Gym သွားကာ အလေးမ လေ့ကျင့်ခန်းတွေ ပြုလုပ်နေပေမယ့် ထူးခြားတဲ့ရလာဒ်တွေ မမြင်ရဘူးလို့ ခံစားနေရပါသလား။ ဒါဆိုရင်တော့ ကွီးတို့ရဲ့ ပြုလုပ်ပုံနည်းစနစ်တွေက မှားယွင်းနေတာမျိုးဖြစ်နိုင်ပါတယ်။ ဒီဆောင်းပါးလေးထဲမှာတော့ အလေး မ လေ့ရှိတဲ့ ကွီး တိုင်း သိထားသင့်တဲ့ ဆောင်ရန် ရှောင်ရန်လေးတွေကို ဝေမျှပေးသွားမှာပဲဖြစ်ပါတယ်။

အခုဖော်ပြပေးသွားမယ့်အချက်များကို အလေး မ လေ့ကျင့်ခန်း များနဲ့ သေချာတွဲလုပ်ကြည့်လိုက်တဲ့အခါ ကွီး တို့အတွက် သိသာထင်ရှားတဲ့ရလာဒ်များကို တမဟုတ်ချင်းမြင်တွေ့ရပါလိမ့်မယ်။

အာဟာရညီညွှတ်မျှတစွာ စားသုံးပါ

အလေး မ ကွီး

ကာဘိုဟိုက်ဒြိုက်ဓာတ်၊ ပရိုတင်းဓာတ်များ၊ ငါးကြီးဆီ၊ အစေ့အဆံများမှ ရရှိတဲ့ သဘာဝအဆီဓာတ်များကို မှီဝဲဖို့မမေ့ပါနဲ့။ ဟင်းသီးဟင်းရွက်များ၊ သစ်သီးဝလံများကိုလည်း မျှမျှတတစားသုံးဖို့လိုအပ်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွှတ်ပြီး အာဟာရညီညွှတ်မျှတစွာ စားသုံးမှသာလျှင် ကွီးတို့လိုချင်တဲ့ ရလာဒ်ကို အချိန်တိုအတွင်း ရရှိနိုင်မှာဖြစ်ပါတယ်။

လေးလံလွန်းတဲ့ အလေးများ မခြင်းကို ရှောင်ကြဉ်ပါ

အလေး မ ကွီး

ကွီးတို့ရဲ့ ကြွက်သားနှင့် အရိုးများသည် သူ့ခံနိုင်ရည်နဲ့သူရှိပါတယ်။ လေးလံလွန်းတဲ့ အလေး များ မ တဲ့အခါ ကွီးတို့ရဲ့ ခန္ဓာကိုယ်မှာ အတွင်းဒဏ်များ ဖြစ်ပေါ်နိုင်ပြီး ကြွက်သားဆဲလ်များ ပျက်စီးသွားနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ရဲ့ခံနိုင်ရည်အားကို သေချာလေ့လာပါ။ လေးလံလွန်းတဲ့ အလေးများ မခြင်းကို ရှောင်ကြဉ်ပါ။ လေ့ကျင့်ခန်း ပြုလုပ်ပြီးတဲ့အခါမှာလည်း သေသေချာချာ အားပြန်ဖြည့်ကာ အနားယူဖို့ မမေ့ပါနဲ့။

Cardio လေ့ကျင့်ခန်းတွေကိုလည်း မမေ့ပါနဲ့

အလေး မ ကွီး

ကြွက်သားမျာ ထွက်ချင်ဇောနဲ့ အလေး မ လေ့ကျင့်ခန်းတွေပဲ ပြုလုပ်မယ့်အစား ကွီးတို့သည် Cadio လေ့ကျင့်ခန်းများပါ ပေါင်းစပ်ပြုလုပ်မယ်ဆိုရင်တော့ ပိုမိုကောင်းမွန်တဲ့ရလာဒ်တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ပြေးခြင်း၊ လမ်းအမြန်လျှောက်ခြင်း၊ စက်ဘီးစီးခြင်းတွေကတော့ အကောင်းဆုံး Cardio လေ့ကျင့်ခန်းတွေပဲဖြစ်ပါတယ်။

