အားကစားချစ်သူတွေထဲမှာ စက်ဘီးစီးခြင်းကို ဝါသနာပါတဲ့ ကွီးတို့လည်း ရှိကြမှာပါ။ ဒီဆောင်းပါးလေးကတော့ စက်ဘီးစီးရတာကို နှစ်သက်ပြီး အတော်ဆုံး စက်ဘီး အားကစားသမား တွေအကြောင်း စိတ်ဝင်စားတဲ့ ကွီးတို့အတွက်ပဲ ဖြစ်ပါတယ်။
ကမ္ဘာ့နာမည်အကြီးဆုံးနှင့် အတော်ဆုံး စက်ဘီး အားကစားသမား (၁၀) ယောက်က ဘယ်သူများဖြစ်မလဲ။
Tadej Pogacar

သူ ဝင်ပြိုင်သမျှ ပြိုင်ပွဲအားလုံးနီးပါးမှာ အနိုင်ရအောင် ယှဉ်ပြိုင်နိုင်တဲ့ အတော်ဆုံး စက်ဘီး အားကစားသမား တစ်ယောက်ပါ။ သူ့ကို ၁၉၉၈ ခုနှစ်၊ စက်တင်ဘာလ၊ ၂၁ ရက်နေ့က မွေးဖွားခဲ့တာဖြစ်ပြီး ၂၀၂၀ ခုနှစ်က Tour de France စက်ဘီးပြိုင်ပွဲနှင့် ၂၀၂၁ ခုနှစ်က ကျင်းပတဲ့ ပြိုင်ပွဲမှာပါ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ နှစ်နှစ်စလုံးမှာ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
Julian Alaphilippe

အသက် ၃၀ ရှိပြီဖြစ်တဲ့ ပြင်သစ်လူမျိုး စက်ဘီးစီးသမားတစ်ယောက်ပဲ ဖြစ်ပါတယ်။ Vélo d’Or လို့ခေါ်တဲ့ စက်ဘီးပြိုင်ပွဲအတွက် ရွှေတံဆိပ်ဆုအပြင် အခြားသော ဆုတံဆိပ်ပေါင်းများစွာကိုလည်း ဆွတ်ခူးရရှိခဲ့သူတစ်ယောက်ပါ။
Primoz Roglic

သူကတော့ စလိုဗေးနီးယန်းလူမျိုး စက်ဘီးသမားပဲဖြစ်ပါတယ်။ သူသည် စက်ဘီးအားကစားသမားအဖြစ် မလုပ်ကိုင်ခင်က စကိတ်စီးသမားနှင့် စကိတ်အမြင့်ခုန်ပြိုင်ပွဲများတွင် ဝင်ရောက်ရှိပြိုင်ခဲ့တာ ဖြစ်ပါတယ်။ သို့သော် မတော်တဆမှုကြောင့် စကိတ်လောကထဲက ထွက်ခဲ့ရပြီး စက်ဘီးလောကထဲသို့ ဝင်ရောက်ခဲ့တာပါ။
Wout van Aert

သူကတော့ ဘယ်လ်ဂျီယံလူမျိုး စက်ဘီးအားကစားသမားပဲဖြစ်ပါတယ်။ ကမ္ဘာ့ စက်ဘီးချန်ပီယံရှစ်ပြိုင်ပွဲများတွင် ၂၀၁၆ ၊ ၂၀၁၇ ၊ ၂၀၁၈ ခုနှစ်များတွင် ဝင်ပြိုင်ခဲ့ရာ သုံးနှစ်စလုံး အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
Mathieu van der Poel

အသက် ၂၇ နှစ်ရှိပြီဖြစ်တဲ့ စက်ဘီးအားကစားသမားတစ်ယောက်ဖြစ်ပါတယ်။ သူသည် ရိုးရိုးစက်ဘီးပြိုင်ပွဲများသာမက တောင်တက်စက်ဘီးပြိုင်ပွဲများတွင်လည်း အနိုင်ရအောင် ယှဉ်ပြိုင်နိုင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။
Tom Pidcock

သူကတော့ အင်္ဂလိပ်လူမျိုး အားကစားသမားပဲဖြစ်ပါတယ်။ သူသည် ၂၀၂၀ နွေရာသီ အိုလံပစ်ပြိုင်ပွဲများတွင်လည်း ဆုတံဆိပ်ရအောင် ယှဉ်ပြိုင်ခဲ့သူတစ်ယောက်ပါ။ Cyclo-Cross စက်ဘီးပြိုင်ပွဲ ၊ လမ်းမထက် စက်ဘီးပြိုင်ပွဲနှင့် တောင်တက်လမ်း စက်ဘီးပြိုင်ပွဲများတွင်ပါ ကျွမ်းကျင်စွာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူတစ်ယောက်ပါ။
Richard Carapaz

သူကတော့ ၁၉၉၃ ခုနှစ်၊ မေလ ၂၉ ရက်နေ့မှာ အီကွေတောနိုင်ငံတွင် မွေးဖွားခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်မှာ ကျင်းပတဲ့ Giro d’Italia ပြိုင်ပွဲတွင် အနိုင်ရရှိခဲ့တဲ့ ပထမဦးဆုံးသော အီကွေတောလူမျိုးတစ်ယောက်ဖြစ်ပါတယ်။
Mark Cavendish

အသက် ၃၇ နှစ်ရှိပြီဖြစ်တဲ့ စက်ဘီးအားကစားသမားတစ်ယောက်ဖြစ်ပါတယ်။ သူသည် ၂၀၂၁ ခုနှစ်က ကျင်းပတဲ့ Tour de France ပြိုင်ပွဲတွင် အဆင့် လေးဆင့်စလုံးကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပြီး အရင့်အရင်နှစ်တွေက ပြိုင်ပွဲဝင်တွေရဲ့ စံချိန်ကို ချိုးနိုင်ဖို့ရန်အတွက် အဆင့် တစ်ဆင့်သာ လိုသွားတာဖြစ်ပါတယ်။
Sepp Kuss

အမေရိကန် စက်ဘီးစီးသမားတစ်ယောက်ဖြစ်ပြီး စက်ဘီးပြိုင်ပွဲများအားလုံးတွင်လည်း အနိုင်မခံ အရှုံးမပေးဘဲ ဝင်ရောက်ယှဉ်ပြိုင်လေ့ရှိတဲ့ အားကစားသမားတစ်ဦးဖြစ်ပါတယ်။
Brandon McNulty

နောက်ထပ် အမေရိကန် ကျွမ်းကျင်ကစားသမားကတော့ Brandon McNulty ပဲဖြစ်ပါတယ်။ သူသည်လည်း စက်ဘီးအားကစားကို နှစ်သက်ခုံမင်သူတစ်ယောက်ဖြစ်ပြီး ပြိုင်ပွဲများစွာမှာ အနိုင်ရ ဗိုလ်စွဲခဲ့သူတစ်ယောက်ပါ။ အသက် ၂၄ နှစ်သာရှိသေးပြီး အငယ်တန်း စက်ဘီးစီပြိုင်ပွဲတွင်လည်း သူ့ကို ကျော်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
Source: Bicycling
Featured Image: Road
