တစ်နေ့ထက်တစ်နေ့ နည်းပညာများ ဖွံ့ဖြိုးတိုးတတ်လာတာနဲ့ အမျှ မော်ဒယ်မြင့် Electronic ပစ္စည်းတွေကလည်း စျေးကွက်မှာ ပိုမိုစုံလင်လာပါတယ်။ ကုမ္ပဏီများကလည်း ၎င်းတို့ရဲ့ ကုန်အမှတ်တံဆိပ်ကို ပိုမိုကောင်းမွန်အောင် ကြိုးစားလာကြပါတယ်။ ထို့အတူ Laptop တစ်လုံးကို ဝယ်ယူမယ်ဆိုရင် စျေးကွက်ထဲမှာ တံဆိပ်မျိုးစုံ၊ စျေးနှုန်းမျိုးစုံ နဲ့ Features မျိုးစုံ နဲ့ ရွေးချယ်စရာမျိုးစုံ ရှိပါတယ်။ ကွီးတို့ရော ဒီနှစ်ထဲမှာ Laptops ဝယ်ဖို့ အစီအစဉ်ရှိပါသလား။ ဒါဆိုရင်တော့ Laptop ဝယ်မဲ့ကွီးတို့ ရွေးချယ်နိုင်ဖို့ ၂၀၂၂ ခုနစ်အတွက် အကောင်းဆုံး Laptops များ ကိုဖော်ပြချင်ပါတယ်။

၂၀၂၂ ခုနှစ်အတွက် အကောင်းဆုံး Laptops တွေကဘာတွေပါလဲ။

(၁) Apple MacBook Air M2

၂၀၂၂ အကောင်းဆုံး Laptops

Photo : The Wall Street Journal

Laptop ဝယ်မဲ့ ကွီးတို့ရေ ဒီနှစ်ထဲမှာ အကောင်းဆုံး Laptops များကို ပြောပါဆိုရင် Apple MacBook Air M2 ကတော့ ထိပ်တန်းရွေးချယ်စရာတစ်ခုပါပဲ။ ဒီဇိုင်းအသစ်နဲ့ ပိုကျယ်သော မျက်နှာပြင် ၁၃.၆ လက်မရှိပြီး (ယခင်က ၁၃.၃လက်မ) ပိုမိုမြန်ဆန်သော M2 Chip ပါဝင်ပါတယ်။ Ram 8 GB နဲ့ Storage 256 GB SSD ပါရှိပါတယ်။ Apple ချစ်သူကွီးတွေအတွက်တော့ ၂၀၂၂ ခုနှစ်အတွက် ရွေးချယ်စရာ အကောင်းဆုံး Laptop ဖြစ်ပါတယ်။ စျေးနှုန်းကတော့ ဒေါ်လာ ၁,၁၉၉ ကနေ စတင်ပါတယ်။

(၂) Dell XPS 13 (9310)

၂၀၂၂ အကောင်းဆုံး Laptops

Photo : Dell

Dell XPS 13(9310) ကတော့ သူ့ရဲ့ ကျစ်လစ်တဲ့ ဒီဇိုင်း၊ စွမ်းဆောင်ရည်နဲ့ အရွယ်အစားအရ သယ်ဆောင်ရတာ ပေါ့ပါးလွယ်ကူတဲ့အတွက် အကောင်းဆုံး Laptops တွေထဲမှာ အကောင်းဆုံး ထည့်သွင်းရွေးချယ်စရာ တစ်ခုဖြစ်ပါတယ်။ သူရဲ့ မျက်နှာပြင်ကတော့ ၁၃.၄ လက်မ အကျယ်ရှိသော Non-Touch ဖြစ်ပြီး  Storage အနေနဲ့ကတော့ 256 GB SSD ပါဝင်ပါတယ်။ ထို့အပြင် Intel Core i5-1135G7 Processor နဲ့အတူ  RAM က 8GB ပါရှိပါတယ်။ Dell XPS 13 (9310) ရဲ့ အလေးချိန်က ၂.၆၄ ပေါင်သာရှိသောကြောင့် တကယ်ကို ပေါ့ပေါ့ပါးပါးနဲ့ သယ်ဆောင်ရလွယ်ကူစေမှာပါ။ သူရဲ့ စျေးနှုန်းကတော့ ဒေါ်လာ ၁,၂၇၄ ခန့်ကျသင့်မှာ ဖြစ်ပါတယ်။

