိပါတယ်။

Wireless Connectivity အနေနဲ့ 5G ၊ Wi-Fi 6 (ax) ၊ BlueTooth 5.3 ၊ NFC နဲ့ IR Blaster တစ်ခု ပါဝင်ပါတယ်။ Poco X4 GT ကို အနက် ၊ အပြာ နဲ့ ငွေရောင် ၃ မျိုးနဲ့ လာပြီး 8/128GB ဗားရှင်းကို ယူရို ၃၈၀ (မြန်မာငွေ ၇ သိန်းခွဲကျော်) ၊ 8/256GB ဗားရှင်းကို ပေါင် ၄၃၀ (မြန်မာငွေ ၈ သိန်းခွဲကျော်) ဈေးနဲ့ ရောင်းချသွားမှာပါ။

Featured Photo: lowyat.net