ဇိမ်ကျကျနဲ့ ဂိမ်း ဆော့ဖို့ဆိုရင် စွမ်းဆောင်ရည်မြင့်မားတဲ့ လက်ပ်တော့၊ အမိုက်စားကီးဘုတ်နှင့် Wireless Mouse များသည် မရှိမဖြစ်လိုအပ်တဲ့အရာတွေပဲဖြစ်ပါတယ်။
ကွီးတို့ဆီမှာ အမိုက်စားလက်ပ်တော့တစ်လုံးလည်းရှိပြီဆိုရင်တော့ ဂိမ်း ဆော့ရာမှာ အထာကျကျနဲ့ ဆော့ကစားနိုင်အောင် ကူညီပေးမယ့် Wireless Mouse များ လိုအပ်လာပြီပဲဖြစ်ပါတယ်။
ဘယ်လိုအမျိုးအစားများကို ရွေးချယ်ရမလဲ မသိဘူးဆိုရင်တော့ အခုဖော်ပြပေးမယ့် ပစ္စည်းများကို ရွေးချယ်နိုင်ပါတယ်။
Razer Naga Pro

Photo: Geek Culture
ဒီပစ္စည်းလေးကတော့ ခြုံငုံကြည့်ရင် အကောင်းဆုံး ပစ္စည်းအဖြစ် သတ်မှတ်ခံထားရတာ ပစ္စည်းတစ်ခုဖြစ်ပါတယ်။ ဘက္ထရီသက်တမ်းကတော့ နာရီ ၁၅၀ ကျော်ကြာ ခံပါတယ်။ Function မျိုးစုံ ပါဝင်တဲ့အတွက်ကြောင့် ဂိမ်းသမားတွေ အကြိုက်တွေ့ကြမယ့်ပစ္စည်းတစ်ခုပါ။
Logitech G305 Lightspeed

Photo: RTINGS.com
ဂိမ်းဆော့ရာမှ မြန်ဆန်အောင် ကူညီပေးမယ့် နောက်ထပ် Wireless Mouse တစ်ခုကတော့ Logitech G305 Lightspeed ပဲဖြစ်ပါတယ်။ သူ့ရဲ့အားနည်းချက်ကတော့ AA ဘက္ထရီများထည့်ကာ အသုံးပြုရခြင်းပဲဖြစ်ပါတယ်။
Logitech G502 Lightspeed

Photo: Lifewire
ဒီပစ္စည်းမှာကျတော့ ခလုတ် စုစုပေါင်း ၁၁ ခုတောင် ပါရှိတာဖြစ်ပါတယ်။ ဂိမ်းဆော့ရတာ သက်သောင့်သက်သာရှိပြီးတော့ အမိုက်စားခံစားချက်ကို ခံစားရစေမှာအမှန်ပါပဲ။ ဘက္ခရီ သက်တမ်းကတော့ နာရီ ၄၀ အထားခံပြီး အားပြန်သွင်းကာ အသုံးပြုနိုင်ပါတယ်။
Corsair Dark Core RGB Pro

Photo: Business Insider
ဒီ Wireless Mouse ကျပြန်တော့ မီးရောင်စုံလေးတွေ ပါဝင်တော့ ဂိမ်းဆော့ရသူများအဖို့ ဘဝင်ခိုက်သွားမှာအမှန်ပါပဲ။ သူသည်လည်း ခလုတ်စုစုပေါင်း ၈ ခု ပါဝင်ပြီး ဘက္ထရီကတော့ နာရီ ၅၀ ကျော်ကြာ အသုံးခံပါတယ်။
Razer Viper V2 Pro

Photo: WePC
ဖြူဖြူသန့်သန့်လေးကိုမှ ကြိုက်နှစ်သက်တဲ့ ကွီးတို့အတွက်တော့ Razer Viper V2 Pro လေးရှိပါတယ်။ သူကတော့ ခလုတ်စုစုပေါင်း ၆ ခု ပါဝင်ပြီး ဘက္ထရီကလည်း တော်တော်ကြာကြာခံပါတယ်။ ဂိမ်းဆော့ဖို့အတွက်ဆိုရင်တော့ ရှယ်ပါပဲ။
Source: Gamesradar
Featured Image: Theverge
