တစ်ပတ်တာ ပင်ပန်းနွမ်းနယ်မှုတွေကို ဖြေဖျောက်ဖို့အတွက် ကွီးတို့ ဘော်ဒါတွေဆုံပြီး ပျော်ပျော်ပါးပါး စားသောက်မလား။  ပါတီဖြစ်စေ၊ ကလပ်ကိုဖြစ်စေ ဘော်ဒါအားလုံးစုံနိုင်တဲ့ ညဘက်မှာ သွားကဲကြမှာလား။ ဒါမှမဟုတ် ကွီးတို့ အနေနဲ့ ကိုယ်မသိတဲ့နေရာမှာဖြစ်ပါစေ၊ နိုင်ငံခြား သွားလည်ရင်းနဲ့ ဖြစ်ပါစေ၊ Night Out ထွက်ဖို့ စဉ်းစားနေပါသလား။ ဒီလို အစီအစဉ်ရှိတယ်ဆိုရင်တော့ ကွီးတို့ဘေးကင်း လုံခြုံရေးအတွက်လည်း အလေးထားပြီး ထည့်သွင်းစဉ်းစားထားဖို့ လိုပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ ကွီးတို့ကို Night Out ထွက်တဲ့အခါ ဘေးကင်းလုံခြုံစေဖို့ ကွီးတို့သတိထား လိုက်နာရမဲ့အချက်တွေကို ဖော်ပြပေးချင်ပါတယ်။

Party

Photo : Shutterstock

Night Out ထွက်တဲ့အခါ ဘေးကင်းလုံခြုံစေဖို့ ကွီးတို့ လိုက်နာ ရမဲ့အချက်တွေ ကတော့………

(၁) ကွီးတို့အနေနဲ့ Night Out အနေနဲ့ ကလပ်သွားသည်ဖြစ်စေ၊ ဘားသွားသည်ဖြစ်စေ အုပ်စုလိုက်သွားပါ။ ကလပ်ခန်းမ အတွင်းမှာလည်း တစ်ယောက်တည်းခွဲထွက်သွားခြင်း ကိုရှောင်ပါ။ အရေးပေါ်အတွက်အချင်းချင်း အချက်ပြမှုတွေလုပ်နိုင်အောင်ကြိုတင် စီစဉ်ထားပါ။ ကွီးတို့ ယုံကြည်ရပြီး၊ ကောင်းစွာသိတဲ့သူများနဲ့ အနီးကပ်နေခြင်းက ကွီးတို့ကို မကောင်းသောသူများ၏ ပစ်မှတ်ထားခံရနိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ ကွီးတို့အတွက် ဘာသာစကား၊ နေရာဒေသကိုစိမ်းတဲ့နေရာမျိုးမှာဆို ပိုသတိထားသင့်ပါတယ်။

(၂) Night Out ထွက်ရင် ဘေးကင်းလုံခြုံစေဖို့ နောက်ထပ် လိုက်နာရမဲ့ အချက်ကတော့ အဖျော်ယမကာကို အလွန်အကျွံ မသောက်မိဖို့ပါပဲ။ ကွီးတို့ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး စားသောက်ချင်လို့ Night Out ထွက်တာမှန်ပါတယ်။ ဒါပေမဲ့ အရက်သောက်တဲ့အခါ သတိရှိပြီး ကိုယ့်ခံနိုင်ရည် အားကိုမကျော်လွန်ပါစေနဲ့။ အရက်အလွန်အကျွံသောက်ခြင်းက ကွီးတို့ ကိုယ်တိုင်အတွင် အန္တရာယ်များသည်သာမက အခြားသူများအတွက်ပါ အနှောင့်အယှက် ဖြစ်စေတတ်ပါတယ်။ ထို့အပြင် အခြားသူများနဲ့ ခိုက်ရန်ဖြစ်ပွားသည် အထိ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကွီးတို့ သူငယ်ချင်းတွေပါ အလွန်အကျွံမဖြစ်အောင် ထိန်းသိမ်းပေးပါ။ အပျော်ဖြစ် လို့ရပါတယ်၊ ဒါပေမဲ့ အပျက် မဖြစ်အောင် သတိထားပါ။ နိုင်ငံခြား သို့မဟုတ် ကိုယ်မသိတဲ့နေရာ စိမ်းမှာဆိုရင် ဒီအချက်ဟာ ကွီးတို့ Night Out ထွက်ရင် ဘေးကင်းလုံခြုံစေဖို့ လိုက်နာသင့်တဲ့ အရေးကြီးဆုံး အချက်တစ်ချက်ပါ။

