ယနေ့ခေတ် ဖက်ရှင် ရေစီးကြောင်းမှာ နေကာမျက်မှန် ဝတ်ဆင်ခြင်းကလည်း မပါမဖြစ်တဲ့ အချက်ပါပဲ။ နေကာမျက်မှန်ဝတ်ဆင် ခြင်းက ဖက်ရှင် တစ်ခုတည်း အတွက်သာမက ကွီးတို့ မျက်လုံးလေးများကို ပူပြင်းလှတဲ့ နေရောင်မှာ ပါဝင်တဲ့ ခရမ်းလွန် ရောင်ခြည်တွေကိုလည်း ကာကွယ်ပေးတဲ့အတွက် ကွီးတို့မျက်လုံး ကျန်းမာရေးကိုလည်း အကူအညီဖြစ်စေပါတယ်။ ဒီနေ့မှာတော့ ကွီးတို့ အတွက် နေကာမျက်မှန်ကို စတိုင်ကျကျ တပ်ဆင်ဖို့ ကွီးတို့ သိထားသင့်တဲ့ အချက် များ တွေကို မျှဝေပေးချင်ပါတယ်။

(၁) မျက်နှာကျပုံစံနဲ့လိုက်ဖက်တဲ့ နေကာမျက်မှန်ကို ရွေးချယ်ပါ

နေကာမျက်မှန်ကို-ကွီးတို့

Photo : Pinkvilla

မျက်နှာကျ ပုံစံက တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။ ဒါကြောင့် နေကာမျက်မှန်ကို ရွေးချယ်တဲ့နေရာမှာ ကွီးတို့ အနေနဲ့ ပထမဆုံး အချက် ကတော့ ကိုယ့်မျက်နှာကျပုံစံကို သေချာသိရှိပြီး မှန်ကန်တဲ့ အရွယ်အစားကို ရွေးချယ်ဖို့လိုပါတယ်။ မျက်မှန်ကိုင်းတွေကို လည်း ကိုယ့်မျက်နှာနဲ့ အနေတော်ဖြစ်မဲ့ဟာကို ရွေးချယ်ရပါမယ်။ ဒီအချက် ကအရေးကြီးပါတယ်။ အရမ်းကျပ်လွန်းချောင်လွန်းတာမျိုး မဖြစ်ပါစေနဲ့။ ထို့နောက် သက်တောင့်သက်သာဖြစ်ဖို့ ကလည်း အရေးကြီးပါတယ်။

(၂) လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ နေကာမျက်မှန်ကို ရွေးချယ်ပါ

နေကာမျက်မှန်ကို-ကွီးတို့

Photo : Olympic Eyewear

ကွီးတို့ နေကာမျက်မှန်ကို စတိုင်လ်ကျကျ ဝတ်ဆင်ဖို့အတွက် ကွီးတို့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ဒီဇိုင်းမျိူးကို ရွေးချယ်ဖို့ လိုပါတယ်။ ကွီးတို့ ဝတ်ဆင်မဲ့နေရာ၊ သို့မဟုတ် ဝတ်ဆင်မဲ့အချိန်ကလည်း ကွီးတို့ နေကာမျက်မှန် ရွေးချယ်မှုအပေါ် သက်ရောက်မှုရှိပါတယ်။ ဥပမာအားဖြင့် ကွီးတို့က ခရီးသွားတဲ့အခါ၊ ကမ်းခြေမှာ အပန်းဖြေတဲ့အခါ စသည်ဖြင့် ခဏတာ ဝတ်ဆင်ဖို့လား။ ဒါမှမဟုတ်နေ့တိုင်း ကားမောင်းရင်း ဝတ်ဆင်ဖို့လားဆိုတာပေါ်မူတည်ပြီး သေချာရွေးချယ်ရပါမယ်။

