ကွီး ကိုယ်ပိုင် သုံးဖို့ဘဲ ဖြစ်ဖြစ် ရုံးသုံးဘဲ ဖြစ်ဖြစ် ကွန်ပျူတာ တစ်လုံးဝယ်မယ်ဆိုရင် မှန်ကန်တဲ့ ရွေးချယ်ဝယ်ယူခြင်းဖြစ်ဖို့ လိုအပ်ပါတယ်။ ဒါမှလည်း စိတ်ကျေနပ်မှုကို ရရှိမှာ ဖြစ်ပါတယ်။ ကွန်ပျူတာ ဝယ်ရာမှာ ရွေးချယ်စရာ အများကြီးရှိသလို စဉ်းစားရမဲ့ အချက်တွေလည်း အများကြီး ရှိပါတယ်။ ဘာအတွက် သုံးမလဲ၊ သေသေချာချာ မစိစစ်ခဲ့ရင် ငွေကုန် အချိန်ကုန် နောက်ပိုင်း စိတ်အနှောက်အယှက် ဖြစ်စေပါတယ်။ ဒါကြောင့် ကွန်ပျူတာ ဝယ်မယ်ဆိုရင် သိထားရမဲ့ အချက်များကို ပြောပြပါမယ်။
၁။ အွန်လိုင်း သို့မဟုတ် ဆိုင်မှာ ဝယ်ယူမှာလား

Photo : Computer Technician
ကွီးတို့ အနေနဲ့ အွန်လိုင်းမှ ကွန်ပျူတာ တစ်လုံး ဝယ်မယ်ဆိုရင် ပစ္စည်းကို မမြင်ရပေမဲ့ သက်ဆိုင်တဲ့ သတင်းအချက်အလက် အားလုံးကို ရနိုင်ပါတယ်။ ကွန်ပျူတာ အမျိုးအစား လည်ပတ်ပုံ အားသာချက် အားနည်းချက်တွေ ဈေးနှုန်းတွေ နှိုင်းယှဉ် စဉ်းစားနိုင်ပါမယ်။ သုံးစွဲဖူးသူတွေရဲ့ ထောက်ခံတင်ပြချက်တွေကိုလည်း အွန်လိုင်းကနေ ရှာဖွေနိုင်ပါတယ်။ ဒါပေမဲ့ ကွန်ပျူတာ လက်တွေ့ အလုပ်လုပ်ပုံ၊ ထိတွေ့မျက်နှာပြင် စတာတွေကို သိနိုင်ဖို့ အတွက်တော့ အရောင်းပြခန်းနဲ့ စတိုးဆိုင်တွေကို သွားရောက်ဖို့တော့ လိုပါလိမ့်မယ်။
၂။ ကွန်ပျူတာ ရဲ့ လည်ပတ်မှုစနစ်ကို ရွေးချယ်ပါ

Photo : Technotification
Computer Operating System နဲ့ ပတ်သက်ပြီး ကွီးအနေနဲ့ Desktop သို့မဟုတ် Laptop Computer ဘာသုံးမလဲဆိုတာ သိဖို့လိုပါတယ်။ လုပ်ငန်းသဘာဝအပေါ် မူတည်ပြီး ဘယ်လည်ပတ်မှု စနစ်က အကောင်းဆုံးလဲ ဆိုတာ ဆုံးဖြတ်ရပါမယ်။ ဘယ်လို Software တွေက ကွီးတို့ရဲ့ နေ့စဉ်လုပ်ငန်းအတွက် အသုံးတည့်မလဲ ဆိုတာသေချာ ရွေးချယ်ပါ။ ကွီးရဲ့ Smartphone’s Operating System နဲ့ အဆင်ပြေ မပြေဆိုတာလည်း ရွေးချယ်ရပါမယ်။
၃။ Desktop ဝယ်မှာလား၊ Laptop ဝယ်မှာလား