Night Out ဘေးကင်းလုံခြုံစေဖို့ လိုက်နာ

Photo : Party Conclusions

(၃) ကွီးတိုရဲ့ ဖုန်း၊ ပိုက်ဆံအိတ်၊ ID ကဒ်၊ ယာဉ်မောင်းလိုင်စင်စတဲ့ ပစ္စည်းတွေကိုသတိထားပါ။ ဒီပစ္စည်းတွေဟာ မကြာခဏ ခိုးယူခံရတတ်၊ ပျောက်တတ်တဲ့ ပစ္စည်းတွေပဲ ဖြစ်ပါတယ်။ မူးနေပါက ပိုပြီးပျောက်ရှဖို့ လွယ်ကူလို့ သတိပြုရပါမယ်။ ကွီးတို့ အနေနဲ့ ထိုပစ္စည်းတွေကို အိတ်အသေးထဲထည့်ပြီး ကိုယ်နဲ့မကွာရှိပါစေ။ အကောင်းဆုံးကတော့ ကွီးတို့အတွက် တန်ဖိုးရှိတဲ့ပစ္စည်းတွေကို ယူမသွားတာ အကောင်းဆုံးပါပဲ။ ထိုပစ္စည်းတွေကြောင့် ကွီးတို့ အန္တရာယ်ရှိနိုင်လို့ပဲ ဖြစ်ပါတယ်။

(၄) ကွီးတို့ Night Out ထွက်လျှင် အမြဲတမ်း အသွားအပြန်အတွက် စီစဉ်ထားပါ။ ဒါမှမဟုတ် ကွီးတို့ကို ပို့ဆောင်ပေးရန်နဲ့ ပြန်လည်ပို့ဆောင်ရန် ယုံကြည်ရတဲ့ သူတစ်ဦး အကူအညီတောင်းပြီး စီစဉ်ထားပါ။ ကွီးတို့အနေနဲ့ Grab ဒါမှမဟုတ် Uber ကဲ့သိုသော Taxi Service များကို သုံးပါ။ အပိုစရိတ် အနည်းငယ် ကုန်နိုင်သော်လည်း ဘေးကင်းစွာ အိမ်ပြန်ရောက်ဖို့က ပိုအရေးကြီးပါတယ်။ အထူးသတိထားရမဲ့ အချက်ကတော့ ကွီးတို့က Night Out မှာ အယ်လ်ကိုဟော သောက်သုံးဖို့ ရာခိုင်နှုန်းများသဖြင့် Night out ထွက်တဲ့သူအားလုံး ကိုယ်တိုင်ကားမောင်းခြင်းကို ရှောင်ကြဉ်ပါ။

Night Out ဘေးကင်းလုံခြုံစေဖို့ လိုက်နာ

Photo : TD Stories

(၅) နောက်တစ်ချက်ကတော့ ကွီးတို့ သူငယ်ချင်းတွေ ပြန်မဲ့အချိန်နဲ့ ကိုကြိုတင်တိုင်ပင်ထားပါ။ ထိုနောက် ပြန်ဆုံရမဲ့ စုရပ်ကိုလည်း သေချာပြင်ဆင် သတ်မှတ်ထားသင့်ပါတယ်။ ဒါမှသာ ကွီးတစ်ယောက်တည်း ကျန်ခဲ့တာမျိုး သို့မဟုတ် အခြားတစ်ယောက်ယောက် ကျန်ခဲ့တာမျိုးမဖြစ်မှာပါ။ ကွီးတို့အနေနဲ့ မှောင်နေသေးတဲ့ အချိန်မှာ တစ်ယောက်တည်း စောပြန်သွားမျိုး လုံးဝကိုရှောင်ရပါမယ်။ လမ်းပေါ်မှာလည်း ကွီးတို့အတွက် မမျှော်လင့်တဲ့ အန္တရာယ်တွေ တွေ့ကြုံနိုင်လို့ ဖြစ်ပါတယ်။

(၆) Night Out ထွက်ရင် ကလပ်လို ဘားလိုနေရာမျိုးကို အများဆုံးသွားကြပါတယ်။ ထိုနေရာမျိုးက သောက်စားပျော်ပါးကြတဲ့ နေရာများဖြစ်တဲ့အတွက် ရန်ပွဲများ ဖြစ်ပွားတတ်ပါတယ်။ ကွီးတို့အနေနဲ့ ထိုရန်ပွဲများသို့ ဝင်ပါခြင်း ကိုရှောင်ပါ။ ရန်ပွဲ ဒါမှမဟုတ် ခိုက်ရန်ဖြစ်ပွားခြင်းတွေ့ရှိပါက ဘား၊ ကလပ်မှ တာဝန်ရှိသူများ၊ လုံခြုံရေးများ နဲ့နောက်ဆုံးအဆင့် အနေဖြင့်ရဲကို အကြောင်းကြားပါ။

Saafety Tips

Photo : Thiessen Law Firm

အခုဖော်ပြပေးလိုက်တာကတော့ Night Out ထွက်တဲ့အခါ ဘေးကင်းလုံခြုံစေဖို့ ကွီးတို့ လိုက်နာ သင့်တဲ့ အချက်များ ပဲဖြစ်ပါတယ်။ ဒီအချက်များကို သိရှိထားပြီးလိုက်နာခြင်းဖြင့် ကွီးတို့အတွက် နေရာစိမ်းမှာဖြစ်စေ၊ နိုင်ငံခြားမှာဖြစ်ပါစေ Night Out ထွက်တဲ့အခါ ဘေးကင်းလုံခြုံစေပြီး ပျော်ရွှင်စရာကောင်းတဲ့ အချိန်လေး ပိုင်ဆိုင်နိုင်မှာပါ။

Source : Crimes Stoppers

Featured Photo : Timeout