ကွီးတို့ရေ Exercise ကို အခုမှစလုပ်လို့ ဖြစ်စေ၊ ပြင်းပြင်းထန်ထန်လုပ် ခြင်းကြောင့်ဖြစ်စေ၊ ကြွက်သားတွေ ရောင်ရမ်းပြီး နာကျင်တတ်ပါတယ်။ ပုံမှန်အားဖြင့် လေ့ကျင့်ခန်း လုပ်ပြီးနောက် ကြွက်သားတွေ နာကျင်ရောင်ရမ်းတာက ၂၄ နာရီကနေ ၄၈ နာရီအတွင်း အနားယူပြီးနောက် သက်သာသွားလေ့ရှိပါတယ်။ ဒါပေမဲ့ ၄၈ နာရီကျော်လို့မှ ကြွက်သား နာကျင်တာ မပျောက်ဘူးဆိုလို့ရှိရင် ဒါမှမဟုတ် ပိုပြီးပြင်းထန်လာတယ်ဆိုရင် ကြွက်သား ဒဏ်ရာရသွားတဲ့ အခြေအနေဖြစ်ပါတယ်။ အကယ်၍ ကွီးတို့က လေကျင့်ခန်းလုပ်နေစဥ် အတွင်းမှာလည်း ကြွက်သားတွေ တင်းမာမှု သို့မဟုတ် နာကျင်မှု ရှိလာမယ်ဆိုရင်လည်း ကြွက်သားဒဏ်ရာရှိနေတဲ့ ရှေ့ပြေးလက္ခဏာ တစ်ခုပါပဲ။ ဒီလို ဖြစ်လာပြီဆိုရင် တကယ်ကို သတိထားစရာ ဖြစ်ပါတယ်။ ဒါကြောင့် ကွီးတို့ကို Exercise လုပ်ပြီးနောက် ကြွက်သားရောင်ရမ်းခြင်းနှင့် နာကျင်ခြင်းကို သက်သာစေမဲ့ နည်းလမ်းကောင်းလေးတွေကို လိုက်နာ ကျင့်သုံးနိုင်ဖို့ ဝေမျှပေးချင်ပါတယ်။
(၁) ရေခဲအိတ် သို့မဟုတ် ရေနွေးအိတ် ကပ်ပေးပါ
Photo : Times of India
ကွီးတို့ အတွက် Exercise လုပ်ပြီးနောက် ကြွက်သားရောင်ရမ်းခြင်းနဲ့ နာကျင်ခြင်းကို သက်သာစေမဲ့ အလွယ်ဆုံးနည်းလေးကတော့ ရေခဲအိတ်ကပ်တာပဲဖြစ်ပါတယ်။ လေ့ကျင့်ခန်း လုပ်ပြီးနောက် ကွီးတို့ရဲ့ ကြွက်သားနဲ့ အဆစ်တွေရောင်ရမ်းတာက ပြင်းထန်ပါက ထိုနေရာမှာ ရေခဲအိတ်ကို မျက်နှာသုတ်ပါဝါအပါး တစ်ထည်ခံပြီး ၁၅ မိနစ်ခန့်ကပ်ပေးပါ။ ထိုနည်းဖြင့် ရောင်ရမ်းနာကျင်ခြင်းကို သက်သာစေပါတယ်။ အကယ်၍ ကွီးတို့က လေကျင့်ခန်းလုပ်ရုံဖြင့် ရောင်ရမ်းခြင်းမရှိဘဲ ကြွက်သားနာကျင်မှုပဲ ရှိပါက ရေနွေးအိတ်ကို ၁၅ မိနစ်ခန့်ကပ်ပေးပါ။ သွေးလည်ပတ်မှုကိုလည်း အားကောင်းစေပါတယ်။ ကြွက်သား နာကျင်မှုကိုလည်း သက်သာစေပါတယ်။
(၂) အကြောလျော့ပါ
Photo : Planet Fitness
ပြင်းထန်သော Exercise လုပ်ပြီးနောက် ကြွက်သားများနာကျင်ခြင်းနှင့် ရောင်ရမ်းခြင်းကို ကာကွယ်ရန် အကြောလျော့ပါ။ လေ့ကျင့်ခန်းမလုပ်ခင်မှာ လက်ကိုလွှဲပြီး လှည့်ပတ်ခြင်းစတဲ့ ရိုးရှင်းတဲ့ လှုပ်ရှားမှုတွေနဲ့ ခန္ဓာကိုယ်ကို ပူနွေးအောင်လုပ်ဖို့ မမေ့ပါနဲ့။ ဒါမှမဟုတ် ဖြည်းဖြည်းချင်း လမ်းလျှောက်ပြီး ဖြည်းဖြည်းချင်း အရှိန်မြှင့်ဖို့ မမေ့ပါနဲ့။ အကြောမလျော့ဘဲ လေ့ကျင့်ခန်းလုပ် ခြင်းကလည်း ကြွက်သားရောင်ရမ်းခြင်းနှင့် နာကျင်ခြင်းကို ဖြစ်စေတဲ့ အဓိက အကြောင်းအရင်းတစ်ခုလည်း ဖြစ်ပါတယ်။