Photo : Best Buy Blog
ယနေ့အချိန်မှာတော့ Desktop နှင့် Laptop ကွန်ပျူတာများဟာ တူညီသောစွမ်းရည်များ ရှိနေပါပြီ။ Desktop ကွန်ပျူတာအများစုဟာ ယခင်ကထက် သေးငယ်လာပြီး စွမ်းဆောင်ရည် မြင့်လာပါပြီ။ Desktop ရှိခြင်းရဲ့ အကျိုးကျေးဇူးကတော့ Laptop ကွန်ပျူတာထက် ပြုပြင်ရန်နဲ့ အဆင့်မြှင့်တင်ရန် ပိုမိုလွယ်ကူပါတယ်။ သို့သော် ကွီးအနေနဲ့ ခရီးထွက်တဲ့အခါ သုံးမယ်ဆိုရင် Laptop ကို ရွေးချယ်ရပါမယ်။
၄။ Processor ကို ရွေးပါ

Photo : Teach Advisor
Central Processing Unit (CPU) လို့ခေါ်တဲ့ Processor ဟာ ကွန်ပျူတာ၏ ဗဟိုချက် ဖြစ်ပါတယ်။ ၎င်းဟာ ဦးနှောက်ကဲ့သို့ လုပ်ဆောင်ကာ တွက်ချက်မှုဆိုင်ရာ လုပ်ငန်းစဉ်အားလုံးကို လုပ်ဆောင်ပေးပါတယ်။ Processor ပိုမြန်လေ၊ ပရိုဂရမ်တွေကို အမြန်ဆုံး လုပ်ဆောင်နိုင်လေ ဖြစ်ပါတယ်။ Gigahertz (GHz) နှင့် Core အရေအတွက်များလေ၊ Processor က ပိုမြန်လေဖြစ်ပါတယ်။
၅။ RAM ဘယ်လောက်ထိ ပါအောင် ဝယ်မလဲ

Photo : PC World New Zealand
Random Access Memory (RAM) ဟာ ကွန်ပျူတာရဲ့ အလုပ်လုပ်မှု နဲ့ အမြန်နှုန်းကို သက်ရောက်မှုရှိနိုင်ပါတယ်။ ဂစ်ဂါဘိုက် (GB) ဖြင့် တိုင်းတာသော RAM သည် အသုံးအများဆုံး ကွန်ပျူတာ မှတ်ဉာဏ် အမျိုးအစားဖြစ်ပါတယ်။ RAM မြင့်လေ၊ ကွန်ပျူတာသည် ဤပရိုဂရမ်များကို စီမံခန့်ခွဲနိုင်လေလေ ဖြစ်ပါတယ်။ ကွန်ပျူတာ၏ သတ်မှတ်ချက်များအပေါ် မူတည်၍ ရနိုင်သော RAM ပမာဏမှာ အကန့်အသတ်များရှိပါတယ်။ ကွီးတို့အနေနဲ့ RAM ပမာဏများစွာ လိုအပ်လား၊ မလိုအပ်ဘူးလား ဆိုတာ သတိပြုရန် အရေးကြီးပါတယ်။ ကွီးအနေနဲ့ အများဆုံးအသုံးပြုသည့် ဆော့ဖ်ဝဲ၏ သတ်မှတ်ချက်များကို ကြည့်ရှုပြီး RAM လိုအပ်ချက်ကို သတ်မှတ်နိုင်သလို ပြန်လည်ပြင်ဆင်နိုင်ပါတယ်။
၆။ အရံပစ္စည်းများတွေ အလွယ်တကူ ရနိုင်မှာလား

Photo : Amazon.com
ကွီး အနေနဲ့ ကွန်ပျူတာ ဝယ်မယ်ဆိုရင် ၎င်းရဲ့ ဆက်စပ်ပစ္စည်းတွေကိုလည်း သိထားဖို့ လိုပါတယ်။ CD/DVD Drive, USB ကေဘယ်ကြိုးများအပါအဝင် SD ကတ်ဖတ်စက်, VGA နှင့် Ethernet ချိတ်ဆက်မှု လိုအပ်လာရင် ရနိုင်ဖို့ လိုအပ်ပါတယ်။
ကဲ ကွီးတို့ရေ ဈေးကြီးပြီး လုပ်ငန်းအတွက် မရှိမဖြစ်လိုတဲ့ ကွန်ပျူတာ ဝယ်မယ်ဆိုရင် သိထားရမဲ့ အချက်တွေကို သိနိုင်ပြီမလို့ အထောက်အကူ ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။
Featured Photo : Okcredit