(၃) နေကာမျက်မှန်အရောင်ကို ရွေးချယ်ပါ

နေကာမျက်မှန်ကို-ကွီးတို့

Photo : Eeywear Gallery

ကွီးတို့အနေနဲ့ နေကာမျက်မှန် ရွေးချယ်တဲ့နေရာမှာ အရောင်ကိုလည်း သေချာရွေးချယ်ရပါမယ်။ နေကာမျက်မှန် ရဲ့ အရောင်ကို ရွေးချယ်တဲ့နေရာမှာ ကွီးတို့မှာ ရှိတဲ့ အဝတ်အစားတွေကို ထည့်သွင်း စဉ်းစားဖို့လိုရုံသာမက  နေကာမျက်မှန်နဲ့ တွဲဖက်ဝတ်ဆင်မဲ့ အဝတ်အစားတွေကိုပါ စဉ်းစားထားဖို့ လိုပါတယ်။ အနက်ရောင် မှန်ဘီလူးနဲ့ နေကာမျက်မှန် တွေက အဝတ်အစားတော်တော်များများနဲ့လိုက်ဖက်ပြီး ပယင်းရောင်၊ အညိုရောင် ၊အပြာရောင်နဲ့ အစိမ်းရောင် တွေကလည်းလူကြိုက်များတဲ့ ရွေးချယ်မှုမှာ ပါပါတယ်။

(၄) ထိုနောက် ပုံစံကို ရွေးချယ်ပါ

Sunglassess

Photo : La Magie kids

နေကာမျက်မှန်ရဲ့ ပုံစံကိုရွေးချယ်တဲ့နေရာမှာ ကွီးတို့အကြိုက်နဲ့ ယုံကြည်ချက်ရှိစေခြင်း၊ ကွီးတို့ရဲ့ အသွင်အပြင်ကို ပိုမိုကောင်းမွန်ခြင်း တို့ကိုပါ ထည့်သွင်း စဉ်းစားဖို့ လိုလာပါပြီ။ နေကာမျက်မှန် ပုံစံ ဒီဇိုင်းတွေကလည်း မျိုးစုံရှိတဲ့ အတွက် ကွီးတို့သေချာ ရွေးချယ်ဖို့ လိုပါတယ်။ ကွီးတို့က လေးနက်တောက်ပတဲ့ပုံစံကို ကြိုက်ပါသလား၊ ဒါမှမဟုတ် ပေါ့ပေါ့ပါးပါး နဲ့ စတိုင်လ် ကျစေတာမျိုးလား။ ဒါတွေအကုန်လုံးက မျက်မှန်ရဲ့ ပုံသဏ္ဍန်ပေါ်မှာ မူတည်သွားမှာပါ။

(၅) မျက်လုံးအတွက် ထည့်သွင်းစဉ်းစားပါ

Sunglassess

Photo : Shutterstock

ကွီးတို့ရေ နေကာမျက်မှန်တွေက စတိုင်လ်ကျစေတဲ့အပြင် မျက်လုံးကိုပါ ကာကွယ်ပါတယ်။ ဒါကြောင့် မျက်လုံးကို အန္တရာယ်ရှိစေတဲ့ Rays တွေကနေ အပြည့်အဝ ကာကွယ်နိုင်တဲ့ အမျိုးအစားဖြစ်ရပါမယ်။ ကွီးတို့ အရမ်းသဘောကျနေတဲ့ မျက်မှန် အမျိုးအစားက မျက်လုံးကို မကာကွယ်နိုင်ဘူးဆိုရင် ကြည့်ကောင်းဖို့ တစ်ခုတည်းနဲ့အတွက် မရွေးချယ်သင့်ပါဘူး။ မျက်လုံးလေးတွေကို အပြည့်အဝ ကာကွယ်ပေးနိုင်ပြီး ကွီးတို့ အကြိုက်ဖြစ်တဲ့အထိ ဆက်လက်ရွေးချယ်ပါ။

အခုဖော်ပြပေးလိုက်တာကတော့ နေကာမျက်မှန်ကို စတိုင်ကျကျတတ်ဆင်ဖို့ ကွီးတို့ သိထားသင့်တဲ့ အချက်များပဲ ဖြစ်ပါတယ်။

Source : Unionbay

Featured Photo : Tatler Asia