(၃) လမ်းလျှောက်ခြင်း၊ ရေကူးခြင်းကဲ့သို ပေါ့ပါးတဲ့ လေ့ကျင့်ခန်းတွေကို လုပ်ပါ
Photo : Guy Counseling
ကွီးတို့ရဲ့ ကြွက်သားတွေ ရောင်ရမ်းနာကျင်လာပြီ ဆိုပြီး လေ့ကျင့်ခန်းလုပ်ခြင်းကို ရပ်တန့်ပစ်တာမျိုး မလုပ်ပါနဲ့။ လေ့ကျင့်ခန်းလုပ်ပြီးရင် ကြွက်သားတွေနာတာကို ခံစားရတာက ကွီးတို့ရဲ့ ကြွက်သားတွေကို ဆွဲဆန့်ပြီး တဖြည်းဖြည်း သန်မာလာတယ်ဆိုတဲ့ လက္ခဏာပါပဲ။ သင်၏ ကြွက်သားများ ရေကူးခြင်း သို့မဟုတ် လမ်းလျှောက်ခြင်း ကဲ့သို့သော ပေါ့ပါးတဲ့ လေ့ကျင့်ခန်းများ လုပ်ခြင်းဖြင့် lactic acid တည်ဆောက်မှုကို အရှိန်မြှင့်ပေးခြင်း ဖြင့် ကြွက်သားရောင်ရမ်းမှုနဲ့ နာကျင်မှုကို တစ်ဖြည်းဖြည်း သက်သာလာစေမှာပါ။
(၄) ရေနွေးနွေးဖြင့် ရေချိုးပါ
Photo : The Bathtubber
Exercise လုပ်ပြီးနောက် ကြွက်သားရောင်ရမ်းခြင်းနှင့် နာကျင်ခြင်းကို သက်သာစေမဲ့ နောက်ထပ် နည်းလမ်းကောင်းလေးကတော့ ရေနွေးနွေးလေးဖြင့် ရေချိုးလိုက်တာပဲ ဖြစ်ပါတယ်။ ရေနွေးနွေးဖြင့် ရေချိုးခြင်းက တင်းကြပ်နေတဲ့ ကြွက်သားများကို ပြေလျော့စေပြီး သွေးလည်ပတ်မှုကို အားကောင်းစေသောကြောင့် ကြွက်သားနာကျင် ရောင်ရမ်းမှု ကို ယာယီအားဖြင့် သက်သာရာရစေပါတယ်။ ထို့အပြင် စိတ်ရော ကိုယ်ပါ ပြန်လည်လန်းဆန်းစေပါတယ်။ ထို့နောက် ကြွက်သားများကို ညင်သာစွာနှိပ်နယ် ပေးခြင်းအားဖြင့်လည်း ကြွက်သားနာကျင်ခြင်းကို သက်သာစေပါတယ်။
ယခု ဖော်ပြပေးလိုက်တာကတော့ ကွီးတို့အတွက် Exerciseလုပ်ပြီးနောက် ကြွက်သားရောင်ရမ်းခြင်းနှင့် နာကျင်ခြင်းကို သက်သာစေမဲ့ နည်းလမ်းကောင်းလေးတွေပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ကွီးတို့ Exercise လုပ်ပြီးနောက် ကြွက်သားရောင်ရမ်းခြင်းနှင့် နာကျင်ခြင်းက ၄၈ နာရီကျော်၍ ဖြစ်စေ၊ အထက်ပါနည်းလမ်းလေးများနှင့် လည်းမသက်သာပါက ဆရာဝန်နှင့် အမြန်ဆုံးပြပါ။ ထို့အပြင် အသက်ရှုရခက်ခြင်း၊ အဖျားကြီးခြင်း၊ ကြွက်သားအားနည်းခြင်း ၊ လည်ပင်းတောင့်ခြင်းတို့နဲ့ ကြွက်သားများ နာကျင်လာပါက လည်း ဆရာဝန်နှင့် အမြန်ဆုံးပြသဖို့ တိုက်တွန်းလိုက်ပါတယ်။
Source : Health x Change.sg
Featured Phot : Menshealth