ဖြည့်စွက်စာများကိုလည်း မှီဝဲပါ


ကြွက်သားများ ကျစ်ကျစ်လျစ်လျစ်နဲ့ တောင့်တင်းတဲ့ခန္ဓာကိုယ်မျိုး ပိုင်ဆိုင်ချင်တဲ့ ကွီးတို့အနေနဲ့ ဖြည့်စွက်စာများသည်လည်း အရေးပါတဲ့အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ ပရိုတင်းဖြည့်စွက်စာများ၊ အားဆေးများ မှီဝဲပေးခြင်းအားဖြင့် ခွန်အားများ တိုးပွားလမှာဖြစ်ပြီး အလေး မ လေ့ကျင့်ခန်းမာျးကိုလည်း ကွီး တို့အနေနဲ့ Performance ကေငာ်းကောင်းနဲ့ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

သင့်ရဲ့နှလုံးခုန်နှုန်းကိုလည်း အမြဲတစေ စစ်ဆေးပါ

သင့်ရဲ့နှလုံးခုန်နှုန်းကိုလည်း အမြဲတစေ စစ်ဆေးပါ

ယခုခေတ်မှာ စမတ်နာရီလေးတွေ လေ့ကျင့်ခန်းပြုလုပ်တဲ့ နာရီလေးတွေက ကွီးတို့ရဲ့ အားကစား လုပ်ဆောင်တဲ့အကြိမ်ရေကို တိုင်းတာပေးဖို့ ကူညီပေးနိုင်ပါတယ်။ ကိုယ့်ရဲ့နှလုံးခုန်နှုန်းက ဘယ်လောက်ရှိသလဲ။ လေ့ကျင့်ခန်း ပြုလုပ်နေစဉ်မှာ နှလုံးခုန်နှုန်း အရမ်းမြင့်မားခြင်းသည်လည်း နှလုံးကျန်းမာရေးအတွက် မကောင်းတာကြောင့် အမြဲဆိုသလို စောင့်ကြည့်နေဖို့လိုအပ်ပါတယ်။ ကြွက်သားတွေ ထွက်လာဖို့အတွက်ပဲ အာရုံမစိုက်သင့်ပါဘူး။ ကိုယ့်ရဲ့နှလုံးကျန်းမာရေးကိုလည်း သေချာဂရုစိုက်သင့်ပါတယ်။

ရေဓာတ်ပြည့်ဝစွာ နေထိုင်ပါ

ရေဓာတ်ပြည့်ဝစွာ နေထိုင်ပါ

လေ့ကျင့်ခန်းပြုလုပ်တဲ့အခါ ချွေးကနေတဆင့် ခန္ဓာကိုယ်ရဲ့ ရေဓာတ်တွေ ဆုံးရှုံးသွားတတ်ပါတယ်။ ဒီလိုမျိုး ကုန်ဆုံးသွားတဲ့ရေဓာတ်ကို ပြန်လည်ဖြည့်တင်းပေးဖို့ရန်အတွက် ရေသောက်ပေးဖို့လိုအပ်ပါတယ်။ လေ့ကျင့်ခန်းပြုလုပ်နေစဉ်မှာတော့ အာဆွတ်ရုံလောက်သာ ရေကို နည်းနည်းချင်းစီ သောက်သုံးပေးရမှာဖြစ်ပါတယ်။ မောလွန်းလို့ဆိုပြီး ရေတွေ တဝကြီးသောက်သုံးတဲ့အခါ အသက်ရှူလမ်းကြောင်း ရုတ်တရက်ပိတ်ဆို့သွားကာ အသက်အန္တရာယ် ထိခိုက်နိုင်တာမျိုးဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် ဒီအချက်ကိုလည်း သေချာရှောင်ကြဉ်သင့်ပါတယ်။

ကွီးတို့အနေနဲ့ အခုဖော်ပြသွားတဲ့ ဆောင်ရန် ရှောင်ရန်များကို သေချာလိုက်နာမယ်ဆိုရင်တော့ ထူးခြားတဲ့ရလာဒ်တွေကို ချက်ချင်းမြင်တွေ့ရမှာပဲဖြစ်ပါတယ်။

Source: Mensjournal

Featured Image: Mensjournal