ကွီးတို့အနေနဲ့ တစ်ခါတစ်ရံမှာ နိုင်ငံခြားကို တစ်ယောက်တည်း ခရီးသွားရတတ်ပါတယ်။ ခရီးသွားရင်း ကွီးရောက်နေတဲ့ မြို့မှာ Night Out ထွက်ချင် နေမှာပါ။ ဒါကြောင့် နိုင်ငံခြားမှာ Night Out ထွက်မယ် ဆိုရင် ကွီးတို့အနေနဲ့ သိထားသင့်တဲ့အချက်တွေကို ပြောပြပေးပါမယ်။

၁။ လုံခြုံရေးသည် ပထမ ဦးစားပေးဖြစ်ပါစေ

နိုင်ငံခြားမှာ Night Out

Photo : Safe Place

ကွီးအနေနဲ့ နိုင်ငံခြားမှာ သို့မဟုတ် အကျွမ်းတဝင် မရှိသေးတဲ့ မြို့တွေမှာ Night Out ထွက်မယ်ဆိုရင် အရင်ဆုံး လုံခြုံရေးကို သတိပြုရပါမယ်။ ဘာကြောင့်လဲဆိုရင် အသိအမိတ်ဆွေ မရှိသေးတဲ့အတွက် အန္တရာယ်တစ်စုံတစ်ရာကျရောက်ပါက ကွီးအနေနဲ့ အကူအညီတောင်းဖို့ ခက်ပါလိမ့်မယ်။ “ကာကွယ် ခြင်းသည် ကုသခြင်းထက် ပိုကောင်းသည်” ဟု ဆိုတဲ့စကားအတိုင်း  မှောင်မိုက်နေတဲ့  လမ်းများနှင့် လမ်းသွယ်ပေါ်မှာ တည်ရှိတဲ့  နိုက်ကလပ်များနှင့် မှောင်ရိပ်ကျသော အရောင်းအဝယ် နေရာများကို ရှောင်ပါ။ အချို့နေရာများက အလွန်အန္တရာယ်များတဲ့အတွက် မည်သည့်နိုက်ကလပ်ကိုမဆို မသွားခင် သေသေချာချာ လေ့လာပါ။ ကွီးတို့ရဲ့  တရားဝင် ID စာရွက်စာတမ်းများကို ဂရုစိုက်ပါ။

၂။ ဘားမှာ မှာထိုင်ပါ

နိုင်ငံခြားမှာ Night Out

Photo : Horseshoe Grille

ဘားမှာထိုင်ခြင်းဖြင့် ကွီးအတွက် အခြားသူများနှင့် အပေါင်းအသင်း ဖြစ်ဖို့ အခွင့်အရေး ရပါလိမ့်မယ်။ သိကျွမ်းရတဲ့ တခြားသူတွေကြောင့်  ဘေးကင်းစေပါတယ်။

၃။ ဒေသဘာသာစကားကို နားလည်အောင် ကြိုးစားပါ

Bar

 

Photo : Storyblocks

ဒေသခံတွေရဲ့ နေ့စဉ်သုံးစကားတွေကို နားလည်တတ်ကျွမ်းခြင်းက ကွီးအတွက် ဆက်သွယ်ရေး လွယ်ကူစေပြီး အကူအညီတွေ ရနိုင်ပါတယ်။ တစ်စုံတစ်ဦးရဲ့ အကြံအစည်ကိုလည်း  အလွယ်တကူ နားလည်နိုင်ပြီး အန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ပါတယ်။

၄။ အရက်ကို ချင့်ချိန်သောက်ပါ

နိုင်ငံခြားမှာ Night Out

Photo : The Economics Times

ကွီးအနေနဲ့  အထူးသဖြင့် ညဘက်တွင် နိုင်ငံခြားမှာ Night Out ထွက်မယ် ဆိုရင် အရက်ကို ချင့်ချိန်သောက်ပါ။

၅။  ဖုန်းကို လုံခြုံအောင် ထားပါ

နိုင်ငံခြားမှာ Night Out

Photo : Brightline Technologies

နိုင်ငံခြားမှာ Night Out ထွက်မယ် ဆိုရင် ဖုန်းကိုလည်း ဂရုပြုပါ။ ကွီးရဲ့ ဖုန်းမှာ အရေးကြီးတဲ့ ဖုန်းအဆက်အသွယ်နံပါတ်တွေ၊ အခြားအချက်အလက်တွေ ရှိတဲ့အတွက် နိုင်ငံခြားမှာ ရှိနေစဉ်မှာ ကွီးအတွက် အကြီးမားဆုံး ပံ့ပိုးမှုပါပဲ။ ဒါကြောင့် ကွိးရဲ့ဖုန်းကို  လုံခြုံအောင်ထားခြင်းက  ကွီးအတွက် ဦးစားပေးဖြစ်သင့်ပါတယ်။ ဒေသဆိုင်ရာ အရေးပေါ် ဖုန်းနံပါတ် တွေကို မှတ်သားပြီး တစ်စုံတစ်ခုကို အန္တရာယ်ရှိနိုက်တယ်လို့ ခံစားရသည်နှင့် ၎င်းတို့ကို ဖုန်းခေါ်လိုက်ပါ။

၆။ အသွားအပြန်အတွက် စီစဉ်ထားပါ

taxi

Photo : Small Business Bonfire

ကွီးအနေနဲ့ Night Out ထွက်လျှင် အသွားအပြန်အတွက် စီစဉ်ထားပါ။ ဒါမှမဟုတ် ကွီးကို ပို့ဆောင်ပေးရန်နဲ့ ပြန်လည်ပို့ဆောင်ရန် ယုံကြည်ရတဲ့ သူတစ်ဦး အကူအညီတောင်းပြီး စီစဉ်ထားပါ။ ဒါမှမဟုတ် ကွီးတို့အနေနဲ့ Grab ဒါမှမဟုတ် Uber ကဲ့သို့သော Taxi Service များကို သုံးပါ။ ကိုယ်တိုင်ကားမောင်းခြင်းကို ရှောင်ကြဉ်ပါ။

ကွီးတို့ရေ တစ်ကိုယ်တော်ခရီးထွက်ပြီး နိုင်ငံခြားမှာ Night Out ထွက်မယ်ဆိုရင် သိထား သင့်တဲ့အချက်တွေထဲက အချို့များကို သိထားခြင်းဖြင့် ကွီးတို့ ဘေးကင်းလုံခြုံရေးအတွက် အထောက်အကူပြုမှာပါ။

Featured Photo : Bestinau