(၃) Lenovo Yoga 7i (14 Inches)

၂၀၂၂ အကောင်းဆုံး Laptops

Photo : RTINGS.com

Lenovo Yoga 7i (14 Inches) ဟာ ပါးလွှာပြီး အလေးချိန်ကလည်း ၃ ပေါင်သာရှိသောကြောင့် ရုံးအလုပ် ဒါမှမဟုတ် ပညာရေးမှာ အသုံးချဖို့ Laptop လိုနေတဲ့ ကွီးတို့အတွက် မှန်ကန်တဲ့ ရွေးချယ်မှုပါ။ သူရဲ့မျက်နှာပြင်ကတော့ ၁၄ လက်မ အကျယ်ရှိပြီး Ram 8 GB ပါရှိပါတယ်။ Storage အနေနဲ့ကတော့ 256 GB SSD ပါရှိပါတယ်။ Processor အနေနဲ့ Intel iCore5-1135G7 ဖြစ်ပါတယ်။ စျေးနှုန်းကတော့ ဒေါ်လာ ၉၀၀ ဝန်းကျင်ခန့်သင့်မှာ ဖြစ်ပါတယ်။

(၄) Apple Macbook Air (M1,2020)

Macbook Air M1

Photo : TeachRader

Apple ထဲကပဲ နောက်ထပ်ရွေးချယ်စရာတစ်ခုကကတော့ Apple Macbook Air (M1,2020) ဖြစ်ပါတယ်။ သူ့ရဲ့ မျက်နှာပြင်က ၁၃.၃ လက်မ ဖြစ်တာကြောင့် နောက်အသစ်ထွက်ထားတဲ့ Macbook Air M2 ထက်တော့ အနည်းငယ်သေးပါတယ်။ Ram အနေနဲ့ကတော့ Macbook Air M2 နည်းတူ 8GB ပါရှိပြီး Storage ကလည်း 256 GB SSD ပါရှိပါတယ်။ စျေးနှုန်း အားဖြင့်တော့ ဒေါ်လာ ၉၉၉ ခန့်သာ ကျသင့်မှာဖြစ်ပါတယ်။

(၅) HP Pavillion Aero 13

HP

Photo : Gadget Flow

၂၀၂၂ ခုနှစ်အတွက် အကောင်းဆုံး Laptops များ ထဲမှာ ဒေါ်လာ ၉၀၀ အောက်ဆိုရင်တော့ HP Pavilion Aero 13 ကရွေးချယ်စရာအကောင်းဆုံးထဲက တစ်ခုပါ။ သူ့ရဲ့ မျက်နှာပြင်အကျယ်က ၁၃.၃ လက်မရှိပြီး Ram အနေနဲ့ ကတော့ 8G ပါရှိပါတယ်။ အလေးချိန်အနေနဲ့ ၂ ပေါင်သာပါရှိတာကြောင့် သယ်ဆောင်ရတာ တကယ်ကို ပေါ့ပါးလွယ်ကူပါတယ်။

အခု ဖော်ပြပေးလိုက်တာကတော့ Laptop ဝယ်မဲ့ကွီးတို့ ရွေးချယ်နိုင်ဖို့ ၂၀၂၂ ခုနှစ်အတွက် အကောင်းဆုံး Laptops များ ပဲဖြစ်ပါတယ်။ Laptops ဝယ်ဖို့ စဉ်းစား ရွေးချယ်နေတဲ့ ကွီးတို့အတွက် အထောက်အကူပြုဖို့ မျှော်လင့်ပါတယ်။

Source : CNET

Featured Photo : Apple